Ad Code

Responsive Advertisement

Visit ကြိယာ to မလိုက်ပါ ၊ နာမ်ဖြစ်မှသာ to လိုက်ပါ



Visit ကြိယာ to မလိုက်ပါ ၊ နာမ်ဖြစ်မှသာ to လိုက်ပါ 
....................................................................
အသုံးလည်းများပါတယ် ၊ မကြာခဏလည်းမှားတတ်ပါတယ် ။ ကျနော်ကိုယ်တိုင်ပဲ ဒီ group ထဲမှာ ..ဒီ visit ကို မှားဖူးလို့ ဆရာမတစ်ယောက်က ပြင်ပေးခဲ့ဖူးပါတယ် ။ အဲဒီလိုပြင်ပေးခဲ့ဖူးတဲ့ အကြွေးကို အတိုးရောအရင်းပါပေါင်းပြီး အခုဆပ်လိုက်ပါပြီ ..
...................................................
Visit ကို “ကြိယာ” အဖြစ်သုံးတဲ့အခါမှာ “to” မလိုက်ရပါဘူး
...
(1) နေရာတစ်ခုကို သွားရောက်လည်ပတ်လျှင် visit ကိုသုံးနိုင်ပါတယ်
If you visit a place, you go there for a short time.
..
(1.1) He'll visit four cities on his trip.
သူ့ရဲ့ ခရီးစဉ်မှာ မြို့လေးခုကို သွားရောက် လည်ပတ်ပါလိမ့်မယ်
.................................
(2) တစ်ယောက်ယောက်အိမ်ကို သွားပြီးအတူနေထိုင်တာ ၊ ဆေးရုံလိုမျိုးမှာ လူနာမေးသွားတာ လူနာစောင့်တာမျိုးတွေကို visit သုံးနိုင်ပါတယ်
If you visit someone, you go to see them at their home or where they are staying, or you stay with them there for a short time.
..
(2.1) I visit my grandmother every year at Christmas.
နှစ်တိုင်းပဲ ခရစ်စမတ်မှာ ကျနော့်အဖွားဆီကို သွားပါတယ်
..
(2.2) When my dad was in hospital, I visited him every day.
ကျနော့်အဖေ ဆေးရုံတက်တုန်းက သူ့ဆီကိုနေ့တိုင်းသွားတွေ့ခဲ့ပါတယ်
.............................................................
(3) ဆရာဝန်ကို သွားပြတာ ၊ ရှေ့နေဆီသွားတိုင်ပင်တာ ၊ ခရစ်ယန်ဘုရားကျောင်းသွားတာ ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသွားတာ ..တွေကိုလည်း visit သုံးနိုင်ပါတယ် 
You can also visit a professional person such as a doctor or lawyer, in order to get treatment or advice.
.
(3.1) He persuaded me to visit a doctor.
သူက ကျနော့်ကို ဆရာဝန်နဲ့ပြဖို့ ဖျောင့်ဖျနားချပါတယ်
.
(3.2) You might need to visit a lawyer before thinking seriously about divorce.
မင်းအနေနဲ့ ကွာရှင်းပြတ်စဲဖို့ကိစ္စကို အတည်မဆုံးဖြတ်ခင် ရှေ့နေဆီသွားပြီး တိုင်ပင်ဖို့ လိုကောင်းလိုမယ်နော်
..
(3.3) I often visited the monastery to listen to the Buddha's dharma.
ဘုရားရှင်ရဲ့တရားတော်တွေကို နာကြားဖို့အတွက် ကျနော်က ဘုန်းတော်ကြီးကျောင်းကို မကြာခဏ သွားပါတယ်
............................................................................
(4) တချို့အမေရိကန်တွေကတော့ Visit ကို with နဲ့ တွဲသုံးတယ်..လို့ဆိုပါတယ်
Some American speakers use visit with instead of 'visit'.
..
(4.1) He wanted to visit WITH his family for a few weeks.
သူက သူ့မိသားစုနဲ့ သီတင်းပတ်အနည်းငယ်ကြာသည်အထိ အတူနေချင်ခဲ့ပါတယ်
.......................................................
(5) visit ဟာ အလည်သွားသည်..လို့တင်မကဘဲ အလည်လာသည် ..လို့လည်း သုံးနိုင်ပါတယ် ၊ လာကြည့်သည်လို့လည်း သုံးနိုင်ပါတယ်
..
(5.1) We don’t live here. We are just visiting.
ကျနော်တို့က ဒီမှာနေတာမဟုတ်ပါဘူး ၊ ခဏအလည်လာနေကြတာပါ ။
.
(5.2) The school inspector is visiting next week.
နောက်တစ်ပတ်မှာ ကျောင်းစစ်ဆေးရေး လာဖို့ရှိပါတယ် (သူက လာကြည့်မှာပေါ့)
...................................................
(6) visit ကို နာမ်ပုဒ် (noun) အဖြစ်ထားပြီး make, pay စတဲ့ ကြိယာများနဲ့ ပေါင်းတဲ့အခါ verb phrase အဖြစ်သုံးနိုင်ပါတယ် ..
တစ်နေရာရာကိုသွားလျှင် make a visit to သုံးနိုင်ပြီး
တစ်ယောက်ယောက်ဆီကိုသွားလျှင် pay a visit to ကိုသုံးနိုင်ပါတယ်
(အားလုံးကို pay a visit နဲ့ပဲ သုံးတာကတော့ ပိုများပါတယ်)
Visit is also a noun. You can make a visit to a place or pay a visit to someone.
...
(6.1) I MADE a visit TO the museum last year.
မနှစ်က ကျနော် ပြတိုက်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်
.
(6.2) Bill PAID a visit TO his aunt in Seattle.
ဘီလ်က ဆီယက်တဲလ် မြို့က သူ့အဒေါ်ဆီကို ခဏသွားပြီးနေခဲ့ပါတယ်
..
(6.3) Please PAY a visit TO our house whenever you are in town.
ခင်ဗျားမြို့ကိုရောက်တဲ့အခါတိုင်း ကျနော်တို့ အိမ်ကို လာပါဗျာ
...........................................
(7) visit ကိုနာမ်ပုဒ် အဖြစ်သီးသန့်လည်း သုံးနိုင်ပါတယ်
..
(7.1) Is this a social visit, or is it business?
အခုဟာက လူမှုရေးအရ အလည်အပတ်လာတာလား စီးပွားရေးကိစ္စနဲ့လာတာလား
..
(7.2) It's my first visit to New York.
အဲဒါက ကျနော့်ရဲ့ ပထမဆုံး နယူးယောက်မြို့ကို အလည်အပတ်သွားတဲ့ခရီးပါ
....................
ကဲဒီလောက်ဆို .. to ထည့်လို့ မှားတဲ့ အမှားတော့ မမှားလောက်တော့ဘူး ထင်ပါရဲ့နော်
အသုံးနည်းတဲ့ပုံစံတွေကိုတော့ ချန်ခဲ့ပါတယ် ..
..
မေတ္တာဖြင့် 
Credit to Sayar  Win Naing Oo
heart emoticon

Post a Comment

0 Comments

Close Menu