Ad Code

Responsive Advertisement

လတ်တလော ပွက်လောရိုက်နေသည့် ကျောက်မျက်ရန်ပုံငွေ ယူရိုငွေ သန်း ၈၀ ပျောက်ဆုံးမှု မနက်ဖြန် သတင်းစာရှင်းလင်းမည်

Photo-၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ နံနက်(၉ )နာရီအချိန်တွင် ကော်မရှင်အဆောက်အဦ၌ ပြုလုပ်သော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အစည်းအဝေး
ယခုရက်ပိုင်းအတွင်း ပွက်လောရိုက်နေသော မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲမှ စာရင်းပျောက်နေသော ယူရိုငွေ သန်း ၈၀ ကိစ္စနှင့်ပတ်သက်၍ မနက်ဖြန် ဇွန် ၂ ရက်နေ့တွင် နေပြည်တော် ရွှေကြာပင်ကျောက်မျက်ရတနာသင်တန်းကျောင်း၌ ကျောက်မျက်ပြပွဲကျင်းပရေးကော်မတီနှင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

ယူရို သန်း ၈၀ စာရင်းပျောက်နေခြင်းကိစ္စအား ၀န်ကြီးဌာန ၃ ခုနှင့် သူရဦးရွှေမန်းဦးဆောင်သော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ထံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ လူပုဂ္ဂိုလ် ၂၁ ဦးက လက်မှတ်ရေးထိုးပြီး တိုင်ကြားစာ ပေးပို့ခဲ့သည်။

 ယင်းတိုင်ကြားစာတွင် ၂၀၀၉ မှ ၂၀၁၆ အထိ အခွန် ၁ ရာခိုင်နှုန်းကောက်ခံရရှိသောငွေပမာဏ ယူရိုငွေ ၈၇ သန်းရှိရာမှ လက်ရှိတွင် ယူရို ၇ သန်းသာကျန်ရှိတော့ကြောင်း၊ ယင်းငွေများထဲမှ သမ္မတဟောင်း ဦးသိန်းစိန်က အနုပညာဦးစီးဌာနအတွက် ယူအက်စ် ၇ သန်း ထုတ်ပေးခဲ့ကြောင်း၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း၏အမည်အောက်တွင် ယူအက်စ် ၅ သန်း ထုတ်ယူခဲ့ကြောင်းများလည်း ဖော်ပြပါရှိသည်။

ထွန်း(နေပြည်တော်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu