Ad Code

Responsive Advertisement

Samsung Galaxy S6 Edge+ SM-G928T ဖုန်းအတွက် ဗားရှင်း Android 6.0.1 Root လုပ်နည်း


Samsung Galaxy S6 Edge+ SM-G928T ဖုန်းအတွက် 
ဗားရှင်း Android 6.0.1 Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

ဒီဖုန်းရဲ့ Android 6.0.1 ကိုလည်း Chainfire ရဲ့ CF-Auto-Root tool ဖြင့်
Odin မှ အလွယ်တကူ Flash ပေးပြီး Root access ရယူနိုင်ပါတယ်။


Chainfire ရဲ့ CF-Auto-Root သည် One Click Root apk များထက်
ကောင်းမွန်တယ်လို့ထင်ပါတယ်၊ တစ်ခါတလေ Kingroot apk ဖြင့်
အဆင်ပြေတယ်ဆိုပေမယ့် အခန့်မသင့်ရင် Firmware က brick ဖြစ်တာ
များပါတယ်၊ ဒါကြောင့် မိမိဖုန်းကို Root လုပ်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့
အလွယ်ကူဆုံး နည်းလမ်းများဖြင့် brick ဖြစ်ခြင်းနည်းပါးပြီး စိတ်ချရတဲ့
ဒီ Chainfire ရဲ့ CF-Auto-Root ကို အသုံးပြုစေချင်ပါတယ်။

လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Galaxy S6 Edge+ SM-G928T ဖုန်းအတွက်
သီးသန့်ဖြစ်ပြီး။ Android 6.0.1 ကိုသာ Root လုပ်ပြထားခြင်းလည်းဖြစ်ပါတယ်။ 

တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

ငြင်းဆိုချက်
=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။





 CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။

ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ

Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။

 ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


Post a Comment

0 Comments

Close Menu