Ad Code

Responsive Advertisement

♪ အနာဂတ် IPHONE တွေမှာ HOME ခလုတ်ကို ဖြုတ်ပစ်ပြီး မျက်နှာပြင်ပြည့် DISPLAY ကို အသုံးပြုသွားမည် ♫


Apple ရဲ့ iPhone 7 အပြင် နောက်ပိုင်းထွက်ရှိလာမယ့် iPhone တွေနဲ့ ပတ်သက်ပြီးတော့ ကောလဟလအမျိုးမျိုးနဲ့ ခန့်မှန်းချက်အမျိုးမျိုးကလည်း ထွက်ပေါ်လျက်ရှိပါတယ်။ Apple ကတော့နောက်ပိုင်းထွက်ရှိလာမယ့် ဖုန်းတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပေမယ့်လည်း ဖုန်းတစ်ခုလုံးကိုအံ့သြဖွယ်ဖြစ်လာအောင် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေမှာတော့အမှန်ပါပဲ။ ၂၀၁၇ အတွင်းမှာမှ iPhone 7 ကို စတင်မိတ်ဆက်သွားဖွယ်ရှိနေပြီး အိပ်မက်ဆန်တဲ့ အဆင့်မြှင့်တင်မှုတွေကို ဒီဖုန်းမှာ တွေ့မြင်ရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မျက်နှာပြင် ဖန်သား အကွေးပုံစံနဲ့ OLED display ကို နောက်ပိုင်းထွက် iPhone တွေမှာ အသုံးပြုလာနိုင်ပြီး ဖုန်းရဲ့ မျက်နှာပြင် အစွန်းတွေထိ display ရောက်နေမယ့် ပုံစံကို Apple က စမ်းသပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။ Apple ရဲ့ အမှတ်သင်္ကေတ Home ခလုတ်ကတော့ ဖုန်း display မျက်နှာပြင်ရဲ့အောက်မှာ ဖိအားသိဆန်ဆာနဲ့ အတူ ကွယ်ပျောက်သွားဖွယ်ရှိပြီး နောက်ပိုင်းမှာ ထပ်မံမြင်တွေ့ရဖွယ်မရှိတော့ပါဘူး။
ဒါ့ကြောင့် နောက်ထွက်လာမယ့် iPhone တွေကတော့ မျက်နှာပြင်ကျယ်ကျယ်နဲ့ အမိုက်စား ဒီဇိုင်းတွေဖြစ်လာနိုင်ပြီး လူတိုင်း လိုချင်တဲ့ပုံစံမျိုးဖြစ်လာပါလိမ့်မယ်။ Apple ကတော့ Home ခလုတ်နေရာမှာ အစားထိုးသွားမယ့် force touch trackpad လုပ်ဆောင်ချက်အတွက် ဖိအားသိ ဆန်ဆာတွေနဲ့အတူ ၊ ဖုန်းမျက်နှာပြင်ရဲ့ ဘယ်နေရာမှာမဆို လက်နဲ့ ထောက်ပြီး အသုံးပြုနိုင်ဖို့အတွက် ဆန်းပြားတဲ့ တီထွင်မှုတွေကို ပြုလုပ်လျက်ရှိနေပြီး Force Touch နည်းပညာအတွက် Apple က မူပိုင်ခွင့်တောင် တင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Apple ကတော့ ကင်မရာပိုင်းကိုလည်း နောက်ပိုင်းထွက်ဖုန်းတွေအတွက် အထူးပြင်ဆင်နေလျက်ရှိနေပါတယ်။ iPhone 6S အထိ ပါဝင်ခဲ့တဲ့ Headjack အပေါက်ကိုလည်း လာမယ့် iPhone တွေမှာ Apple က ဖယ်ရှားသွားမှာဖြစ်ပြီး ကြိုးမဲ့ဆက်သွယ်မှုပြုလုပ်ဖို့အတွက် စီစဉ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။ Apple ကတော့ အဓိကပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ Samsung ရဲ့ Galaxy S7 နဲ့ S7 Edge တို့ထက်သာလွန်တဲ့ ဖုန်းတွေကို နောက်ပိုင်းမှာ ထုတ်လုပ်ချင်နေတာတော့ အမှန်ပဲဖြစ်ပါတယ်။

Credit to ==> Digital Times
www.pyaephyo.com

Post a Comment

0 Comments

Close Menu