Ad Code

Responsive Advertisement

MPT နှင့် Facebook တို့ပူးပေါင်းပြုလုပ်သော Facebook Flex အခမဲ့ ၀န်ဆောင်မှုတွင် ဓာတ်ပုံနှင့် ဗွီဒီယိုကြည့်ရှု၍ မရ


ဇွန်လ ၆ ရက်နေ့မှစတင်မည့် MPT နှင့် Facebook တို့ပူးပေါင်းပြုလုပ်သော အခမဲ့ facebook အသုံးပြုနိုင်မည့် Facebook Flex အခမဲ့ဝန်ဆောင်မှုတွင် ဓာတ်ပုံနှင့် ဗွီဒီယိုကြည့်ရှု၍ မရနိုင်ကြောင်း သိရသည်။

Facebook ၏ ၀န်ဆောင်မှုတစ်ခုဖြစ်သော facebook Flex ကို MPT ဆက်သွယ်ရေးဝန်ဆောင်မှုဖြင့် အခမဲ့သုံးစွဲနိုင်မည်ဖြစ်ပြီး ဓာတ်ပုံနှင့် ဗွီဒီယိုကြည့်ရှု၍ မရနိုင်သော်လည်း ပုံမှန်အတိုင်း Facebook သုံးစွဲသကဲ့သို့ Like , Comment , Chat, Postများတင်နိုင်ကြောင်းသိရသည်။

Facebook Flex အသုံးပြုမည့်သူများသည် အခမဲ့နှင့် ဒေတာအသုံးပြုပုံစံဟူရ်ျ ပုံစံနှစ်မျိုးဖြင့်အသုံးပြု နိုင်မည်ဖြစ်ပြီး Facebookကို စတင်အသုံးပြုမည့် သူများကို ၁၄ ရက်အခမဲ့ အသုံးပြုခွင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“Facebook နဲ့ပူးပေါင်းပြီးဆောင်ရွက်လုပ်ဆောင်တဲ့ ဒီအစီအစဉ်ဟာ မြန်မာပြည်သူပြည်သားတွေကို အင်တာနက်ပေါ်မှာ ပိုပြီးချိတ်ဆက်မှုရှိလာစေဖို့နဲ့ဒီအခမဲ့ အခြေခံစနစ်ပုံစံကနေတစ်ဆင့် လိုချင်သိချင်တဲ့အချက် တွေကို ရယူနိုင်ဖို့ဖြစ်ပါတယ် ဒီပူးပေါင်းမှုဟာ မြန်မာပြည်ဆက်သွယ်ရေးကဏ္ဍမှာနောက်ထပ်မှတ်တိုင်သစ်တခု စိုက်ထူလိုက်တာဖြစ်ပြီး အင်တာနက်ပေါ်မှာရှိတဲ့ အခြေခံသတင်းအချက်အလက်တွေနဲ့ အခြားတန်ဖိုးရှိတဲ့ အချက်အလက်တွေကို အသုံးပြုနိုင်မယ့် နောက်ထပ်အခွင့်အရေးတစ်ခုကို ဖန်တီးလိုက်တာလဲဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commerical Offricer ဖြစ်သူ Mr.Koichi Kawase ကပြောကြားသည်။

Facebook Flex ၀န်ဆောင်မှုကိုအသုံးပြုမည့်သူများအနေဖြင့် MPTဖုန်းဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်း၏ SIM Slot 1 တွင်သာအသုံးပြုနိုင်မည်ဖြစ်ကာ Android ဖုန်းများအနေဖြင့် မိမိတို့အသုံးပြုနေသော Application ဖြင့်သာအသုံးပြုနိုင်ပြီး ISOဖုန်းများအတွက်ကိုမူ Broswer မှဝင်ရောက်အသုံးပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်သော MPT သည် မြန်မာနိုင်ငံတွင် အသုံးပြုသုအများဆုံး ကွန်ရက်တစ်ခုဖြစ်ရာ ပြီးခဲ့သည့် မေလက အသုံးပြုသူ သန်း၂၀ပြည့်ခဲ့သည်။

MPT သည် ဂျပန်နိုင်ငံရှိ KDDI ကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့နှင့် လုပ်ငန်းပူးပေါင်းလုပ်ကိုင်ရန် ၂၀၁၄ ဇူလိုင်လတွင် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး KDDIကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုးတက်စေရန်အတွက် အမေရိကန်ဒေါ်လာ နှစ် ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။

လင်းလင်းထက်
The Ladies News
https://www.facebook.com/News.TheLadies/
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu