Ad Code

Responsive Advertisement

♪ XIAOMI MI MAX နှင့် MIUI 8 တို့ကိုကြေငြာမိတ်ဆက် ♫


တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာပြုလုပ်တဲ့ Xiaomi ရဲ့ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲမှာကြိုတင်အသိပေး ထားသည့်အတိုင်း Mi Max ဆိုတဲ့ Phablet နဲ့ Android အခြေပြုထားပြီးပြန်လည်ဆန်းသစ်ထားသော Ui ဖြစ်သည့် MIUI Rom ရဲ့ အမှတ်စဉ် 8 version ကိုပါတွဲဖက်မိတ်ဆက်ကြော်ငြာပေးခဲ့သည်။


Xiaomi မှယခုထုတ်လုပ်သော Mi Max သည် 6 လက်မ နှင့် 7လက်မ အကြားမျက်နှာပြင်အကျယ်ရှိသောကြောင့် ၎င်းတို့၏ထုတ်ကုန်များထဲတွင်ပထမဆုံးအရွယ်အစားကြီး Phablet အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ Mi Max သည် 6.44 inchs မျက်နှာပြင်အကျယ်ရှိပြီး 1080×1920(342ppi) Full HD မျက်နှာပြင်အရည်အသွေး ကြောင့် အရွယ်အစားကြီးမားသော်လည်း မျက်နှာပြင်အရည်အသွေးအကောင်းမွန်ဆုံးစမတ်ဖုန်းတစ်လုံးဖြစ်သည်။

ထို့ပြင်မျက်နှာပြင်အပေါ်ယံကို အကြမ်းခံစေရန် အစင်းရာ အခြစ်ရာတွေကိုကာကွယ်စေဖို့ Corning Gorilla Glass 4 ကိုအသုံးပြုထားသည်။ CPU အပိုင်းကိုနှစ်မျိုးခွဲခြားထုတ်လုပ်ထားပြီး RAM 3GB /Memory 32GB အတွက်ကို Snapdragon 650 Hexa-Core (Quad-Core 1.4+Dual-Core 1.8) Chipset ကိုအသုံးပြုမည်ဖြစ်ပြီး RAM 3GB /Memory 64GB & RAM 4GB /Memory 128GB တို့အတွက်မှု Snapdragon 652 Octa-Core (Quad-Core 1.4+Quad-Core 1.8) Chipset များကိုအသုံးပြုမည်ဖြစ်သည်။


Memory 32GB ,64GB ,128 GB ဆိုပြီး ၃ မျိုးထုတ်လုပ်မည်ဖြစ်ကာ MicroSD Slot ဖြင့်200GB ထိထပ်မံတိုးမြှင့်အသုံးပြုနိုင်သေးသည်။ ပင်မကင်မရာ16 MP နှင့် မျက်နှာပြင်ကင်မရာ 5MP တို့တပ်ဆင်ထားသည်။ Fingerprint Scanner ကိုကျောဘက်တွင်တပ်ဆင်ထားသည်။

Dual Sim အမျိုးအစားဖြစ်ပြီး 4850 mAh ဘက်ထရီတပ်ဆင်ထားသည်။ Android 6.0 အခြေပြုထားသောMIUI 8 ဖြင့်လည်ပတ်ထားသည်။ ဈေးနူန်းများမှာ 3GB(32GB )=$230 ,3GB (64GB )=$260,4GB (128GB )=$306 တို့ဖြစ်ကြသည်။

Credit to ==> Phone News Up To Date

Post a Comment

0 Comments

Close Menu