Ad Code

Responsive Advertisement

English speaking - Job Expressions (4)


(1) My salary is too low for my work.
ကျနော့်အလုပ်အတွက် ကျနော့်လစာက နည်းလွန်းပါတယ် ။ ( တိုးတောင်းချင်လို့ပဲ ဖြစ်မယ် ထင်ပါရဲ့)
.
(2) How do you get paid?
ခင်ဗျား လစာကို ဘယ်လိုရပါသလဲ (နေ့စားလား လနဲ့လား နှစ်နဲ့လား စသည်ဖြင့် )
.
(3) I get paid every month.
ကျနော့်လစာကို လစဉ်ရပါတယ်
.
(4) Our company has a five-day week.
ကျနော်တို့ ကုမ္ပဏီက တစ်ပတ်မှာ အလုပ်ဆင်းရက် ငါးရက်ရှိပါတယ်
.
(5) Are there any support to study abroad?
နိုင်ငံခြားမှာ ပညာသင်လေ့လာဖို့ အထောက်အပံ့ ပေးတာတစ်ခုခုများ ရှိပါသလား
.
(6) What kind of benefit do you offer?
ခင်ဗျားတို့က ဘယ်လိုအကျိုးအမြတ်မျိုး ကမ်းလှမ်းမှာပါလဲ (ပေးမှာပါလဲ)
.
(7) We offer full medical insurance.
ကျနော်တို့က ဆေးအာမခံ အပြည့်အ၀ ပေးပါတယ်
.
(8) We give our employees 3 weeks paid vacation.
ကျနော်တို့က ကျနော်တို့ဝန်ထမ်းတွေကို လစာမပျက် သီတင်း (၃) ပတ် အပန်းဖြေအားလပ်ရက် ပေးပါတယ်
.
(9) How many vacation days do you have?
ခင်ဗျားတို့မှာ (ခင်ဗျားတို့ကုမ္ပဏီမှာ) အပန်းဖြေ အားလပ်ရက် ဘယ်နှစ်ရက်ရှိပါသလဲ
.
(10) We have 20 (twenty) days a year.
ကျနော်တို့ တစ်နှစ်မှာ ရက်ပေါင်းနှစ်ဆယ် ရှိပါတယ် (အားလပ်ရက်ပေါ့ အပေါ်မှာမေးထားတာကိုပြန်ဖြေတာ)
………………………………….
အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်ခင်ဗျာ..
.
မေတ္တာဖြင့်..

 ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/
heart emoticon

Post a Comment

0 Comments

Close Menu