Monday, August 29, 2016

Hard disk တလုံးဖြစ်စေ Server တလုံးဖြစ်စေ Network တခုဖြစ်စေ၊ ၎င်း တို့ ၏ အသက်သည် downtime ဖြစ်ပေသည်၊

Hard disk တလုံးဖြစ်စေ Server တလုံးဖြစ်စေ Network တခုဖြစ်စေ၊ ၎င်း တို့ ၏ အသက်သည် downtime ဖြစ်ပေသည်၊ သာမာန် ကွန်ပြူတာ တလုံးပျက်ပါက၊ ၎င်းကွန်ပြူတာ ကို သုံးဆွဲနေသူတဦး သာ ထိခိုက်မည် ဖြစ်သော်လည်း၊ နက်ဝပ် တခု ဒေါင်းပါက၊ ကွန်ပြူတာ အလုံးပေါင်း များ စွာ သည် အင်တာ နက် ကို အသုံးပြု၍ မရ၍ အရေးကြီးသော လုပ်ငန်းဆောင်တာ များစွာ လစ်ဟင်းမည်ဖြစ်သောကြောင့် ဆုံးရှုံးမှု ကြီးလေသည်၊ ထို့ကြောင့် နက်ဝပ် များတွင် down time မရှိစေရန်အတွက် High Availablity ဖြစ်အောင်ပြုလုပ် ကြလေသည်။
Hard disk ကိုမူ redundancy ပြုလုပ်လိုလျှင် RAID ပြုလုပ်၍လည်းကောင်း၊ ပို၍ ကောင်းအောင် dual hard disk controller card အသုံးပြု၍ လည်းကောင်း သုံးကြပေသည်၊ ထို့အပြင် RAID တည်ဆောက်နိုင်သော external hard disk array များကို လည်း အသုံးပြုကာ hard disk ကြောင့် ဖြစ်နိုင်သော down time ကို ရှောင်ရှား နိုင်ပေသည်။
ဆာဗာ များတွင် clustering ကဲ့သို့သော တလုံးထက်ပို သော ဆာဗာများကို တစုတည်း စုစည်းကာ ဆာဗာ တလုံးလုံး ဒေါင်း ပါက clustering တွင် ရှိသော ကျန် ဆာဗာ များ က ဆက်လက် အလုပ် လုပ်မည်ဖြစ်သော ကြောင့်၊ down time မရှိနိုင်တော့ပေ၊ Server များ တွင် down time ဖြစ်စေရန် လွယ်ကူသော power supply ဆိုလျှင်၊ ဆာဗာ များတွင် power supply နှစ်လုံး ထားရှိကာ တလုံး ပျက်ပါက၊ နောက်တလုံးက ဆက်လက် အလုပ်လုပ်မည် ဖြစ်ပေသည်။
ထို့အတူ နက်ဝပ် device များဖြစ်သော switch, firewall, router များကို တခု အစား နှစ်ခု သုံးကာ High Availability Network များ အဖြစ် တည်ဆောက် နိုင်ပေသည်၊ ထိုသို့ တည်ဆောက် ခြင်း ကြောင့်၊ ၎င်း device တခု ခု ဖြစ်ပါက၊ ကျန်ရှိနေသော device က ဆက်လက် တာဝန် ယူမည်ဖြစ်သော ကြောင့်၊ နက်ဝပ် အတွင်းရှိ ကွန်ပြူတာ များ၊ အင်တာနက် ကို ဆက်လက် အသုံးပြု ၍ ရနိုင်မည် ဖြစ်ပေသည်၊ တချို့ down time ကို လက်မခံ နိုင်သော နက်ဝပ်ကြီး များ တွင် ISP (internet service provider) နှစ်ခု ထားကာ ဆောင်ရွက် ထားသောကြောင့် down time မရှိသလောက် ဖြစ်သွားပေသည်။
High Availability သည် ပြုလုပ် နိုင်လျှင် ကောင်းသော်လည်း၊ မည်၍မည်မျှ HA လုပ်မည် ပေါ် အခြေခံ ကာ ကုန်ကျ စရိတ် များပြားမည်ဖြစ်သောကြောင့် ပြုလုပ် သင့်မသင့် သေချာ တွက်ချက်ရန် လိုအပ်ပေသည်၊ ဥပမာ။ ။ ISP နှစ် ခု ထား ၍ HA လုပ်ဆောင်ပါ၊ ISP နှစ်ဦး၏ လစဉ်ကြေး ကို ပေးဆောင်ရမည် ဖြစ်ပေသည်။






0 comments:

Post a Comment