Ad Code

Responsive Advertisement

♪ ကွန်ပြူတာကော USB TYPE-C သုံးဖုန်းတွေမှာပါ သုံးနိုင်မယ့် ခေါင်းနှစ်ခုပါ မမ်မိုရီစတစ်ကို SANDISK မိတ်ဆက် ♫


microUSB နေရာမှာ အစားဝင်လာတဲ့ USB Type-C ဆိုတာ Xiaomi Mi5 ၊ Huawei P9 ၊ Meizu Pro 5 စတဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ USB စံနှုန်းတစ်ခုဖြစ်ပြီး၊ ပါဝါကော ဒေတာအပြောင်းအရွှေ့ပါ လုပ်နိုင်သလို၊ မြန်နှုန်းလည်း ပိုမိုမြန်ဆန်ပါတယ်။

အခုလို အသုံးများ၊ တွင်ကျယ်လာတဲ့ USB Type-C devices တွေအတွက် အဆင်ပြေစေမယ့် USB-A ခေါင်းကော USB-C ခေါင်းပါ နှစ်ခုပါတဲ့ flash drive တစ်မျိုးကို SanDisk က ထပ်မံထုတ်လုပ်လိုက်ပါပြီ။

“SanDisk Ultra Dual Drive USB Type-C flash drive” လို့ အမည်ပေးထားတဲ့ SanDisk ရဲ့ ဒုတိယမျိုးဆက် USB Type-C မမ်မိုရီစတစ် (flash drive) ဟာ ဘေးဘက်မှာ ဆလိုက်တစ်ခုပါရှိပြီး၊ တစ်ဖက်ကို ဆွဲလိုက်ရင် USB-A ခေါင်းနဲ့ နောက်ထပ်တစ်ဖက်ကို ဆွဲလိုက်ရင် USB-C ခေါင်းတစ်ခု ထွက်လာမှာဖြစ်ပါတယ်။

ဒီ စတစ်တွေက ဘယ်မှာအသုံးဝင်မလဲဆိုတော့ သာမန် USB-A သုံး လက်ပ်တော့တွေကနေ ဖိုင်တွေကို ကူးယူကာ၊ USB-C သုံးထားတဲ့ ကိုယ့်ဖုန်းထဲ အလျင်အမြန်ပြောင်းထည့်နိုင်မှာပါ။
16 GB ၊ 32 GB ၊ 64 GB နဲ့ 128 GB ဆိုပြီး မော်ဒယ်အမျိုးမျိုးရရှိနိုင်မှာဖြစ်ကာ၊ ဒေတာအကူးအပြောင်းမြန်နှုန်းက တစ်စက္ကန့်ကို 150 MB အထိရှိတယ်လို့ သိရပါတယ်။

SanDisk Ultra Dual Drive တွေကို လက်ရှိမှာ Amazon ကနေ ၀ယ်ယူရရှိနိုင်ပြီဖြစ်ကာ၊ 16 GB အတွက် ဒေါ်လာ ၂၀ ၊ 32 GB အတွက် ဒေါ်လာ ၃၀ ၊ 64 GB ဆို ဒေါ်လာ ၄၀ နဲ့ 128 GB အတွက် ဒေါ်လာ ၇၀ လောက် ကျသင့်မှာဖြစ်ပါတယ်။
Credit to ==> Digital Times
http://www.winkabarkyaw.net/

Post a Comment

0 Comments

Close Menu