Ad Code

Responsive Advertisement

English Speaking – Job Expressions (9)




ကျနော်တို့ရဲ့ ပညာရေး လုပ်ငန်းအတွေ့အကြုံ လေ့လာဆည်းပူးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်လို ပြောမလဲ နမူနာဝါကျတွေ ဖြစ်ပါတယ် ..
…………………………..
Skill and Experience (ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ)
…………………………..
(81) How would your education help this position/business?
ဒီအလုပ်နေရာ/ ဒီလုပ်ငန်း ကို ခင်ဗျားရဲ့ ပညာရေးက ဘယ်လိုကူညီ နိုင်ပါ့မလဲ
(လေ့လာခဲ့တဲ့ ပညာရေးကို အလုပ်မှာ ဘယ်လို အသုံးချနိုင်မလဲ ၊ ဘယ်လိုဆက်စပ်မှုရှိသလဲ မေးခြင်းဖြစ်ပါတယ်)
.
(82) How has your education prepared for your career?
ခင်ဗျားရဲ့ ပညာရေးက ခင်ဗျားရဲ့အသက်မွေးမှု လုပ်ငန်းအတွက် ဘယ်လိုကြိုတင်ပြင်ဆင် ပေးခဲ့ပြီလဲ
.
(83) Yes, I’ve learned a lot about management and developed my skills.
ဟုတ်ကဲ့ စီမံခန့်ခွဲမှု နဲ့ ပတ်သက်ပြီး အများကြီးလေ့လာခဲ့သလို ကျနော့်ရဲ့ ကျွမ်းကျင်မှုတွေကိုလည်း တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပြီးပါပြီ
.
(84) It taught me the basic of accounting and also about business.
အဲဒါက ကျနော့်ကို စာရင်းကိုင်ပညာ အခြေခံရယ် ၊ ပြီးတော့ လုပ်ငန်းနဲ့ ဆက်စပ်တာတွေရယ် ကိုလည်း သင်ကြားပေးခဲ့ပါတယ် (အတွေ့အကြုံ ၊ လေ့လာမှုတွေ ကနေ သင်ကြားပေးတာကို ပြောတာပါ )
.
(85) It taught me how to solve problems and how to work hard. It was a very good experience for me. I learned a lot. It was challenging and rewarding.
အဲဒါက ကျနော့်ကို ပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာနဲ့ အလုပ်ကို ဘယ်လိုကြိုးစားလုပ်ကိုင်ရမလဲ ဆိုတာ သင်ကြားပေးခဲ့ပါတယ် ။ ကျနော့်အတွက် သိပ်ကိုကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ် ။ ကျနော် အများကြီးလေ့လာခဲ့ပါတယ် ၊ အဲဒါက စိန်ခေါ်မှုတစ်ခု ဂုဏ်ပြုချီးမြှောက်မှုတစ်ခု ဖြစ်ခဲ့ပါတယ် ။ (အတွေ့အကြုံတစ်ခုကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်ပါတယ်)
.
(86) I worked as an intern at the Avery Publishing. I worked in the main office. After I graduated, I worked in the same place full-time.
ကျနော်က Avery ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းမှာ အလုပ်သင်တစ်ယောက် အဖြစ်နဲ့ လုပ်ကိုင်ခဲ့ပါတယ် ။ ရုံးချုပ်မှာ လုပ်ခဲ့တာပါ ။ ဘွဲ့ရပြီးတော့ အဲဒီနေရာမှာပဲ အချိန်ပြည့် လုပ်ကိုင်ခဲ့ပါတယ် ။
.
(87) I worked administration at the main office. I was there for four years.
ကျနော်က ရုံးချုပ်မှာ စီမံခန့်ခွဲရေး လုပ်ကိုင်ခဲ့ပါတယ် ။ ကျနော် အဲဒီမှာ လေးနှစ်ကြာခဲ့ပါတယ် ။
.
(88) Yes, I graduated from university in 1990 and started working for Sanwa Bank. I’ve been
Sanwa Bank up until now.
ဟုတ်ကဲ့ ၊ ကျနော်က ၁၉၉၀ မှာ တက္ကသိုလ်က ဘွဲ့ရပြီးတော့ Sanwa ဘဏ်မှာ အလုပ်စတင်လုပ်ခဲ့ပါတယ် ၊ ကျနော်က အခုအချိန် မတိုင်ခင်အထိ Sanwa ဘဏ်မှာ ရှိနေခဲ့ပါတယ်
.
(89) Can you work with larger groups of people?
ခင်ဗျား လူအများပါဝင်တဲ့ အုပ်စုကြီးတွေနဲ့ အတူတူ အလုပ်လုပ်နိုင်ပါရဲ့လား
.
(90) Yes, I enjoy working in a large team.
ဟုတ်ကဲ့ ၊ ကျနော်က ကြီးမားတဲ့ အစုအဖွဲ့ (team) ထဲမှာ အလုပ်လုပ်ရတာကို ပျော်ရွှင်နှစ်သက်ပါတယ်
…………………………..
ဝေါဟာရများ
……………………….
Position (n) အလုပ်နေရာ
Career (n) အသက်မွေးမှုလုပ်ငန်း
Rewarding (n) ဂုဏ်ပြုချီးမြှင့်ခြင်း
Intern (n) အလုပ်သင်
Full-time (adv) အချိန်ပြည့်
Administration (n) စီမံခန့်ခွဲခြင်း
………………………
အမေရိကန်သုံး ပုံစံများ ဖြစ်ပါတယ်..
.
မေတ္တာဖြင့် 


ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/
heart emoticon

Post a Comment

0 Comments

Close Menu