Ad Code

Responsive Advertisement

♪ MPT SIM CARD မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သမျှ - FAQ FOR MPT SIM REGISTRATION ♫

Photo: wirelesswire.jp

Q : MPT ဆင်းကတ်တွေအားလုံး မှတ်ပုံတင်ဖို့လိုအပ်ပါသလား။
A : မိမိအခုအသုံးပြုနေတဲ့နံပါတ်က မိမိအမည်နဲ့ မှတ်ပုံတင်ထားရင်တော့ ထပ်မံမှတ်ပုံတင်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သူများဆီက တစ်ဆင့် ဝယ်ယူသုံးစွဲနေတဲ့ ဆင်းကတ်တွေကိုတော့ မိမိအမည်နဲ့ ပြန်လည်မှတ်ပုံတင်ဖို့လိုအပ်မှာဖြစ်ပါတယ်။
Q : မှတ်ပုံတင်တစ်ခုနဲ့  ဆင်းမ်ကတ်ဘယ်လောက်မှတ်ပုံတင်လို့ ရပါသလဲ
A : ဆင်းကတ်ကို ပိုင်ဆိုင်တဲ့သူအနေဖြင့် အကန့်အသတ်မရှိပါဘူး။
Q : မှတ်ပုံတင်တစ်ခုနဲ့  ဆင်းမ်ကတ်ဘယ်လောက်မှတ်ပုံတင်လို့ ရပါသလဲ
A : ဆင်းကတ်ကို ပိုင်ဆိုင်တဲ့သူအနေဖြင့် အကန့်အသတ်မရှိပါဘူး။
Q : စာချုပ်နဲ့ ဝယ်ထားသည့်ဖုန်း (ဖုန်းအဟောင်း)တွေကိုလည်း မှတ်ပုံတင်ရမှာပါလား။
A : လူကြီးမင်း ၏ စာချုပ်တွင်ပါရှိသောအမည်မှာ လက်ရှိအသုံးပြုသူ အမည်ဖြစ်ပါက ထပ်မံမှတ်ပုံတင်ရန် မလိုအပ်ပါ။စာချုပ်ပါအမည်မှာ အခြားသူအမည်ဖြစ်နေလျှင် မိမိအမည်နဲ့ ပြန်လည်မှတ်ပုံတင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

Q : CDMA 450-800 ဖုန်းတွေကိုလည်း မှတ်ပုံတင်ရမှာလား။
A : ဟုတ်ကဲ့ CDMA တွေလည်း မှတ်ပုံတင်ဖို့လိုအပ်ပါတယ်။ လူကြီးမင်း၏ စာချုပ်တွင် ပါရှိသော အမည်မှာ လက်ရှိအသုံးပြုသူ အမည်ဖြစ်ပါက ထပ်မံ မှတ်ပုံတင်ရန် မလိုအပ်ပါ။ စာချုပ်ပါအမည်မှာ အခြားသူအမည်ဖြစ်နေလျှင် မိမိအမည်နဲ့ ပြန်လည်မှတ်ပုံတင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

Q : ဘာလို့ ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ရမှာလဲ။
A : ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်ရတာပါ။

Q : ဆင်းမ်ကတ်မှတ်ပုံတင်ရင် ဘယ်လောက်ကုန်ကျမလဲ။
A : ဆင်းမ်ကတ်မှတ်ပုံတင်ခအတွက် ငွေပေးချေစရာမလိုပါဘူး။
Q : ဘယ်လိုမှတ်ပုံတင်ရမှာလဲ ၊ ဘယ်နေရာတွေမှာ မှတ်ပုံတင်နိုင်မလဲ။

A : ပေးထားတဲ့ http://bit.ly/2bhofHS စာရင်းမှာပါတဲ့နေရာတွေမှာ မှတ်ပုံတင်နိုင်ပါတယ်။
Q : ဆင်းမ်ကတ်ကိုရန်ကုန်မှာဝယ်ထားပါတယ် နယ်ရောက်နေလို့ နယ်မှာမှတ်ပုံတင်ရင် ရပါသလား။
A : ဟုတ်ကဲ့ နီးစပ်ရာ MPT Own Shop နှင့် MPT Branded Stores ဆိုင်တွေမှာ မှတ်ပုံတင် လို့ရပါတယ်။
Q : နီးစပ်ရာ ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်လို့ မရဘူးလား။
A : ဟုတ်ကဲ့ စာရင်းထဲမှာပါတဲ့ http://bit.ly/2bhofHS နီးစပ်ရာဖုန်းဆိုင်တွေမှာ မှတ်ပုံတင်လို့ရပါတယ်။
Q : ဆင်းကတ်ကို Mobile application နဲ့ မှတ်ပုံတင်လို့ ရပါသလား။
A : မှတ်ပုံတင်ဖို့အဆင်သင့်ဖြစ်ပြီးဆိုတာနဲ့ ချက်ချင်းအသိပေးသွားမှာပါ။
Q : မိမိနာမည်နဲ့ မှတ်ပုံတင်ပေးဖို့ကို အခြားလူတစ်ဦးကို လုပ်ဆောင်ခိုင်းလို့ရပါသလား။
A : လောလောဆယ်မှာတော့ SIM ကတ်ကို လက်ရှိသုံးစွဲသူ ကိုယ်တိုင်မှတ်ပုံ တင်ရမှာ ဖြစ်ပါတယ်။
Q : ဆင်းမ်ကတ်မှတ်ပုံတင်တာ ဘယ်တော့စလုပ်လို့ရပြီလဲ
A : သြဂုတ်လ ၁၅ ရက်နေ့ ၂၀၁၆ ခုနှစ် မှစပြီး နေ့စဉ်အစိုးရရုံးဖွင့်ရက်တိုင်းရဲ့ နံနက် ၉ : ၃၀ မှ ညနေ ၄ : ၃၀ အတွင်း မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး တိုးချဲ့သွားမည့်အစီအစဉ်များကို ဆက်လက်အသိပေးသွားမည် ဖြစ်ပါသည်

Q : MPT အနေနဲ့ ဝက်ဘ်ဆိုဒ်ကနေ မှတ်ပုံတင်ဖို့ ဘယ်တော့စတင်မလဲ?
A : ဝက်ဘ်ဆိုဒ်ကနေ မှတ်ပုံတင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ချက်ချင်း အကြောင်း ကြားပေးမှာပါ။
www.pyaephyo.com

Post a Comment

0 Comments

Close Menu