Ad Code

Responsive Advertisement

English Speaking - Job Expressions (8)




ဒီနေ့ရေးတဲ့ သင်္ခန်းစာတွေမှာ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူး (စက္ကရီတေရီ) လျှောက်ထားစဉ်မှာ မေးတဲ့ဖြေတဲ့ပုံစံတွေ ဖြစ်နေတဲ့အတွက် မိန်းကလေးတစ်ယောက်ပုံစံနဲ့ပဲ ပြန်ဆိုရေးသားလိုက်ရပါတယ် ၊ ကျနော်ကိုယ်တိုင်ပဲ ဘုန်းကညာတစ်ပါး လုံးရာကပြားသွားခြင်း မဟုတ်ရပါကြောင်းခင်ဗျာ..  
.
Unit (4) Skill and Experience ( ကျွမ်းကျင်မှု နဲ့ အတွေ့အကြုံ )
............................
(71) Could you tell me where was your last job?
ခင်ဗျားရဲ့ အရင်အလုပ်က ဘယ်မှာလဲ ကျနော့်ကိုပြောပြနိုင်ပါမလား
.
(72) Certainly, I was working at the Asia Bank.
ပြောနိုင်ပါတယ်ရှင် ၊ ကျမ အာရှဘဏ်မှာ လုပ်နေခဲ့ပါတယ် 
.
(73) And why did you leave that job?
ပြီးတော့ ဘာကြောင့် အဲဒီအလုပ်က ထွက်ခဲ့တာပါလဲ
.
(74) Because I was looking for more of a challenge.
ဘာကြောင့်လဲဆို ကျမက စိန်ခေါ်မှုတစ်ခုထက် ပိုမိုတာကို ရှာဖွေနေခဲ့လို့ပါပဲရှင်
.
(75) What were your favourite topics at university?
တက္ကသိုလ်မှာတုန်းက ခင်ဗျား အနှစ်သက်ဆုံး အကြောင်းအရာခေါင်းစဉ်တွေ က ဘာတွေ ဖြစ်ခဲ့ပါသလဲ
(ဘာတွေကို အဓိက လေ့လာခဲ့သလဲ မေးတာမျိုးပါပဲ)
.
(76) My favourite topics are letter writing and filing studies.
ကျမရဲ့အကြိုက်ဆုံး အကြောင်းအရာခေါင်းစဉ်တွေကတော့ ပေးစာပြန်စာရေးသားခြင်နဲ့ စံနစ်တကျ စီစဉ်ဖိုင်တွဲခြင်း စတဲ့လေ့လာမှုတွေ ဖြစ်ပါတယ် 
.
(77) What do you think are your strengths?
ခင်ဗျားရဲ့ အားသာချက်တွေက ဘာတွေလို့ ခင်ဗျား ထင်ပါသလဲ 
(သူ့မှာရှိတဲ့ ခွန်အားကဲ့သို့သော အားသာချက်တွေကို မေးလိုတာဖြစ်ပါတယ်)
.
(78) I have good patience and English language skill.
ကျမမှာ ကောင်းကောင်းစိတ်ရှည်တာ နဲ့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေ ရှိပါတယ်
.
(79) Are you a computer literate?
ခင်ဗျားက ကွန်ပြူတာ ကျွမ်းကျင်သူ တစ်ယောက်ပါလား
.
(80) Yes, I have the ability to operate a computer and its associated office systems.
ဟုတ်ကဲ့ ၊ ကျမမှာ ကွန်ပြူတာရယ် သူနဲ့ပတ်သက်တဲ့ ရုံးသုံးစနစ်တွေကို သုံးစွဲလုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်
.............................
ဝေါဟာရများ
..................
Topic (n) အကြောင်းအရာ ၊ ခေါင်းစဉ်
Filing (n) ဖိုင်တွဲခြင်း .. ဖိုင်တွဲခြင်းဆိုတာ အပေါက်ဖေါက်ပြီး ကောက်တွဲလိုက်ရုံမျှပဲမဟုတ်ပါဘူး ၊ နောင်အခါ ပြန်ရှာ ပြန်ကိုးကားလို့ရအောင် နံပါတ်တပ် ၊ အမျိုးအစားခွဲ ၊ အုပ်စုခွဲ ၊ စာရင်းသွင်းမှတ်တမ်းတင် ၊ မိတ္တူပွားသင့်ပွား ၊ ဖိုင်ပွားသင့်ပွား ၊ ဖိုင်လက်ခံတွဲ ..စသည်ဖြင့် လေ့လာလေ စနစ်ကျလေပါပဲ ။
သူလည်း မခက်ခဲပေမယ့် သူ့ပညာနဲ့သူပါ ၊ ရုံးအဖွဲ့မှူးတွေက ဒါတွေကို ကျွမ်းကျင်ရပါတယ် ..
Computer Literate (n) (Of a person) having sufficient knowledge and skill to be able to use computers; familiar with the operation of computers: ကွန်ပြူတာ ကျွမ်းကျင်သူ ..
ဒီစကားက ယေဘူယျဖြစ်နေပေမယ့် သူ့အဓိပ္ပါယ်က ကျယ်ဝန်းပါတယ် ၊ ကွန်ပြူတာနဲ့ ပတ်သက်တာ အထွေထွေ ဗဟုသုတရှိပြီး ဘာဖြစ်ဖြစ် သုံးလို့ရအောင် လုပ်နိုင်တယ်ဆိုတဲ့ သဘောမျိုးပါ ၊ တစ်လုံးတည်းနဲ့ ခြုံငုံမိသွားတဲ့ စကားလုံးမျိုးပါ
Patience (n) စိတ်ရှည်မှု
Operate (v) စီမံသည် ၊ လုပ်ဆောင်သည် ၊ မောင်းနှင်သည်
Associated (adj) ဆက်စပ်နှီးနွယ်သော
Office System (n) ရုံးသုံးလည်ပတ်လုပ်ဆောင်မှုစနစ် (ကွန်ပြူတာစံနစ်နဲ့ ချိတ်ဆက်ထားတွေ)
.
usage
.
work at က ဘယ်မှာလုပ်တယ်လို့ နေရာကို အဓိကပြောချင်တဲ့အခါသုံးပါတယ်
work for က လုပ်ငန်းမှာ တာဝန်ထမ်းဆောင်တယ်ဆိုတဲ့ သဘောမျိုး ပြောချင်တဲ့အခါ သုံးပါတယ်
work in a ကျတော့ team လိုမျိုး အစုအဖွဲ့နဲ့ အတူတူပူးပေါင်းလုပ်တာမျိုးကို သုံးပါတယ် wok in a team
work in ကျတော့ နိုင်ငံနဲ့ ဖြစ်စေ ၊ လက်အောက်ခံ ဌာနတစ်ခုခုမှာ ဖြစ်စေ အတွက် သုံးပါတယ် work in Korea, work in financial department
အဲလိုတွေ ရှိပါတယ်..
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/

Post a Comment

0 Comments

Close Menu