Ad Code

Responsive Advertisement

FRP Lock နှင့် Reactivation Lock များကွဲပြားခြားနားမှုနှင့် အသုံးပြုနည်းများ


FRP Lock and Reactivation Lock များကွဲပြားခြားနားမှုကို
blog.unlockbase.com မှ compare ပြုလုပ်ထားတာလေးကိုတွေ့မိလို့
ဗဟုသုတအနေဖြင့် လေ့လာလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခုနောက်ပိုင်း Samsung Device တွင် Android FRP Lock နှင့် 
Samsung Reactivation Lock ဆိုပြီး Lock နှစ်ခုအရမ်းခေတ်စားလို့နေပါတယ်၊ 
လူတိုင်းအသိချင်ဆုံး မေးခွန်းလည်းဖြစ်လာလို့ပါတော့တယ်။


အားလုံးသိပြီဖြစ်တဲ့ Samsung, HTC, Sony ဖုန်းတွေမှာ activation screen ကို
ဦးစားပေး ထုတ်လုပ်တာမို့လို့ အသုံးပြုသူ user ရဲ့ ID သို့မဟုတ် password ကို တောင်းဆိုလာမှုတွေရှိလာပါတော့တယ်။

တခြားတစ်ယောက်က မိမိရဲ့ Google Account ကိုတောင်းဆိုလာတဲ့အခါ
ဖုန်းက Reactivation Lock အတွက် ID & password ကိုတောင်းဆိုနေမှာပဲဖြစ်ပါတယ်။

apple Device တွင် iCloud Lock ရှိသကဲ့သို့ Samsung Device တွင်လည်း ဖုန်းတစ်လုံးရဲ့ 
Security အတွက် Reactivation Lock & FRP Lock များကိုထည့်ပေးထားတာပဲဖြစ်ပါတယ်။


 FRP Lock နှင့် Reactivation Lock များကွဲပြားခြားနားမှု
information ကိုဖေါ်ပြပေးလိုက်ပါတယ်



Factory Reset Protection (FRP) Lock ဆိုတာဘာလဲ?
================================

Factory Reset Protection (FRP) Lock ဆိုတာ Android Device ကို
ကာကွယ်ပေးရန်အတွက် feature တစ်ခုအနေဖြင့် ရေးဆွဲထားတာပဲဖြစ်ပါတယ်။


Android Version ဘယ်လောက်တွင် ပါလာသလဲ
=============================
Sasmung Device တွင် Factory Reset Protection (FRP) Lock ကို
ဗားရှင်း 5.1 xx နှင့်အထက်တွေမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။


ဘာကြောင့် FRP Lock ကိုအသုံးပြုသင့်တာလဲ?
=========================
ဘာကြောင့် FRP Lock ကိုအသုံးပြုသင့်တာလဲဆိုတော့ မိမိရဲ့ ခွင့်ပြုချက်မပါပဲ
တစ်ခြားတစ်ယောက်ယောက်က Factory Reset တစ်ခုပြုလုပ်တာ၊ Firmware ရေးလိုက်တာ 
စသည်များကို ပြုလုပ်ခဲ့သော် ကာကွယ်ဖို့ရန်အတွက် FRP Lock ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။

ဥပမာ။ ။ မိမိဖုန်းက ကျပျောက်သွားခြင်း၊ အခိုးခံလိုက်ရခြင်း၊ တစ်စုံတစ်ယောက်က 
Firmware ရေးသားခြင်း၊ Factory Reset တစ်ခုပြုလုပ်ခြင်းစတာမျိုးကို ပြုလုပ်ခဲ့သည်ရှိသော်
 မိမိရဲ့ Google Account info ကိုသိမှသာလျှင် အလွယ်တကူ ပြုလုပ်ရယူနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ တစ်စုံတစ်ယောက်က မိမိဖုန်းကို factory reset ပြုလုပ်ခဲ့ရင်တော့
New setup တစ်ခုပြုလုပ်ဖို့ရန်အတွက် Owner ရဲ့ Google Account မပါပဲ
အလွယ်တကူ By pass လုပ်လို့မရအောင် ပြုလုပ်ပေးထားတာမို့၊ Samsung ရဲ့
နောက်ဆုံးထုတ်ကုန် ဖုန်းများအတွက် FRP feature ကိုသုံးစွဲရန်အတွက်
Google Account တစ်ခုဟာ အရေးပါလာပါတော့တယ်၊ ဒါကြောင့် အပေါ်မှာ
မြင်နေရတဲ့ ပုံအတိုင်းပဲ FRP Lock က မိမိဖုန်းရဲ့ screen နေရာမှာ security ယူနေပါလိမ့်မယ်။


Reactivation lock ဆိုတာဘာလဲ?
====================


Reactivation lock ဆိုတာကတော့ FRP နဲ့ အနည်းငယ် အလားသဏ္ဍာန်တူပါတယ်။
ဒါပေမယ့် Reactivation lock ကတော့ Samsung account တစ်ခုပဲဖြစ်ပါတယ်။

မိမိဖုန်းက ကျပျောက်သွားတဲ့အခါမျိုး၊ အခိုးခံလိုက်ရတဲ့အခါမျိုးတို့မှာ ဖုန်းကို ပြန်လည်
Activate ပြုလုပ်ရန်အတွက် Samsung account ကိုတောင်းဆိုနေမှာပဲဖြစ်ပါတယ်။

တစ်ခြားတစ်ယောက်က မိမိခွင့်ပြုချက်မပါပဲ factory reset တစ်ခုပြုလုပ်ပြန်လည်း
မိမိ၏ Samsung account info ကိုမသိပဲ New setup တစ်ခုပြုလုပ်ဖို့ရန်မလွယ်ကူပါ။

ဒီတော့ Reactivation lock ဆိုတာကို နားလည်လွယ်အောင် ပြောရရင်တော့
 Factory Reset Protection (FRP) Lock ကိုကာကွယ်ပေးရန်အတွက် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

မှတ်ချက်။ Reactivation lock ဆိုတာ Devie lock နဲ့မတူပါ၊ 
PIN Password နဲ့သာ အလားသဏ္ဍာန်တူပါတယ်။


Reactivation Lock တစ်ခုပြုလုပ်ထားနည်း
=========================
Samsung ဖုန်းများတွင် ဗားရှင်း 4.4 xx လောက်မှာပါဝင်လာတဲ့ Reactivation Lock 
ကို မိမိဖုန်းမှာ Security တစ်ခုအနေဖြင့် ပြုလုပ်ထားချင်တယ်ဆိုရင်တော့ အောက်ပါ
အတိုင်း ပြုလုပ်ပေးလိုက်ပါ။

ဖုန်းမှာ Reactivation Lock တစ်ခုပြုလုပ်ထားခဲ့သည့်ရှိသော်
မိမိဖုန်းရှိ ဆော့ဝဲများနဲ့ Setting Menu မှ Factory Reset တစ်ခု
အလွယ်တကူ ပြုလုပ်ယူလို့မရနိုင်တော့ပါ။

၁။ Home Menu မှ Settings ကိုနှိပ်ပါ။

၂။ Personal tab ကိုထပ်နှိပ်ပါ။

၃။ Lock screen and security ကိုထပ်နှိပ်ပါ။

၎။ Find My Mobile ဆိုတာကို ထပ်နှိပ်ပေးပါ။

၅။ Reactivation lock off နေရာမှာ On ထားပေးပါ။


၆။ အောက်ပါပုံအတိုင်း Reactivation lock info ကို
ပြပေးနေပါလိမ့်မယ် OK ကိုနှိပ်ပါ။


၇။ ဖုန်းမှာ Restart ကျသွားပါလိမ့်မယ်၊ ပြန်တက်လာတဲ့အခါ အောက်ပါပုံအတိုင်း
Samsung account ပြုလုပ်ပေးရမှာဖြစ်တဲ့အတွက် Gmail & Password ကို မိမိ
စိတ်ကြိုက် Create ပြုလုပ်ပြီး confirm ပြုလုပ်ပေးလိုက်ရုံပါပဲ။



၈။ Account က Activate ဖြစ်သွားတဲ့အခါ ဖုန်းမှာ သူ့အလိုလို 
Restart တစ်ကြိမ် ထပ်ကျသွားပါလိမ့်မယ်။ 


မှတ်ချက်။ အထက်ဖေါ်ပြပါ FRP Lock နှင့် Reactivation Lock များ
ကွဲပြားခြားနားမှုနဲ့ အသုံးပြုနည်းများကို ဘာသာပြန်ပေးထားခြင်းပဲဖြစ်ပါတယ်

တကယ်လို့ အမှားပါခဲ့သည်ရှိသော် ဖြည့်စွက်ပေးပြီး ဝေဖန်ပေးကြဖို့
Edit ပြုလုပ်ပြီး Share ခြင်းဖြင့် ဝေမျှပေးစေလိုပါတယ်ခင်ဗျား...



အားလုံးကျေးဇူးတင်ပါတယ်



Ref-https://blog.unlockbase.com
Ref-www.samsung.com



ဇူးနစ်(နည်းပညာ) 


Post a Comment

0 Comments

Close Menu