Ad Code

Responsive Advertisement

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်မှာ အမှားပါနေ

အရင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဉီးတင်အေး လက်ထက်က ရုံးစာတွေကို အခု အစိုးရလက်ထက်မှာ အသေအချာ မစစ်ဆေးပဲ ဖြန့်ခဲ့မိ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က တိုင်းဒေသကြီးနဲ့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တွေ ဖွဲ့ဖို့အတွက် မေလ ၃၀ ရက်နေ့ နေ့စွဲ နဲ့ ညွှန်ကြားလွှာ ထုတ် ခဲ့ရာမှာ အဲဒီ ကော်မရှင်တွေမှာ ပါဝင်မယ့် သူတွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေမှာ နိုင်ငံရေးအရ အမှားတွေ ပါနေတဲ့အတွက် အဲဒီ ကြေညာချက် စာရွက်တွေ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြန်သိမ်းနေရတယ်လို့ သိရပါတယ်။

အဲဒီခန့်အပ်မယ့် လူတွေအတွက် အရည်အချင်း သတ်မှတ်ချက် တခု မှာ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ် ခံထားရ သူ မဖြစ်စေရ ဆိုတဲ့အချက် ပါဝင်နေပါတယ်။

အရင်အစိုးရ သက်တမ်းတုန်း က နိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင် လုပ်ငန်းတွေမှာ ဝင်မပါဖို့ ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။

အရင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဉီးတင်အေး လက်ထက်က ရုံးစာတွေကို အခု အစိုးရလက်ထက်မှာ အသေအချာ မစစ်ဆေးပဲ ဖြန့်မိခဲ့ကြောင်း လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဉီးလှသိန်းက ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။

အဲဒီ စာပိုဒ် အချက်ကို အခုအခါ ပြန်ဖြုတ်ပေးမှာ ဖြစ်တယ်လို့လည်း ဉီးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu