Ad Code

Responsive Advertisement

ထိုင်းနိုင်ငံရောက် အဖိနှိပ်ခံမြန်မာအလုပ်သမားများအပေါ်ခေါင်းပုံ ဖြက်နေသော ဖြစ်ရပ်မှန်များအား သက်ဆိုင်ရာများ သိစေရန် ကျေးဇူးပြု ShAREပေးကြပါအုန်း အမျိုးတို့



ထိုင်းနိုင်ငံရောက် အဖိနှိပ်ခံမြန်မာအလုပ်သမားများအပေါ်ခေါင်းပုံ
ဖြက်နေသော ဖြစ်ရပ်မှန်များအား သက်ဆိုင်ရာများ သိစေရန် 
ကျေးဇူးပြု ShAREပေးကြပါအုန်း အမျိုးတို့

“သည်းမခံနိုင်တော့ဘူးဗျာ ကြာရင် ကျနော်တို့ ခေါင်းဆောင် အမေစုသိက္ခာကျလာမယ်”
NLD ပါတီကို အပြောင်းအလဲအတွက် အားကိုးတကြီး ပြည်တွင်းပြည်ပ က အဖိနှိပ်ခံ မြန်မာ နိုင်ငံသားတွေ ပုံအောပြီး မဲထည့်ပြီးရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။ အဖိနှိပ်ခံဘ၀က လွတ် မြောက်ပါစေတော့ရယ်လို့ အားကိုးယုံကြည်လို့ပါ။
ဒေါ်စုခေါင်းဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ အခြားဝန်ကြီးဌာနတွေမှာ ရက် ၁၀၀ စီမံကိန်းရှိ တယ်လို့သတင်းတွေအရသိရတယ်။
မြန်မာအလုပ်သမားဝန်ကြီးဌာနမှာရှိလား မရှိလားတော့မဆိုနိုင်.... ကျနော်မသိတာလည်းဖြစ်နိုင် တယ်ပေါ့လေ...အလုပ်သမားကိစ္စ ကိုပြောရတာက ကျနော်ကိုယ်တိုင် အလုပ်သမားတစ်ယောက်
ဖြစ်နေလို့ဖြစ်ပါတယ်။
ကျနော် ခုတင်ပြမယ့်အကြောင်းအရာနဲ့ အဖြစ်အပျက်ဟာ အချက်အလက် အတိအကျဖြစ် အောင်တင်ပြခြင်းဖြစ်ပါတယ်။
သက်ဆိုင်သူတွေကိုပုဂ္ဂိုလ်ရေးအရ တစ်စုံတစ်ခုနစ်နာစေချင်လို့ တင်ပြတာမဟုတ်ဘူး။ ဆိုတာကိုတော့ ရှင်တော်မြတ်စွာဘုရားထံမှာ သစ္စာဆိုပါတယ်။ လွဲမှားနေ တဲ့မူနဲ့ အကျင့်ပျက်ခြစားနေတဲ့ ယန္တရား အကြောင်းကို ပြောင်းလဲကုစားစေချင်တာကအဓိကပါ။
(၁) လက်ရှိအလုပ်သမားဝန်ကြီးဌာနဟာ ဦးသိန်းစိန် ၅နှစ်သက်တမ်း အတွင်းအခြေခံအလုပ် သမားတွေထမင်းစားလောက်တဲ့ လစာတစ်ခု ကိုတောင် သတ်မှတ်မပေးနိုင်ဘူးဗျာ။ အဲဒါကိုမှ NLD အစိုးရသစ်ဟာ လက်ကျန် ဗျူရိုကရက်တွေက မိုးကျရွှေကိုယ်။DG လို့ခေါ်ခေါ် အမြဲတမ်း အတွင်း ၀န်လို့ပြောပြော ညွန်ကြားရေးမှူးချုပ်လို့ဆိုဆို။ ဦးမျိုးအောင်ကို ဦးတည်ပြီး အလုပ်သမားဝန်ကြီး ဌာန ခရီးနှင်နေပါတယ်။ မှားလေစွ NLDရေ…ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးလားလို့။
ရိုက်စားဂွင်သမားတွေအနေအထားကို ဘာမှ ဂဃနဏမသိတဲ့ အလုပ်သမားဝန်ကြီးခမျာ ဦးမျိုးအောင်နဲ့ သူ့အောက်က ဒေါ်ခင်နွယ်ဦး တို့ဦး ကျော်ကျော်လွင် တို့တွေ အကုန်လုံးက ထိုင်း နိုင်ငံကို MOU အလုပ်သမား ၆နှစ်ပို့ လိုက်ကြတာထားမကုန်အောင် ချမ်းသာခဲ့ကြပြီ။ ရတဲ့နည်းနဲ့ ကိုယ်ကျိုးရှာခဲ့ကြတဲ့ ပြည်ဖျက်ယန္တရားကြီးနဲ့လည်ပတ်ခဲ့တာကိုဗျ။
NLD ပါတီက လူထုရွေးချယ်ထားတဲ့ပါတီ၊ ရွေးချယ်ခံ ကိုယ်စားလှယ် မဟုတ်တဲ့ DG ဦးမျိုးအောင်တို့ ဒေါ်ခင်နွယ်ဦးတို့၊ ဦးကျော်ကျော်လွင် တို့က အေဂျင်စီပွဲစားတွေနဲ့ပေါင်းပြီး၆နှစ် ဂွင်ရိုက်တာ သူဌေးကြီးတွေဖြစ်နေ ကြပြီ။ အေဂျင်စီတွေဆို သိန်းထောင်ပေါင်းများစွာ တန်တဲ့ အိမ် ကြီးတွေနဲ့ဖြစ် ကုန်ပြီ။ 
ဒါပေမယ့်ထိုင်းကိုပို့ထားတဲ့အလုပ်သမားတွေဒုက္ခရောက်ခဲ့ကြတယ်။ ပြဿနာဟူသမျှကို နိုင်ငံတော်လူကြီးတွေနဲ့တိုင်းပြည်ကို မီဒီယာတွေကိုခေါ်ပြီး သတင်းစာလိမ်ရှင်းခဲ့ကြတယ်ဗျ။ အမှန်တရားကိုဖုံးကွယ်ပြီးပွဲစားတွေနဲ့ပေါင်းပြီးအလုပ်သမားတွေဆီက မတရားအကျိုးအမြတ်ရှာ နေကြတဲ့ ဧရာမ ဗျူရိုကရက်အုပ်စုကြီးဗျ။
မကြာခင်ဖွင့်လှစ်တော့မယ့် မဲဆောက် ပတ်စပို့( CI ) ထုတ်ပေးတဲ့ စခန်းက DG ဦးမျိုးအောင် ရဲ့စခန်းဆိုတာ မဲဆောက်ကထိုင်းတွေ သိထားကြတယ်။ ဒီစခန်းကို စတားပိုင် အိုးနီးယားကိုလုပ်ခွင့် ပေးမယ်။ စတားပိုင်အိုးနီးယားက အတွင်းဝန် ဦးမျိုးအောင်တို့ အတွက် စပွန်ဆာ။ ဘန်ကောက်ကို အလုပ်သမားသံ အရာရှိအဖြစ်ရောက်ရှိနေတဲ့ အလုပ်သမား သံအရာရှိ ဗိုလ်ကြီးဟောင်း ဦးမိုးအောင် ခိုင် ကိုပါစပယ်ရှယ် အိမ်ငှါးပေး ထားကြတယ်။ အလုပ်သမား သံအရာရှိတွေအတွက် ၀ိုင်းဝိုင်း လည် နေကြ တယ်။ ရှယ်။ စုံစမ်းစစ်ဆေးကြည့်ပါ။ မြန်မာ့ဒီမိုခေတ်ကြီးမှာ ဒါမျိုး ရှိသင့်သေး သလားဗျာ။
ဦးမျိုအောင်ဟာ သံရုံးနားက ဘာသာပြန် ၀င်းလှိုင်ဆိုသူနဲ့ မြ၀တီ
ကျောက်လုံးကြီးစခန်းမှာ ထိုင်းဆင်းကဒ်တွေကို တစ်ခုကို ဘတ်၁၀၀ နဲ့ ဖြန့်ချီခွင်ပြုခဲ့တယ်။ ဒါ့အပြင် အသက်အာမခံကြေးဆိုပြီး ထိုင်းကို သွားမယ့်အလုပ်သမားတွေကို ကျပ်ငွေ တစ်သောင်းစီ မပေးမနေရ
ကောက်ခွင့်ပြုခဲ့တယ်။ မဲဆောက်မှာ လိပ်စာမရှိတဲ့ SGG ဒီမန်း ၂၀၀၀ ဦးကျော်ကျော်လွင် နဲ့ ရိုက်စားလုပ်ခဲ့တယ်။ရက်စက်ခဲ့တာတွေ အများကြီးပါဗျာ။ ကျနော်တို့လက်ထဲမှာ အထောက်အထားတွေ
သေတ္တာနဲ့ ထည့် လို့မဆန့်အောင်ပါပဲ။
(၂) “ယခင် အလုပ်သမားဝန်ကြီးဌာန ရွှေလိုဥထားခဲ့တဲ့ ရွှေဥကုမ္ပဏီ (မေ၀င့်ကုမ္ပဏီ) ပြဿနာများ”
အလုပ်သမားဝန်ကြီးဌာနကအယင်လက်ကျန် DGဦးမျိုးအောင် နဲ့ဗျူရိုက်ကရက်တွေဟာပြီးခဲ့ တဲ့၂၁.၁.၂၀၁၆ နေ့က ရန်ကုန်မြို့ ရန်ကင်းသင်တန်းကျောင်းမှာ အလုပ်သမား၂၀၀ဦး (ကျား ၁၄၀ +မ၆၀) တို့ ထိုင်းနိုင်ငံ ပလပ်စတစ်အလုပ်ရုံမှာ လုပ်ရမယ်ဆိုပြီး စာချုပ်ချုပ်ဆိုခဲ့ကြ ပါတယ်။
ရဟန်းသံဃာတစ်ပါးကိုယ်တိုင်အပ်ထားတဲ့အလုပ်သမားတွေပါနေ
တာကြောင့်၃လလောက်ကြာသည့်တိုင်အောင် ထိုင်းကို မပို့ပေးတဲ့ အတွက် မေ၀င့်ကုမ္ပဏီကို သွားမေးတဲ့အခါကြိုက်တဲ့ နေ ရာကိုသွားတိုင် လို့ မောက်မာစွာပြောတာကြောင့် သံဃာတော် ဦးနန္ဒမာလာ ဟာ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနကို သွားရောက်သတင်း ပို့ခဲ့တယ်။ ပြီးမှ ပွဲစားများအဖွဲ့ချုပ်က ဒုက္ကဌ ဦးကျော်ဇော က ကျပ်ငွေ ၂သိန်းကို ပြန်ယူပြီး ကျေအေးပါလို့ ပြောခဲ့ပေမယ့် လက်မခံခဲ့ကြပါဘူး။ စာချုပ်ချုပ်ဆိုစဉ်က ရှိနေတဲ့ ဒေါ်မိုးမိုးသွင် က စာချုပ်ချုပ်ပြီး ၁လအတွင်း မသွားရလို့ရှိရင် ကုမ္ပဏီ ကို တရားစွဲဆိုနိုင်တယ်လို့ပြောခဲ့ပါတယ်။
မေးပါရစေ DG ဦးမျိုးအောင်ခင်ဗျာ.... မေ၀င့် ကုမ္ပဏီဟာ ပြည်တွင်း မှာ ငွေတွေယူပြီးထိုင်းကိုမပို့ပဲထားခဲ့တဲ့ရာပေါင်း များစွာသော အလုပ်သမားကိစ္စ၊ ထိုင်းကိုရောက်တဲ့အခါ စာချုပ်ပါစည်းကမ်းအတိုင်း မဟုတ်တာတွေကို အလုပ်သမားတွေကိုယ်တိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အမှုဖွင့်၊ သတင်းစာတွေရှင်းခဲ့ကြပေမယ့် မေ၀င့်ကတော့
ရွှေဥပါနှော်။ ဘာမှ ခင်ဗျားတို့ အရေးမယူခဲ့ကြဘူးနှော်။ အဲဒီအကျင့်တွေကို အခု NLD အစိုးရလက်ထက်အထိ ယူလာရက်တယ်ဗျာ။
အခု NLD အစိုးရသစ်လက်ထက်မှာကော အထက်ဖေါ်ပြပါ အလုပ်သမား ၂၀၀ ကိစ္စကိုဘယ်လိုရှင်းမလဲ။ ကျနော်ကိုယ်တိုင် လာကြည့် ရတာမဟုတ်လေတော့၊ စာချုပ်စဉ်က ထိုင်းကုမ္ပဏီက ကိုယ်စားလှယ်တို့ ပွဲစားတို့ကောပါရဲ့လားဗျာ။ ပြီးတော့ ဥပဒေမှာ စာချုပ်ချုပ်ပြီး ၃လကြာ တဲ့အထိ မပို့ပဲခွင့်ပြုထားပါသလား။ နေပြည်တော်သွားတိုင်တဲ့ ဆယ်ဂဏန်းလောက်လူကို တစ် ယောက်ကို ကျပ်၂သိန်းပြန်ပေးဖို့ပွဲစားများ အဖွဲ့ချုပ် MOEAF ဒုဥက္ကဌ ဦးကျော်ဇောက ၀င်ညှိ။
ဒီလို ဖြေရှင်းကြအုံးမလား။ရုံးတွေကိုမရောက်ပေါက်နိုင်တဲ့သူတွေအဆုံးခံ။ ၀ါးစေ၊ ဝေစားလားဗျာ။
ရက်ပိုင်းအတွင်းက MAT အဖွဲ့က အလုပ်သမားဝန်ကြီး၊ သမ္မတနဲ့ လွှတ်တော် အလုပ်သမားရေးရာ ကော်မတီကို မေ၀င့်အေဂျင်စီ၊ မိုးမိုး မိသားစုအေဂျင်စီနဲ့ LOVELY WORLD CO,LTD တို့ အလုပ် သမားတွေ အပေါ်မှာ အလွန်အမင်း တာဝန်မဲ့နေတာတွေကို တင်ပြထားတယ်။ ဒီကိစ္စကို ဖုံးကွယ် ဖို့အတွက် ပွဲစားများအဖွဲ့ချုပ် MOEAF ဒုဥက္ကဌ ဦးကျော်ဇော နဲ့ ကိုမြတ်သူ ဆိုသူတို့ ဘန်ကောက် ကို ရောက်နေတယ် လို့သိရတယ်။
သူတို့တွေဟာ အယင်လိုပဲ ဘောစကိုင်းပြုတ်မစားပါဘူး။ ရဲစခန်းမှာ မအိပ်ရပါဘူး၊ အလုပ် သမားတွေကျေနပ်ပါတယ်လို့လက်မှတ်ထိုးခိုင်း၊ အစိုးရလူကြီးတွေကိုလိမ်။ ပြီးတော့ ခရိုနီမီဒီယာ တွေကို စားကောင်းသောက်ကောင်းဟော်တယ်မှာဖိတ်၊ သတင်းလိမ်ရှင်းပွဲလုပ်ပြီး …ထိုင်းက မနာလိုသူ တစ်စုက အစိုးရအချင်းချင်းပို့နေတဲ့MOU ကို ပျက်လိုပျက်စီးလုပ်နေတယ်ဆိုပြီးအစိုးရနဲ့လှည့်ပြီး ရန်တိုက်ကြအုံးမလား။ အယင်ဗျူဟာအတိုင်းဆက်သွားကြအုံးမလား။
ကျနော်တို့ အားကိုးတကြီးရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရအသစ်စက်စက်ခင်ဗျာ။ ၀န်ကြီးအားကိုး၊ DG အားကိုး ပွဲစားဂိုဏ်းကြီး
မြန်မာအလုပ်သမားတွေကို ဒီလိုပဲ အနိုင်ကျင့်ခွင့်ပြု နေအုံးမှာလားလို့ သိချင်ပါတယ်ခင်ဗျာ။ တိုင်းတပါးမှာ မျက်နှာငယ်စွာနဲ့ သူများမလုပ်ချင်တာ လုပ် နေကြရတဲ့ မြန်မာအလုပ်သမားတွေရဲ့ဘ၀ကို ဆက်လက်ပြီးတော့ ပွဲစားတွေနဲ့ပေါင်းစားနေကြတဲ့ DG ကစပြီး စါရေးကြီးအဆုံးထိ ပြောင်း လဲပေး မှ ကျနော်တို့ လေးသန်းလောက်သော အလုပ်သမားတွေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ္မာခြင်းများနဲ့ ပြည့်စုံမယ်လို့အလေးနက် တင်ပြအပ်ပါတယ်။
မှတ်ချက်။ ။ ပြည်ပကို အလုပ်သမားတင်ပို့ရေးအတွက် လူပို့ပွဲစားမလို၊ အစိုးရလည်းခေါင်းရှုပ်စရာလည်းမလို၊ အလုပ်သမားတွေအတွက်လည်း စိတ်ချလက်ချအလုပ်လုပ်ရ၊ မြန်မာနိုင်ငံတော်နဲ့ မြန်မာလူမျိုးလည်း သိက္ခာရှိမယ့် (ပြည်ပကို အလုပ်သမားတင်ပို့ခြင်းဆိုင်ရာ မဟာဗျူဟာ)ကို
ရယူလိုရင် ကျနော်တို့နဲ့ စကားပြောပါလို့ လေးစားစွာ တင်ပြလိုက်ရပါတယ် ခင်ဗျာ။
အခြားသော အကျင့်ပျက်ဂွင်ကိစ္စများကိုလည်း ဖေါ်ထုတ်တင်ပြအုံးမည်။
ဓာတ်ပုံ-မူရင်းတင်သူများ....
Credit to U Saw Maung




Post a Comment

0 Comments

Close Menu