Saturday, July 23, 2016

မြန်မာလုပ်သားတစ်ဦးကို ထိုင်းလူမျိုးအလုပ်ရှင်သဌေး က အခန်းပိတ်သံကြိုးနဲ့ ရိုတ်နှက်နှိပ်စက်ပြီး အလုပ်ရုံထဲမှ မောင်းထုတ်ခဲ့

၂၀.၇.၂၀၁၆
မြန်မာလုပ်သားတစ်ဦးကို ထိုင်းလူမျိုးအလုပ်ရှင်သဌေး က
အခန်းပိတ်သံကြိုးနဲ့ ရိုတ်နှက်နှိပ်စက်ပြီး အလုပ်ရုံထဲမှ
မောင်းထုတ်ခဲ့''AAC''အဖွဲ့မှ လူမဆန်စွာရိုတ်နှက်သော
အလုပ်ရှင်အား ယနေ့ရဲစခန်းတွင်အမှုဖွင့်တရားစွဲဆိုနေပါ
တယ်။
ကိုအောင်ဇော်မြင့် အသက်(၂၇) နှစ်ဟာ အုန်းရိုင်Big C အ
နီးက PPC သံရုံက အလုပ်သမားဖြစ်ပြီး အလုပ်ရုံထဲမှာပဲ
နေထိုင်သူပါ။ လင်မယားစကားအနည်းငယ်များတာကို
အရက်မူးနေတဲ့အလုပ်ရှင်မှ နားငြီးတယ်ဆိုပြီး စက်တီးသံ
ကြိုးနဲ့ အခန်းပိတ်ပြီးရိုတ်နှက်နှိပ်စက်တာဖြစ်ပါတယ်။
ရိုတ်နှက်ခံရသူ မြန်မာပြည် ဘားအံမြို့က ကိုအောင်ဇော်
မြင့် အသက်(၂၇)နှစ်ဟာ ထိုင်းစကားပြောတတ်တဲ့အတွက်
အခန်းထဲဝင် ရိုတ်နှက်တဲ့ သဌေးကိုတောင်းပန်ပေမဲ့ သဌေး
က''မင်းတို့ဗမာတွေ မင်းတို့ဗမာတွေ''လို့ပြောပြီး ရက်ရက်
စက်စက် သံမဏီမျှင်များနဲ့လိမ်ကျစ်ထားတဲ့သံကြိုးနဲ့ ရိုတ်
နှက်နှိပ်စက်ခဲ့တာပါ။ အမြင်မတော်တဲ့ ထိုင်းလူမျိုးအချို့က
လာရောက်တားမြစ်မှသာ လွှတ်ပေးခဲပြီး အသေရိုတ်သတ်
တာပါ လို့ ကိုအောင်ဇော်မြင့်က ပြောပါတယ်။
AAC အဖွဲ့မှ ထိုင်းရဲစခန်းမှာ အမှုဖွင့်အလုပ်ရှင်ကို ဆင့်ခေါ်
ခဲ့ပေမဲ့ အလုပ်ရှင်သဌေးက ရဲစခန်းကို မလာရဲခဲ့ပါဘူး။
''အလုပ်ရှင်သဌေးကို ကျတော်တို့ AAC က ရဲစခန်းကနေ
တစ်ဆင့် ဆင့်ခေါ်ခဲ့ပေမဲ့ သူကမလာရဲပါဘူး။ ဒါကြောင့်
ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ခဲ့ပါတယ်။ မနက်ဖြန်မှာတော့
အလုပ်ရှင်ဘက်က မဖြစ်မနေလာရမှာပါ။မနက်ဖြန်မှာတော့
အလုပ်ရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှာပါ။ ဒီလို မတရား
အနိင်ကျင့်တာကို AAC ကလက်မခံပါဘူး သံအမတ်ကြီးကို
လည်းသတင်းပို့ထားပါပြီ''လို့ AAC ဒါရိုတ်တာဦးခိုင် မှပြော
သည်။
ပုံအညွှန်း-ယနေ့ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနေသော
ကိုအောင်ဇော်မြင့်နဲ့ AAC အဖွဲ့ဝင်များ
ထိုင်းနိင်ငံ နခွန်ပထုံမြို့နယ်
အုန်းရိုင်နယ်မြေ ဝက်လက်ခင်ရဲစခန်း
၂၀ ဇူလိုင် ၂၀၁၆
မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး
ကော်မတီအဖွဲ့ဝင်''AAC''မဟာမိတ်အဖွဲ့
ထိုင်းအခြေစိုက်
Credit to Ko Ye Min

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အားလုံးအဆင်ပြေကြပါစေလို့
မေတ္တာပို့ရင် AAC အဖွဲ့ကို လေးစားလျက်
ကျိုက္ခမီသား လင်းနိုင်ဦး











0 comments:

Post a Comment