Ad Code

Responsive Advertisement

English Speaking - Job Expressions (7)



ဒီတစ်ပတ်မှာတော့ ပညာရေး အတွေ့အကြုံနဲ့စပ်ဆိုင်တဲ့ အကြောင်းအရာများကို တင်ဆက်ပါမယ် ..Interview ဖြေဖို့ မလိုသည်ပဲ ဖြစ်ပါစေ ပညာရေးနဲ့ပတ်သက်ပြီး ပြောတတ်ဖို့ .. အနည်းဆုံးတော့ ဖတ်ထားသင့်ပါတယ်
.
Educational Background / Educational Experience
ပညာရေးနောက်ခံ ၊ ပညာရေး အတွေ့အကြုံ
.
(61) Please tell me about your educational background.
ကျေးဇူးပြု၍ ခင်ဗျားရဲ့ ပညာရေး နောက်ခံနဲ့ ပတ်သက်တာတွေ ကျနော့်ကို ပြောပြပေးပါ 
.
(62) Have you finished your studies?
ခင်ဗျားရဲ့(ပညာရေး) လေ့လာမှုတွေ ပြီးဆုံးပြီလား
.
(63) When did you graduate from university?
တက္ကသိုလ်ကနေ ဘယ်တုန်းက ဘွဲ့ရခဲ့တာပါလဲ
.
(64) I graduated six months ago.
ကျနော် လွန်ခဲ့တဲ့ ခြောက်လက ဘွဲ့ရခဲ့ပါတယ်
.
(65) I’ve just graduated from university.
ကျနော် တက္ကသိုလ်ကနေ ဘွဲ့ရပြီးခါစလေးပဲ ရှိပါသေးတယ်
.
(66) I graduated from Cornell University in 1998 with B.Sc. in computer science.
ကျနော်က ၁၉၉၈ မှာ ကောနဲတက္ကသိုလ် ကနေ ကွန်ပြူတာသိပ္ပံဘာသာရပ်နဲ့ B.Sc. ဘွဲ့ကိုရခဲ့ပါတယ်
( I graduated from (တက္ကသိုလ်အမည်) University in (ခုနှစ်) with (ဘွဲ့) in (ဘာသာရပ်) . )
.
(67) Have you studied outside of the university?
တက္ကသိုလ်ပြင်ပမှာ လေ့လာပြီးပါပြီလား ။ (အပြင်မှာ ဘာလေ့လာပြီးပြီလဲ မေးတာပါပဲ)
.
(68) Yes, I have studied on my own in accounting and language fluency.
ဟုတ်ကဲ့ စာရင်းအင်း နဲ့ဘာသာစကား သွက်လက်ကျွမ်းကျင်မှုစွမ်းရည်တွေကို ကိုယ့်ဖာသာ လေ့လာခဲ့ပြီးပါပြီ
.
(69) How has your college (university) experience prepared you for a business career?
စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ခင်ဗျားရဲ့ ကောလိပ်(တက္ကသိုလ်) အတွေ့အကြုံက ဘယ်လိုကြိုတင် ပြင်ဆင်ပေးခဲ့ပါသလဲ
.
(70) My education has focused on not only the learning the fundamentals, but also on the practical application of the information learned within those classes.
ကျနော့်ရဲ့ ပညာရေးက အခြေခံများကိုသင်ယူမှုမျှသာမကပဲ အဲဒီတက်ရောက်တဲ့သင်တန်းတွေကနေ သင်ယူရရှိတဲ့ သတင်းအချက်အလက်များ လက်တွေ့အသုံးချမှုကိုပါ စုစည်းပေးခဲ့ပါတယ်
…………………..
မေတ္တာဖြင့်… 

ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/
heart emoticon

Post a Comment

0 Comments

Close Menu