Friday, August 19, 2016

စွန့်ဦးစီးပွားရှင်များ နေ့စဉ်ကိုယ်တိုင်ဂရုစိုက်လုပ်ဖို့လိုတဲ့ အချက် (၅) ချက်



စွန့်ဦးစီးပွားရှင်တစ်ယောက်ဆိုတာ စိန်ခေါ်မှုတွေနဲ့ အမြင်ရင်ဆိုင်နေရတာပါ။ နေ့တိုင်းမှာ လိုအပ်ချက်တွေ မပြည့်စုံမှုတွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်နေရတယ်။ ဒါပေမယ့် တစ်ကယ်လို့ ကိုယ့်လုပ်ငန်းထက် ကိုယ့်ကိုယ်ကို ပိုပြီးဦးစားပေးဖို့ မေ့နေတယ်ဆိုရင် ရည်မှန်းချက်ကို လျှောက်လှမ်းရာမှာ အရမ်းခက်ခဲသွားစေမယ်ဆိုတာကို သတိပြုသင့်ပါတယ်။
ဟုတ်ပြီ ဒါဆို ကိုယ့်ဘဝ၊ ကိုယ်လုပ်ငန်းကို အမြင့်ဆုံးအောင်မြင်မှုတွေရောက်နိုင်ဖို့ သေချာစေမဲ့ ကိုယ်တိုင်နေ့စဉ်လုပ်နိုင်တဲ့ အချက် (၅) ချက်ရှိပါတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ပါ။
၁။ အိပ်ရေးဝဝအိပ်ပါ
လက်တလော နှစ်တွေအတွင်း လေ့လာခဲ့တဲ့ စစ်တမ်းတွေမှာတော့ အိပ်ချိန်ချို့တဲ့ရင် ပျက်ဆီးဆုံးရှုံးမှုတွေ အများကြီးဖြစ်တယ်ဆိုတာကို ပြနေပါတယ်။ 
အိပ်ရေးမဝလို့ ဖြစ်သွားတဲ့ အကျိုးသက်ရောက်မှု တစ်ချို့တော့ရှိပါတယ်။
ဘာတွေပါလဲဆိုတော့ မှတ်ဥာဏ်တွေနိမ့်လာတာ၊ ဆုံးဖြတ်ချက်တွေနှေးလာတာ၊ ပြသနာဖြေရှင်းနိုင်မှု မရှိတာ၊ စိတ်ရောကိုယ်ပါ အားနည်းလာတာ၊(ကိုယ့်ကိုယ် ထိခိုက်ခံစားလွယ်စေတယ်၊ ထိခိုက်ဒဏ်ရာ နဲ့ နေမကောင်းဖြစ်တာတွေလဲ လွယ်လွယ်ဖြစ်စေတယ်) ပြီးတော့ ကျန်တဲ့တစ်ခုက အရမ်းဝလာစေပါတယ်။
ဒီနေရာမှာပြောချင်တာက ရှင်းပါတယ်။ အိပ်ချိန်အလုံအလောက်ယူပါ။ ပြီးတော့ အိပ်ရင်လည်း အကျိုးရှိရှိဖြစ်အောင်အိပ်ပါ။
၂။ လေ့ကျင့်ခန်းလုပ်ပါ
အိပ်ချိန်အလုံအလောက်ယူသလိုပဲ လေ့ကျင့်ခန်းလုပ်ခြင်းကလဲ ကိုယ့်စီးပွားရေးလုပ်ငန်းထက် ပိုဦးစားပေးပြီး ပုံမှန်လုပ်သင့်တဲ့ အခြေခံအချက်တစ်ခုပါ။
လေ့ကျင့်ခန်းလုပ်ခြင်းးဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အများကြီး အကျိုးဖြစ်ထွန်းစေပါတယ်။ စိတ်ပျော်ရွှင်မှုအဆင့်ကိုတက်စေပါတယ် ပြီးတော့ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းတွေကို အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ကျန်းမာပျော်ရွှင်စွာနဲ့ ဘဝကို အသက်ရှည်ရှည်နေဖြစ်အောင် အကူအညီပေးပါတယ်။ တစ်နေ့ကို မိနစ် ၂၀ လောက် လေ့ကျင့်ခန်းလုပ်ဖြစ်ရင်တော့ မဆိုဘူးပေါ့။

၃။ အနားယူပါ
စွန့်ဦးစီးပွားရှင်အများစုဟာ နားရက်မယူပဲ တစ်ပတ်မှာ ၇ ရက် အလုပ်လုပ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့အနေနဲ့ တစ်ပတ်ကို တစ်ရက်တော့ အနားယူချိန်သတ်မှတ်သင့်ပါတယ်။
အပတ်စဉ်တိုင်းမှာ အလုပ်တွေအားလုံးကနေ(email စစ်တာတွေအပါအဝင်) အလုပ်ပိတ်ရက် တစ်ရက်ယူခြင်းဟာ ကိုယ့်ရဲ့ ကိုယ်စိတ်နှစ်ပါးလုံးကို ပြန်လည်အားပြည့်စေပါတယ်။ လောင်စာ ပြန်ပြည့်စေပါတယ်။ ကိုယ့်ရဲ့ အလုပ်ကို လတ်ဆတ်တဲ့စိတ်ကူးအမြင်တွေနဲ့ ပြန်လာပြီး အလုပ်မှာအချိန်အကြာကြီး ရှိနေတာထက် စွမ်းအင်တွေ ပိုရှိလာစေပါတယ်။
ကိုယ့်အလုပ်ပိတ်ရက်ရောက်တဲ့အခါမှာလည်း ကိုယ့်အချိန်ကို အကျိုးရှိရှိအသုံးချဖို့တော့ သေသေချာချာလုပ်ပါ။ အဲဒီနေ့မှာ ကိုယ့်နဲ့ စိတ်တူကိုယ်တူ ဖြစ်မဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ အပြင်ထွက်လည်၊ စိတ်ဝင်စားတဲ့ စာအုပ်ဖတ်၊ အိမ်ထောင်သည်ဆိုရင်လည်း ကိုယ့်ကလေးတွေနဲ့ အတူကစား၊ ဒါမှမဟုတ် သူတို့ကို သဘာဝရှုခင်းတွေနဲ့ နီးစပ်တဲ့ အပြင်ကိုခေါ်သွား။ ၁၂ နာရီလုံး အိပ်ပြီးတော့ အချိန်မဖြုန်းမိပါစေနဲ့ ဒါမှအဟုတ် TV ရှေ့မှာပဲ တစ်ချိန်လုံးထိုင်မနေပါနဲ့။
၎။ တရားထိုင်ပါ
မိနစ် ၂၀ လောက် ဘာမှမလုပ်ပဲ ထိုင်နေကြည့်ပါ။ အဲဒါအချိန်ဖြုန်းတာလား။ ဒါကိုအချိန်ဖြုန်းတယ်လို့ ပြောလို့မရပါဘူး။ တရားထိုင်ခြင်းဟာ ကိုယ်နဲ့ ကိုယ့်လုပ်ငန်းအပေါ်မှာ အကျိုးရလဒ် ကြီးကြီးမားမား ရစေတယ်လို့ သိပ္ပံပညာအရကို ရှင်းထားတာတွေလဲ ရှိပါတယ်။
တရားထိုင်ခြင်းဟာ ကိုယ့်ရဲ့ အာရုံစူးစိုက်စွမ်းရည်၊ တီတွင်ဖန်တီးမှု နဲ့ အလုံးစုံပျော်ရွှင်မှု အဆင့်တွေကို မြှင့်တင်ရာမှာ အထောက်အကူပြုကြောင်း သက်သေပြပြီးပါပြီ။ အကောင်းဆုံး အချက်ကတော့ ကိုယ်ဘာလုပ်လုပ် စိတ်ပျံ့လွင့်ခြင်းမရှိတော့ပါဘူး။ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ တရားထိုင်ကြည့်ပါ ကိုယ့်ရဲ့ ကိုယ်စိတ်နှစ်ခုလုံးဟာ အံ့ဖွယ်စွမ်းဆောင်ရည်တွေရလာပါလိမ့်မယ်။
၅။ ကိုယ့်အောင်မြင်မှု အသေးလေးတွေကို မှတ်သားထားပါ
ကိုယ့်စားပွဲခုံနားမှား ဘောပင်တစ်ချောင်းနဲ့ စာရွက်လေးတစ်ရွက်ချထားပါ။ နေ့တိုင်းရဲ့ နောက်ဆုံးအချိန်မှာ အဲဒီနေ့အတွက် ကိုယ့်ရလိုက်တဲ့အောင်ပွဲသေးသေးလေးတွေကို ကိုယ်တိုင်အောင်ပွဲခံပြီး ရေးမှတ်ထားလိုက်ပါ။
ဥပမာအားဖြင့် ငါတော့ဒီနေ့ မနေ့ကထက် တစ်သောင်းဖိုးဈေးပိုရောင်းနိုင်ခဲ့တယ်၊ ငါတော့ ဒီနေ့ ကွမ်းလုံးဝမစားဖြစ်ဘူး၊ ဆေးလိပ် တစ်လိပ်ပဲသောက်ဖြစ်တယ်။ မနေ့ကထက် အသုံးစရိတ် သုံးထောင်လောက်ချွေတာလိုက်နိုင်တယ်။ - စီးပွားရှင်) သိပ်ပြီးကြီးကြီးကျယ်ကျယ် လုပ်ရတာမှမဟုတ်တာ။ အဲဒါလေးတွေ ရေးမှတ်ထားလိုက်ရုံပါပဲ။
Ref :

0 comments:

Post a Comment