Ad Code

Responsive Advertisement

ကိုရီးယားအမျိုးသမီးတစ်ဦး ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်တစ်ခုတွင် အဓမ္မပြုကျင့်ခံရသည် ဟုဆိုကာ အမှုဖွင့်ထား


ကျိုက်ထို ၊ ၃-၆-၂၀၁၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ ကျိုက်ထီးရိုး တောင်ပေါ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုသည့် ကိုရီးယားနိုင်ငံသူ အမျိုးသမီး တစ်ဦးသည် အဓမ္မပြုကျင့် ခံရသည် ဟု ဆိုကာ ကင်ပွန်းချောင်း နယ်မြေ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။

အဆိုပါ ကိုရီးယားနိုင်ငံသူ မှာ ကျိုက်ထီးရိုး တောင်ပေါ်သို့ မေ ၃၁ ရက်၊ မွန်းတည့် ၁၂ နာရီ ဝန်းကျင်တွင် ရောက်ရှိ လာခဲ့ပြီး ဟိုတယ်တစ်ခု၏ အခန်းအမှတ် (၂၂၆)တွင် တည်းခိုခဲ့ကာ ဇွန် ၁ ရက၊် နံနက်ပိုင်းတွင် အဓမ္မ ပြုကျင့်ခံ ရသည်ဆိုကာ ရန်ကုန်မြို့ ကိုရီးယားသံရုံးထံ ဖုန်းဖြင့် တိုက်ရိုက် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကျိုက်ထို မြို့မရဲစခန်း မှ စခန်းမှူး ကိုကိုဦး ထံမှ သိရသည်။

''အဲဒီ အမျိုးသမီး ပြောပြချက် အရ ည ၁၂ နာရီမှာ အိပ်ရာဝင်ပြီး နံနက် ၇ နာရီမှာ အိပ်ရာနိုးတယ်။ ပြီးတော့ ရေချိုးခန်း ဝင်တော့ အမျိုးသမီးအင်္ဂါ က နာလာတဲ့ အတွက် ကြည့်လိုက်တဲ့ အခါမှာ အမျိုးသားသုံး ကွန်ဒုံးတစ်ခု ထွက်ကျလာတယ်။ အဲဒါကို သံသယ ဖြစ်ပြီးတော့ ရဲကို အကြောင်း မကြားဘဲ ကိုရီးယားသံရုံး ကို အကြောင်းကြား ခဲ့တဲ့အတွက် သံရုံးက ပြည်ထဲရေး ကို ချိတ်လာတော့မှ ကျွန်တော်တို့ သိရတာပါ'' ဟု ကျိုက်ထိုမြို့မ စခန်းမှူး ဦးကိုကိုဦး က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုက်ထို မြို့မရဲစခန်း နှင့် ကင်ပွန်းချောင်း နယ်မြေ ရဲစခန်းတို့မှ ဟိုတယ်သို့ သွားရောက် စစ်ဆေးခဲ့ရာ ကိုရီးယား အမျိုးသမီး တည်းခိုသည့် အခန်းတံခါး များမှာ ထူးခြားမှု မရှိသည့်အပြင် ဟိုတယ် ကောင်တာတွင် ရှိသည့် အခန်းသော့ အပိုမှာ လည်း ပျောက်ဆုံးခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် ဟိုတယ် ဝန်ထမ်း အမျိုးသား ငါးဦးကို စစ်ဆေးခဲ့ရာ သံသယဖြစ်စရာ မတွေ့ရှိ ရသည့် အပြင် ဇွန် ၁ ရက် တွင် ရန်ကုန်မှုခင်း ဌာနမှ မှုခင်း ဆရာဝန်ကြီးထံ ၄င်း၏ မိန်းမကိုယ်ကို လာရောက် စစ်ဆေးခံခဲ့ ရာတွင်လည်း ဒဏ်ရာ မတွေ့ရှိသဖြင့် အဆိုပါ ကိုရီးယား အမျိုးသမီး၏ အင်္ဂါမှ ထွက်ကျခဲ့သည့် ကွန်ဒုံးကို ရန်ကုန်မြို့၊ မှုခင်း ဓာတုဗေဒဌာန သို့ ပို့ဆောင် ထားကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါ အမျိုးသမီးကို ကျိုက်ထိုမြို့နယ် တရားရုံးသို့ ပြန်လည် ခေါ်ယူပြီး ယမန်နေ့တွင် ကြိုတင် ထွက်ဆိုချက် ယူရာ မြန်မာနိုင်ငံသို့ မလာရောက်မီ မေ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၄င်း၏ ချစ်သူနှင့် လိင်ဆက်ဆံ ခဲ့ပြီး လိင်ဆက်ဆံ ရာတွင်လည်း ကွန်ဒုံးသုံး ခဲ့သည်ဟု ထွက်ဆို သွားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ တိုင်ကြားလာမှုနှင့် ပတ်သက်၍ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်း နယ်မြေ ရဲစခန်းမှ (ပ)၃၅/၂ဝ၁၆၊ ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်ပြီး ဆက်လက်စုံစမ်း ဆောင်ရွက် နေကြောင်း၊ အဆိုပါ ကိုရီးယား အမျိုးသမီးကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သတင်း ရရှိသည်။

PyiChitThar
http://www.pyichitthar.com
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu