Ad Code
Responsive Advertisement
Marshmallow 6.0 [Cm13] ဗားရှင်းကို Xposed Framework ထည့်သွင်းနည်း
Marshmallow 6.0 [Cm13] ဗားရှင်းကို Xposed Framework ထည့်သွင်းနည်းကို
အလိုရှိနေတဲ့သူများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 
ယခုပိုစ့်တွင် Xposed Framework ဆိုတာဘဲနဲ့ အကျဉ်းနဲ့
ဒီ App ကို မိမိဖုန်း Device တွင်ထည့်သွင်းအသုံပြုလိုတယ်ဆိုရင်
ဖုန်းအတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အပိုင်းပဲမျှဝေပေးလိုက်ပါတယ်။
Xposed Installer ဆိုတာဘလဲ
==================
Xposed Installer ဆိုတာ Custom Rom ထည့်သွင်းအသုံးပြုစရာမလိုပဲ 
Android operating system ကို system-level အဖြစ်ပြုပြင်ပြောင်လဲအသုံးပြုနိုင်တဲ့ 
app တစ်ခုဖြစ်ပါတယ်။
လိုအပ်ချက်
=======
လိုအပ်ချက်အနေဖြင့် Xposed installer ကို အသုံးပြုဖို့အတွက် 
ပထမဆုံး ကိုယ့်​ရဲ့ ဖုန်းမှာ Root access ရရှိထားပြီးသားဖြစ်ရပါမယ်။
Marshmallow 6.0 ဗားရှင်းအတွက်
=====================
ဒေါင်းလော့ရာတွင်
===========
၁။ ဒေါင်းလော့ရာတွင် Xposed Module 4.0 alpha.apk ကိုဒေါင်းလော့ရယူပါ
(ထည့်သွင်းနည်းကို အောက်မှာဆက်လေ့လာကြည့်လိုက်ပါ)
၂။ တကယ်လို့ xposed-arm-*.zip ဖိုင်ကို Recovery mode ကနေ Flash ပြုလုပ်
ယူမယ်ဆိုရင်တော့ အောက်ပါ လမ်းညွှန်အတိုင်း ဒေါင်းလော့ရယူပါ။
(က) မိမိ Device က 32 bit Platform ဆိုရင်တော့ xposed-v77-sdk*-arm.zip ဖိုင်ကိုဒေါင်းပါ
(ခ) မိမိ Device က 63 bit Platfrom ဆိုရင်တော့ xposed-v77-sdk*-arm66.zip ဖိုင်ကိုဒေါင်းပါ
(ဂ) မိမိ Device က X86 platform ဆိုရင်တော့ xposed-v77-sdk*-x86.zip ဖိုင်ကိုဒေါင်းလော့ပါ
Xposed-arm-*.zip ဖိုင်ကို ထည့်သွင်းနည်း
========================
၁။ အထက်ဖေါ်ပြ ဒေါင်းလော့နည်းအတိုင်း မိမိဖုန်းအတွက် ကိုက်ညီမယ့်
Xposed-arm-*.zip ဖိုင်ကို ဒေါင်းလော့ရယူပြီးတဲ့အခါ SD Card သို့ကူးထည့်လိုက်ပါ။
၂။ ဖုန်းကို Recovery mode သို့ဝင်ပြီး zip ဖိုင်ကို Flash ပေးလိုက်ပါ။
၃။ Flash process တစ်ခုပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ
၎။ ဖုန်းပြန်တက်လာတဲ့အခါ App ကိုဖွင့်လိုက်ပြီး install/update ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ၊ ပြီးရင် OK ကိုဆပ်နှိပ်လိုက်ပါ။
၅။ ပြီးသွားရင်ဖုန်းကို Reboot ပြန်ချပေးလိုက်ပါ
၆။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Official xposed framework ကို
အောင်မြင်စွာဖြင့်ထည့်သွင်းပြီးပါပြီ အသင့်သုံးဖြစ်နေပါလိမ့်မယ်။
Xposed Installer app ကို ထည့်သွင်းအသုံးပြုနည်း
==============================
၁။ ပထမဆုံး Xposed Installer ကိုဒေါင်းလော့လင့်တွင်ရယူလိုက်ပါ။
၂။ ဒေါင်းလို့ ရလာတဲ့ Xposed Installer Apk ကို install လုပ်​ပါ။ 
   ၃။ Xposed Installer ဆိုတဲ့ App ​လေးကိုနှိပ်​ပြီး ဖွင့်​လိုက်​ပါ​။
  ၄။ အဲ့ဒီမှာ ပထမဆုံး Framework ဆိုတဲ့ အပိုင်းမှာ
 အနီ​ရောင်​ စာတန်း​တွေ ပြ​နေပါလိမ့်​မယ်​၊ Not active ပါ။
Framework က မိမိဖုန်းမှာ Active ဖြစ်​ရပါမယ်​။
၆။ Active ဖြစ်​ဖို့အတွက်​ အနီ​ရောင်​စာတန်းနဲ့ Framework ဆိုတဲ့ နေရာကိုနှိပ်​လိုက်​ပါ။
၇။ Be Careful! ဆိုတဲ့ ​ဘောက်​က​လေးတစ်​ခု​ ပေါ်လာပါလိမ့်​မယ်​၊ Ok နှိပ်​​ပေးလိုက်​ပါ။ 
၈။ ပြီးရင်​ Install/Update ဆိုတာကို နှိပ်​ပါ။
၉။ Superuser request ​တောင်းလာတဲ့ အခါ Grant (or) Allow ကို နှိပ်​​ပေးလိုက်​ပါ။
၁၀။ ​ဘောက်​က​လေး တစ်​ခု ​ပေါ်လာပါဦးမယ်​ Phone ကို Reboot 
(or) Restart လုပ်​ခိုင်းတာပါ၊ Ok ကို နှိပ်​​ပေးလိုက်​ပါ။ 
 ဖုန်းက Reboot ပြန်​တတ်​လာတဲ့ အခါ Xposed installer ကို ပြန်​ဖွင့်​ကြည့်​ပါ
 အနီ​ရောင်​စာတန်း မရှိ​တော့ပဲ Active ဖြစ်​​သွားပါပြီ။
ဇူးနစ်(နည်းပညာ)
Post a Comment
0 Comments
Close Menu