Ad Code

Responsive Advertisement

English Speaking – Job Expressions (10)



လူတိုင်းလူတိုင်းမှာ အားသာချက် အားနည်းချက်တွေ ရှိပါတယ် ၊ အားသာချက်တွေကို ထင်ရှားပေါ်လွင်အောင် ဘယ်လိုဖေါ်ကျူးမလဲ အားနည်းချက်တွေကို ပါးပါးနပ်နပ် ဘယ်လိုလှပ်ပြမလဲ ဆိုတာ ၀ါကျတွေကို ဖတ်ကြည့်လိုက်ပါ ၊ စာပိုဒ်တွေလို ဖြစ်နေတဲ့ အထဲကနေ လိုတဲ့စာကြောင်းလေးတွေ ယူပြီး အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ် ၊ အဆက်အစပ်နဲ့ ဆက်ပြောတဲ့စကားတွေကို သူ့အတိုင်းပဲ ဘာသာပြန်လိုက်ပါတယ် ၊ တစ်ကြောင်းစီ ပြန်ခွဲလိုက်လျင် အဆက်အစပ်မိတော့မှာ မဟုတ်လို့ပါ ။ အရေးနဲ့ အပြော နည်းနည်းကွာတာလေးတွေလည်း တွေ့မိပါတယ် ၊ ဒီစာကြောင်းတွေက မူရင်းအတိုင်းမို့လို့ မူလအတိုင်းပဲထားလိုက်ပါတယ် ။ အသုံးပြုပြီး အရည်အချင်း အဆင့်မြင့်နိုင်ကြပါစေ..
.
(1) What are your strengths?
ခင်ဗျားရဲ့ အားသာချက်တွေက ဘာတွေပါလဲ
(2) My strongest trait is in customer service. I listen and pay close attention to my customer's needs and I make sure they are more than satisfied.
ကျနော့်ရဲ့ အားအကောင်းဆုံး အရည်အချင်းကတော့ ဖေါက်သည်တွေကို ၀န်ဆောင်မှုပေးတဲ့လုပ်ငန်း ပါ ။ ကျနော်က ဖေါက်သည်ရဲ့ လိုအပ်ချက်တွေကို နားထောင်ပါတယ် ၊ သေချာစူးစိုက်လုပ်ဆောင်မှု ပေးပါတယ် ၊ ပြီးတော့ သူတို့ကျေနပ်တာထက်ပိုတယ်ဆိုတာ သေချာစေပါတယ် ။ ( trait အစား qualification သုံးချင်သုံးပါ )
(3) A couple strengths I have are planning and execution, and working with people. I've always been very good at planning and detailing all the steps. Executing a plan has always come easy for me as well. I believe it's due to proper planning. I also work with people very well in a way where I use the strengths of each individual in a team to produce the best results.
ကျနော့်မှာရှိတဲ့ အားသာချက် တော်တော်များများက အစီအစဉ်ရေးဆွဲခြင်းနဲ့ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း ၊ ပြီးတော့ လူတွေနဲ့ လုပ်ဆောင်ခြင်း တွေ ဖြစ်ပါတယ် ။ ကျနော်က အမြဲတန်းပဲ အစီအစဉ်ရေးဆွဲခြင်းနဲ့ အဆင့်များအားလုံး အသေးစိတ်ခွဲခြားခြင်း တွေမှာ အလွန်ကောင်းကောင်းမွန်မွန် ရှိခဲ့ပြီးပါပြီ ။ အစီအစဉ် တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းက လည်းပဲ ကျနော့်အတွက်ကတော့ အမြဲတန်း လွယ်ကူလာခဲ့ပါပြီ ။ အဲဒါက တိတိကျကျ အစီအစဉ်ဆွဲခြင်း အတွက်ကြောင့်လို့ ကျနော်ယုံကြည်ပါတယ် ။ ကျနော်က နည်းလမ်းတစ်ခုအဖြစ် လူတွေနဲ့လည်းပဲ ကောင်းကောင်း အလုပ်လုပ်ပါတယ် ၊ ဒီနေရာမှာ အကောင်းဆုံး ရလဒ်တွေ ထုတ်ယူဖို့အတွက် အဖွဲ့ထဲက လူတစ်ဦးချင်းစီရဲ့ အားသာချက်တွေကို ကျနော်က သုံးပါတယ် ။
(4) What are your weaknesses?
ခင်ဗျားရဲ့ အားနည်းချက် တွေက ဘာတွေပါလဲ
(5) I think my English ability is my weakest point. I know this is only a temporary problem. I'm definitely studying hard to communicate more effectively.
ကျနော့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်က အားအနည်းဆုံးအချက်ဖြစ်တယ် လို့ ကျနော်ထင်ပါတယ် ။ ကျနော်သိပါတယ် ဒီဟာက ယာယီပြဿနာလေးတစ်ခုသာပါ ။ ပိုပြီးတော့ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် ကျနော် သေသေချာချာ ကြိုးစားလေ့လာနေပါတယ် ။
(6) Why are you applying for a job that you didn't major in?
ခင်ဗျား အဓိကထား သင်ယူခဲ့တဲ့ဘာသာရပ် မဟုတ်တဲ့ အလုပ်ကို ဘာကြောင့် လျှောက်ထားတာပါလဲ
(7) I majored in English because I liked to write. In fact, I didn't know exactly what I wanted to do, I majored in something I was very interested in. After working for a year on the marketing team, I realized that this is what I want to be doing.
ကျနော် အင်္ဂလိပ်စာကို အဓိက သင်ယူခဲ့ပါတယ် ဘာကြောင့်လဲဆို ကျနော်စာရေးချင်လို့ပါ ။ တကယ်တော့လေ ကျနော်ဘာလုပ်ချင်ခဲ့တယ်ဆိုတာ တိတိကျကျ မသိခဲ့ပါဘူး ၊ ကျနော်အလွန်စိတ်ဝင်စားခဲ့တဲ့ တစ်ခုခုကို အဓိက ဘာသာရပ်အဖြစ် ယူခဲ့လိုက်တာပါပဲ ။ ဈေးကွက်လုပ်ငန်းအစုအဖွဲ့မှာ တစ်နှစ်ကြာ လုပ်ပြီးတဲ့နောက်မှာ အဲဒါဟာ ကျနော် လုပ်နေချင်တဲ့အရာပဲလို့ သဘောပေါက်ခဲ့ပါတယ် ။
(8) I majored in History, but during my senior year, I had an opportunity to work at an accounting firm. After working a few months, I really wanted to become an accountant.
ကျနော်က သမိုင်းဘာသာကို အထူးပြုပြီး သင်ယူခဲ့ပါတယ် ၊ ဒါပေမယ့် ကျနော်ရဲ့ သင်တန်းနောက်ဆုံးနှစ် အတွင်းမှာပဲ စာရင်းလုပ်ငန်းအဖွဲ့ တစ်ခုမှာ လုပ်ဖို့ အခွင့်အရေးတစ်ခု ရှိခဲ့ပါတယ် ။ လအနည်းငယ် လုပ်အပြီးမှာတော့ ကျနော်ဟာ စာရင်းကိုင်တစ်ယောက်အဖြစ် အမှန်တကယ်ဖြစ်ချင်ခဲ့ပါတော့တယ် ။
(9) If you could learn something such as a new skill, what would it be?
ကျွမ်းကျင်မှုအသစ်တစ်ခုလိုမျိုး တစ်စုံတစ်ခုကို လေ့လာနိုင်မယ်ဆိုလျင် အဲဒါက ဘာဖြစ်လိမ့်မလဲ
(10) I would love to learn more about auditing. As a tax accountant, I primarily work on tax. But I like all aspects of accounting and I think auditing would be very interesting.
ကျနော်က စာရင်းစစ်ဆေးခြင်းနဲ့ ပတ်သက်ပြီးပိုမိုလေ့လာဖို့ နှစ်သက်ပါလိမ့်မယ် ၊ အခွန်အကောက် စာရင်းကိုင် တစ်ယောက်အနေနဲ့ ကျနော်က မူလသဘောအားဖြင့့်် အခွန်အကောက်နဲ့ ပတ်သက်ပြီး အလုပ်လုပ်ပါတယ် ။ ဒါပေမယ့် ကျနော်က စာရင်းကိုင်ခြင်းရဲ့ ကဏ္ဍအားလုံးကို နှစ်သက်ပါတယ် ၊ ပြီးတော့ စာရင်းစစ်ခြင်းက အလွန်စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်လို့ ထင်ပါတယ် ။
……………………………………………….
ဝေါဟာရများ
………………
ဆက်စပ်မှုရှိသော အဓိပ္ပါယ်များကိုသာ ရွေးနှုတ် တင်ပြထားခြင်း ဖြစ်ပါတယ် ..
And (conj) နှင့် ၊ ပြီးတော့
Trait (n) ထင်ရှားသိသာသော အရည်အချင်း
Weak point (n) အားနည်းတဲ့ အချက်
Attention (n) အာရုံစူးစိုက်ခြင်း ၊ သတိမူခြင်း
Execution (n) အကောင်အထည်ဖေါ်ခြင်း
due to ( prep) ကြောင့် ၊ သောကြောင့်
proper (adj) တိတိကျကျ ၊ မည်မည်ရရ ၊ တိကျသော
in fact (adv) တကယ်တော့ ၊ အမှန်မှာတော့
individual (n, adj) တစ်ဦးချင်း တစ်ယောက်ချင်း ၊ တစ်ဦးချင်းဖြစ်သော
aspects (n) သွင်ပြင်လက္ခဏာများ ၊ ထူးခြားသည့်ဝိသေသများ ၊ အမြင်ရှုထောင့်များ ၊ ကဏ္ဍများ
temporary (adj) ယာယီ
major (v) အထူးပြုလေ့လာသည် (to do one's principal study in a particular subject)
auditing (n) စာရင်းစစ်ဆေးခြင်း
tax (n) အခွန်ငွေ
……………………………………….
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/

Post a Comment

0 Comments

Close Menu