Ad Code

Responsive Advertisement

Samsung Galaxy J1 J100 ဖုန်းကို Twrp Recovery ထည့်သွင်းနည်း

Galaxy J1 J100 ဖုန်းကို Twrp Recovery ထည့်သွင်းနည်းကို
J1 ဘော်ဒါများအတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။

Root လုပ်ချင်တာပဲဖြစ်ဖြစ်၊ Custom Rom များတင်သုံးလိုတယ်ပဲဖြစ်ဖြစ် 
TWRP Recovery ထည့် သွင်းထားရမှာပဲဖြစ်ပါတယ်။

ဖုန်းကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့TotalSolution 3.0 ZawgyiBase ဖိုင်ကို
Recovery mode ကနေ အလွယ်တကူ Flash ပေးလိုက်ရင်တော့ Facebook အစရှိတဲ့
Social apps များနဲ့ Browser များမှာ မြန်မာစာအမှန်မြင်ရမှာလည်းဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ Samsung USB Driver

၂။ Odin Flash Tool for windows

၃။ USB Cable 

၎။ TWRP Recovery.zip


ငြင်းဆိုချက်
========
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Samsung Galaxy J1 J100 ဖုန်းအတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။

အကြောင်းအမျိုးမျိုးကြောင့် မိမိဖုန်းသည် ပျက်စီးသွားခဲ့သည်ရှိသော်
ဇူးနစ်(နည်းပညာ) www.zunite.org မှ တာဝန်ယူလိမ့်မယ်မဟုတ်ပါ။


ကြိုတင်ပြင်ရမည့်အချက်များ
================
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။





TWRP Recovery  ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

Odin ကိုဖွင့်ပါ  PDA ဆိုတဲ့နေရာမှာ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


Post a Comment

0 Comments

Close Menu