Ad Code

Responsive Advertisement

Samsung အကြီးကဲဟောင်းကို သံအမတ်အဖြစ် မြန်မာကိုပို့



Samsung ​ကုမ္ပဏီ ​အရာရှိဟောင်းတစ်ယောက်ကို ​တောင်ကိုရီးယားက ​မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား ​သံအမတ်အဖြစ် ​ခန့်အပ်လိုက်ပါတယ်။

ဒါကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာနိုင်ငံမှာ ​စီးပွားရေးတွေ ​တိုးချဲ့လုပ်ဆောင်လိုတဲ့အနေနဲ့ ​တောင်ကိုရီးယားက ​စီးပွားရေးအရာရှိ ​တစ်ဦးကို ​သံအမတ်အဖြစ် ​ပို့ဆောင်တာ ​ဖြစ်နိုင်တယ်လို့ ​တောင်ကိုရီးယားထုတ် ​Yonhap ​သတင်းမှာ ​ဖော်ပြထားပါတယ်။

လာမယ့်လကျရင် ​မြန်မာဆိုင်ရာ ​တောင်ကိုရီးယား ​သံအမတ်အဖြစ် ​တာဝန်ထမ်းဆောင်မယ့် ​သူကတော့ ​Yoo ​Jae-kyung ​ဖြစ်ပါတယ်။

Yoo ​Jae-kyung ​ဟာ ​စီးပွားရေး ​သမားအဖြစ် ​နှစ်ပေါင်း ​၃၀ ​ကြာ ​လုပ်ကိုင်လာသူ ​ဖြစ်ပြီး ​Samsung ​Group ​ကုမ္ပဏီမှာ ​အလုပ်လုပ်တုန်း ​တိုးတက်မှုတွေ ​ဆောင်ရွက်နိုင်တဲ့အတွက် ​နောက်ပိုင်းမှာ ​ကုမ္ပဏီ ​ဥက္ကဌအဖြစ် ​ခန့်အပ်ခံရသူ ​ဖြစ်တယ်လို့လည်း ​ဖော်ပြထားပါတယ်။

တောင်ကိုရီးယား ​အစိုးရက ​စီးပွားရေး ​တိုးချဲ့ဖို့ ​မျှော်လင့်နေပြီး ​မြန်မာနိုင်ငံဟာ ​အလားအလာရှိတဲ့ ​နိုင်ငံဖြစ်လို့ ​စီးပွားရေး ​ပူးပေါင်းမှုတွေ ​ပိုရှိလာအောင် ​သူ့ကို ​ပို့ဆောင်တာ ​ဖြစ်မယ်လို့လည်း ​သံအမတ်အဖြစ် ​ရွေးချယ်ခံရသူက ​Yonhap ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

မြန်မာမှာ ​အလားအလာတွေ ​များတယ်ဆိုပေမယ့် ​သူစကားပြောကြည့်တဲ့ ​စီးပွားရှင်တွေကတော့ ​မြန်မာမှာ ​စီးပွားရေး ​လုပ်ရတာ ​မလွယ်ဘူးလို့ ​ပြောဆိုတဲ့အတွက် ​သူ့အနေနဲ့လည်း ​ကြိုးစားရလိမ့်မယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu