Saturday, July 23, 2016

AAC မဟာမိတ်အဖွဲ့ ဟာ NGO မဟုတ်ဘူး။ ကိုယ်ထူကိုယ်ထ အဖွဲ့စစ်စစ်ဖြစ်တယ်။


၂၁.၇.၂၀၁၆
ဒုက္ခတွေနဲ့ AAC ရုံးကိုရောက်လာတဲ့ ကျွန်တော်တို့
မြန်မာအလုပ်သမားတွေကို ခုလိုရုံးခန်းကျဉ်းကျဉ်း
လေးမှာထားရတာ ကျတော်စိတ်မကောင်းဘူး။
သူတို့ အတွက် အိပ်ဖို့စားဖို့နေရာကောင်းကောင်းလေးမှာ
ကျွန်တော်ထားချင်ပါတယ် .....
ဒါပေမဲ့ ကျွန်တော်တို့ AAC အဖွဲ့ ကို ဘယ်အဖွဲ့အစည်း
ဘယ် ပုဂ္ဂိုလ်ကမှ အမာခံထောက်ပံမပေးထားဘူးလေ။
သူများ လွှမ်းမိုးချုပ်ကိုင်ပြီး အလုပ်သမားတွေကို
လွတ်လွတ်လပ်လပ် မကူညီနိင်မှာ စိုးလို့ ဘယ်သူ
အထောက်အပံမှ မယူခဲ့ပါဘူး။
မင်းတို့ ဒီအမှုမလုပ်နဲ့ ရပ်လိုက်ဆိုပြီး ဘတ်ငွေ သိန်းနဲ့ချီ
ပေးတာတောင် မယူခဲ့ပဲ အမုန်းခံပြီး
အမှန်တရားအတွက် အလုပ်သမားအတွက်ပဲ
ဆက်လုပ်တယ်။
AAC မဟာမိတ်အဖွဲ့ ဟာ NGO မဟုတ်ဘူး။
ကိုယ်ထူကိုယ်ထ အဖွဲ့စစ်စစ်ဖြစ်တယ်။
ဒုက္ခရောက်နေတဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေ
ဆီကနေ တစ်ပြားတစ်ချပ်မှ မယူခဲ့ဖူးဘူး။
AAC တွေရဲ့ ရိုးသားမှု ကိုယ်ကျင့်သိက္ခာကို ကြိုက်တဲ့
ပေတံနဲ့ လာတိုင်းပါ AAC ကမှတ်ကျောက်တင်ခံနိင်ရဲတယ်။
AAC အဖွဲ့ ထဲမှာ ချမ်းသာပါတယ်ဆိုတဲ့ လူတစ်ယောက်မှ
မပါဘူး။ 
အလုပ်သမားရေးကို စိတ်ပါလက်ပါနဲ့ ပေးဆပ်ချင်တဲ့
စိတ်သက်သက်နဲ့ လုပ်နေတာဖြစ်တယ်။
နာမည်ကြီးဖို့ ဆုတွေရဖို့ အထောက်အပံတွေရဖို့
လုပ်နေတာ မဟုတ်ပါဘူး။
AAC မှာ ကျတော်ကိုယ်တိုင်က အမေ့ကို ငွေပို့နိင်ဖို့
အမေ့ကို ထောက်ပံပေးနိင်ဖို့ အတတ်နိင်ဆုံး
ချွေတာစားပြီး မှ အမေ့ကိုထောက်ပံပေးနိင်ဖို့
အသည်းအသန်ကြိုးစားနေရတာပါ။ ဒါတောင်မှ
လတိုင်း ကျတော့် အမေ့ကိုမထောက်ပံနိင်ပါ။
လစဉ် ရုံးခန်းခအတွက် AAC ဒါရိုတ်တာဦးခိုင်နဲ့ ကျတော်
လကုန်ခါနီးတိုင်း ခေါင်းကိုက်ခံပြီး AAC ရုံးလေးကို 
ပျက်မသွားအောင် ရပ်တည်နေရတာပါ။
ဘန်ကောက်မြန်မာသံရုံးရဲ့ အလုပ်သမားကူညီ
စောင့်ရှောက်ရေး ကော်မတီဝင်တွေ ဖြစ်ပေမဲ့
မြန်မာသံရုံးက လခလည်းမပေးသလို အလုပ်သမား
တွေကို ကူညီပေးဖို့သွားလာတဲ့ လမ်းစရိတ်မျိုးတွေကို
လည်း တစ်ပြားမှ မပေးပါဘူး။
မယုံရင် သံအမတ်ကြီးဦးဝင်းမောင်ကို ဖုံးဆက်မေးကြည့်ပါ။
AAC ဟာ ပြည်ပမှာဒုက္ခရောက်နေတဲ့ မြန်မာလုပ်သားတွေ
ကို မျိုးချစ်စိတ်နဲ့ ကူညီချင်တဲ့စိတ်သက်သက်နဲ့ ဖွဲ့စည်း
ထားတာဖြစ်ပါတယ်။
AAC အဖွဲ့ဟာ မချမ်းသာပါ။
AAC ဆင်းရဲပါတယ်။
ရုံးခန်းအကြီးကြီးလည်း မပိုင်ဆိုင်ပါ။
အဆင်ပြေတဲ့ အလုပ်သမားအချို့ ကူညီလှုဒါန်းပေးနေ
တဲ့ အလှုငွေလေးတွေနဲ့ အဖွဲ့ပျက်မသွားအောင်
အားတင်းရပ်တည်နေရတာဖြစ်ပါတယ်။
ဒီလောက် ဆို AAC ဘာလဲ ဘယ်လဲ မေးနေသူတွေ
AAC ကဘာလဲဆိုတာ သဘောပေါက်လောက်ပါပြီနော်။
ပြီးတော့ AAC အဖွဲ့ကို အမြဲရပ်တည်နိင်ပါစေ လို့
ဆုတောင်းမပေးကြပါနဲ့။ AAC ရှိနေသရွေ့ ထိုင်းမှာ
မြန်မာလုပ်သားတွေ ဒုက္ခရောက်နေလို့ ရှိနေလို့ပေါ့
မြန်မာတွေ ထိုင်းမှာမရှိတော့ရင် ဒုက္ခသည်မြန်မာလုပ်သား
တွေ ထိုင်းမှာ မရှိတော့ရင် ''AAC''လည်း မြန်မာတွေနဲ့ 
အတူ မြန်မာပြည်အတူတူပြန်မယ်လေ။
ထိုင်းမှာ မြန်မာတွေမရှိရင် ထိုင်းမှာ AAC လည်းမရှိတော့
ဘူးလေ။ AAC တွေလည်း အိမ်ပြန်ချင်နေပြီ ။ ။
ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့
ကျွန်တစ်ယောက်အဖြစ် မိမိကိုယ် မိမိခံယူထားတဲ့
ရင်ဘတ်ထဲမှာ နင့်နေတဲ့ ခံစားချက်များစွာဖြင့် ...
ရဲမင်း(AAC မဟာမိတ်အဖွဲ့)
Credit to Ko Ye Min



ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အားလုံးအဆင်ပြေကြပါစေလို့
မေတ္တာပို့ရင် AAC အဖွဲ့ကို လေးစားလျက်
ကျိုက္ခမီသား လင်းနိုင်ဦး

0 comments:

Post a Comment