Ad Code

Responsive Advertisement

Like and as ဒီစာလုံးလေးတွေက အသုံးများပါတယ်



Like and as
………………
ဒီစာလုံးလေးတွေက အသုံးများပါတယ် ၊ တူသလိုဖြစ်နေပေမယ့် ကွဲကွဲပြားပြားသိထားတော့ တိတိကျကျနဲ့ လွယ်လွယ်ကူကူ သုံးတတ်ပါလိမ့်မယ် ၊ မှတ်ရတာလည်း လွယ်ပါတယ် ၊ မြန်မာပြောစကားလေးတွေလိုပါပဲ အညှာသိဖို့လိုတယ် အထာသိဖို့လိုတယ်ပေါ့.. အညှာလေးကနေ ကိုင်ပြီး ဗဟုသုတတွေကို အလွယ်တကူ ခူးဆွတ်ရယူနိုင်ဖို့ ကျနော်က ရှာဖွေတင်ဆက်နေတာဖြစ်ပါတယ်
.
We can use “like” and “as” to say that things are similar.
Like နဲ့ as ကို တူညီတဲ့ အရာဝတ္ထုများအတွက် သုံးနိုင်ပါတယ်
……………..
(1) Like is a preposition, used before a noun or pronoun.
Like ဟာ ဝိဘတ်တစ်ခုဖြစ်ပါတယ် ၊ နာမ်ပုဒ်တစ်ခု (သို့) နာမ်စား တစ်ခုရဲ့ရှေ့မှာ သုံးနိုင်ပါတယ်
.
(1.1) He runs LIKE the wind.
သူက လေလို (လျင်မြန်စွာ) ပြေးတယ်
(like နောက်မှာ the wind ဆိုတဲ့ noun တစ်ခုပဲပါတယ်)
.
(1.2) He looks LIKE me.
သူက ကျနော်နဲ့ တူတယ်
(like နောက်မှာ me ဆိုတဲ့ pronoun တစ်ခုပဲရှိပါတယ်)
……………..
(2) As is a conjunction, used before Subject+ verb or a prepositional expression.
As ကတော့ စကားဆက်ဖြစ်ပါတယ် ဒါကြောင့် Subject + verb ရှေ့မှာဖြစ်စေ ၊ ဝိဘတ်နဲ့စတဲ့ ဖေါ်ပြချက်တစ်ခုရဲ့ ရှေ့မှာဖြစ်စေ သုံးနိုင်ပါတယ်
.
(2.1) Nobody knows her AS I do.
ကျနော်သိသလို ဘယ်သူမှ သူမ (အကြောင်း) ကို မသိပါဘူး
(as နောက်မှာ Sub+ Verb ဖြစ်တဲ့ I do ရှိနေပါတယ်)
.
(2.2) On Friday, AS on Monday, we meet at eight.
သောကြာနေ့မှာ တနင်္ဂနွေနေ့ကလိုပဲ ကျနော်တို့ (၈) နာရီမှာ တွေ့ကြပါတယ်
(as နောက်က on Monday ဟာ prepositional expression လေးပါ)
……………………….
(3) We use “as” as a preposition before noun or pronoun to talk about the jobs, roles and functions of people and things.
As ကို proposition အဖြစ်နဲ့ noun သို့ pronoun ရှေ့မှာသုံးပြီး အလုပ် ၊ အခန်းကဏ္ဍ ၊ လူသို့မဟုတ် အရာဝတ္ထုတစ်ခုခုရဲ့ လုပ်ဆောင်မှု တို့ကို ဖေါ်ပြနိုင်ပါတယ်
.
(3.1) He works AS a writer. ( အလုပ်ကို ဖေါ်ပြတယ်)
သူက စာရေးဆရာ အဖြစ် လုပ်ကိုင်ပါတယ်
(3.2) Don’t use your plate AS an ashtray. (အရာဝတ္ထုရဲ့ လုပ်ဆောင်မှု ကိုဖေါ်ပြတယ်)
ခင်ဗျားရဲ့ ပန်းကန်ကို ဆေးလိပ်ပြာခံခွက် အဖြစ် မသုံးပါနဲ့
……………..
(4) like နဲ့ as ကို preposition အဖြစ်သုံးတဲ့အခါ အဓိပ္ပါယ်ကွာခြားသွားပါတယ်..
Compare: ဒီနှစ်ခုကို နှိင်းယှဉ်ကြည့်ပါ
.
(4.1) As your brother, I must warn you.
မင့်အကိုအဖြစ်နဲ့ .. ငါမင့်ကို သတိပေးရမယ် (အကိုကနေ ညီကို ပြောတာ)
(4.2) Like your brother, I must warn you.
မင့်အကိုလိုပဲ.. ငါမင့်ကိုသတိပေးရမယ် (အပြင်လူကယောက်က ပြောတာ ၊ အကို..ကိုလည်း သတိပေးပြီးပြီ)
……………
မေတ္တာဖြင့် 


ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/

heart emoticon

Post a Comment

0 Comments

Close Menu