Ad Code

Responsive Advertisement

ရွှေပြည်စံ ခရီးသည်ယာဉ်တိမ်းမှောက်၊ ခုနစ်ဦးဒဏ်ရာရ

ခရီးသည်ယာဉ်တိမ်းမှောက်၊ ခုနစ်ဦးဒဏ်ရာရ
နေပြည်တော် ဇွန် ၂

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ်(၂၆၂/၇)နှင့်(၂၆၃/ဝ)ကြား၌ ဇွန် ၂ ရက်က ရွှေပြည်စံခရီးသည်တင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲလမ်း၏ ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်-မန္တလေးလမ်း ဟောင်း ဇေယျာသီရိမြို့နယ် မရင်းကြီး ရွာအနီး၌ နေပြည်တော်ဘက်မှ တပ်ကုန်းဘက်သို့ စိုးဌေးအောင် မောင်းနှင်လာသော 2C/----- ရွှေပြည်စံ ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်း မှောက်သွားခဲ့ရာ ယာဉ်ပေါ်၌ လိုက်ပါ လာသည့် ခရီးသည်ခုနစ်ဦးဒဏ်ရာများရရှိကြောင်းသိရသည်။

''ကားက ရှေ့ကဆိုင်ကယ်ကို ရှောင်လိုက်တာကနေ လမ်းဘေးကို ထိုးကျသွားတာပါ''ဟု ယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသည်တစ်ဦးက ပြောသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း၊ ဒဏ်ရာရရှိသည့်ခရီး သည်များကို နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံနှင့် ပုဗ္ဗသီရိ ခုတင် ၃ဝဝ ဆေးရုံ တို့၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ထွက် ပြေးတိမ်းရှောင်နေသူ ယာဉ်မောင်း အား သက်ဆိုင်ရာရဲစခန်းက အမြန်ဆုံး ဖမ်းဆီး ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း-ကိုမျိုး(ရွှေပေါက္ကံ)
ဓာတ်ပုံ-ကောင်းကင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu