Sunday, July 24, 2016

အလုပ်နေ့စဉ်မရှိ လုပ်အားခနှစ်လစာ မရသေးတဲ့လပ်ဘူရီ ခရိုင်ဘန့်ပုံမြို့နယ် လုံမေဂျီလတ်ကြာဇံရုံက မြန်မာလုပ်သား တွေ အလုပ်ရုံတွင်းပြန်ဝင်ပြီးပုံမှန်အတိုင်းအလုပ်ပြန်ဝင်ပါ ပြီ။

အလုပ်နေ့စဉ်မရှိ လုပ်အားခနှစ်လစာ မရသေးတဲ့လပ်ဘူရီ
ခရိုင်ဘန့်ပုံမြို့နယ် လုံမေဂျီလတ်ကြာဇံရုံက မြန်မာလုပ်သား
တွေ အလုပ်ရုံတွင်းပြန်ဝင်ပြီးပုံမှန်အတိုင်းအလုပ်ပြန်ဝင်ပါ
ပြီ။ 
အလုပ်ရှင်မှလည်း ၂ လစာလုပ်အားခလက်ကျန်ငွေ
များကို လာမယ့် ၂၅ ရက် တနင်္လာနေ့ ညနေမှာ ပေးချေသွား
မှာဖြစ်ပြီး အလုပ်ကိုနေ့စဉ်ဆင်းခိုင်းပါမယ်လို့ ထိုင်းစစ်တပ်
ထိုင်းအာဏာပိုင်များနဲ့ ထိုင်းနိင်ငံအလုပ်သမားကာကွယ်ရေး
ဌာနတာဝန်ရှိသူများ ရှေ့မှောက်မှာဝန်ခံဂတိလက်မှတ်ရေး
ထိုးခဲ့ကြပါတယ်။
မြန်မာသံရုံးအလုပ်သမားသံအရာရှိဦးအောင်ကိုသန်း မှ
လည်း''AAC''အဖွဲ့ နဲ့ ပူးပေါင်း၍ အလုပ်ရှင်နဲ့အလုပ်သမား
ကြား ပြေလည်အောင်ညှိနိုင်းဖြေရှင်းပေးခဲ့ပါသည်။
အလုပ်သမားများဟာ ခုချိန်မှာတော့ လမ်းပေါ်မှာရှိမနေ
တော့ပဲ နေနေကြအဆောင်များသို့ ငြိမ်းချမ်းစွာ ပြန်လည်
ဝင်ရောက်သွားပြီး မြန်မာပြည်ကိုပြန်ပို့ခံရနိင်တဲ့ mou လုပ်
သားတွေကို AAC ကကူညီကယ်တင်ပေးနိင်ခဲ့ပါတယ်။
MOONBEAM အေဂျင်စီကပို့ဆောင်ထားတဲ့ mou လုပ်
သားတွေဖြစ်ပါတယ်။ ကျား ၉၀ ဦး မ ၃၉ ဦးပါ။ 
နောက်ထပ်ပူးပေါင်းသူ ၁၃ ဦးမှာ ကျား ၈ ဦး မ ၅ ဦးပါ။
စုစုပေါင်း ကျား ၉၈ ဦး မ ၄၄ ဦး အားလုံးပေါင်း ၁၅၂ ဦးပါ။
ပုံ- အလုပ်သမားများနဲ့အတူ ထိုင်းအာဏာပိုင်များ အလုပ်
ရှင်သဌေးများ သံအရာရှိဦးအောင်ကိုသန်း နဲ့ AAC အဖွဲ့
ဝင်များ ဘန့်ပုံဘုန်းကြီးကျောင်းအတွင်းဖြေရှင်းနေကြစဉ်
၂၃ ဇူလိုင် ၂၀၁၆
စနေနေ့ ညပိုင်း ၈ နာရီ ခွဲ
လပ်ဘူရီခရိုင်
AAC မဟာမိတ်အဖွဲ့
Facebook Link:

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အားလုံးအဆင်ပြေကြပါစေလို့
မေတ္တာပို့ရင် AAC အဖွဲ့ကို လေးစားလျက်
ကျိုက္ခမီသား လင်းနိုင်ဦး

















0 comments:

Post a Comment