Ad Code

Responsive Advertisement

မြတ်သောဗုဒ္ဓတရား စိတ်ထဲမှာ ကိန်းအောင်းနေကြပါစေ။



ကိုယ့်တာဝန် ကိုယ်ကျေပွန်ပါစေ။
ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် ကြိုးစာပါ။
အပြစ်မဆိုခင် ကိုယ်တိုင်လမ်းစဉ်မှန်ကို ကြည့်သုံးပါ။
မချစ်ရင်နေပါ သနားလိုလိုနဲ့ ဒုက္ခသွားမပေးမိစေနဲ့။
ကိုယ်ပိုင်အချိန်တွေ ကိုယ်ဆီတန်ဖိုးထားတက်ကြပါစေ။
ချမ်းသာလို့သုခတွေနဲ့နေရပြီလို့ထင်မနေလိုက်နဲ့ ဒုက္ခအိုက အခုမှစမယ်။
ဝင်ငွေ ထွက်ငွေ မျှအောင်မချင့်ချိန်ရင် 
ချမ်းသာဖို့စိတ်ကူးယဉ်နိုင်ပေမဲ့ တက့ယ်တမ်းလက်တွေ့တော့ ဆင်းရဲတကဲ့ဆင်းရဲနေမြဲပါ။
လောဘကို ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေတို့ကို ချိန်တွက်ပြီးမှ လောဘကြီးပါ။
ဝင်ငွေများတုန်း ထွက်ငွေနည်းတုန်းအချိန်မှ အပိုငွေကို စုမိပါစေ။
အသက်ကြီး၍ ဒုက္ခအိုတွေ စုပုံရောက်လာတော့မည်မှာ ဧကန်မလွှဲတွေ့ ကုသဖို့ငွေစုဆောင်းဖို့ မမေ့လျှော့ကြပါနဲ့။ 
တန်ဖိုးရှိစွာ ငွေများကို အိုစာမင်းစာ စုထားကြပါ။
သားသမီးယုံ ဇုန်လုံးကန်ဆိုသကဲ့သို့ သားသမီးအိမ်ထောင်မပြုခင် ရသလောက် မိဘတွေ အိုစာမင်းစာ စုထားကြဖို့ မမေ့လျှော့ကြပါနှင့်။
ဘယ်အရာမဆို တန်ဖိုးထားတက်ပါစေ။ နောက့်မှနောင်တမရမိပါစေနဲ့။
ဇနီး မယားကို ချစ်ခင်သနား သစ္စာရှိကြပါစေ။
လင် ယောကျာ်ကို ချစ်ခင်သနား သစ္စာရှိကြပါစေ။
သားသမီးအပေါ် မိဘတွေရဲ့ဘဝအတွေ့အကြုံကို ပြန်လည်းမျှဝေပေးပါ။
ကြိုးစာခဲ့နည်းတွေကို ဥပမာပေးပါ။
မိဘပညာမတက်ခဲ့လို့ ငါ့သားသမီးတွေကို ပညာတက်ကြီးဖြစ်အောင် ထားမယ်လို့ မိဘတိုင်းမှာ ရှိကြပါစေ။
မိဘအပေါ် သားသမီတွေ ပြောမှားဆိုမှားရှိခဲ့ရင်လည်း မိဘတိုင်း သားသမီးအပေါ် ဒေါသရှေ့မထားမိစေပဲ မေတ္တာနဲ့သာ တုတ်ပြန်ဆုံးမ သွန်သင်ပေးပါ။
ဒေါသကိုရှေ့ထား မေတ္တာ တရားကင်းမဲ့ သောတမီးပူတွေနဲ့ ပျော်မနေမိပါစေနဲ့။
ငယ်ရွှယ်တုန်းမှာ ပညာသင်
ပညာစုံတဲ့အရွှယ်မှာ အလုပ်လုပ် ပိုက်ဆံရှာ ၁၀နှစ်ပြည့်လို့ ကိုယ်ပိုင်စီးပွားရေးလုပ် အိမ်ထောင်ကျ သားသမီးရ စားဝတ်နေရေးပြဿနာမပူရ ဒါပေမဲ့ တရားကို အသက်ကြီးမှ အားထုတ်မယ်လို့ အစွဲမရှိစေနဲ့ ငယ်ရွှယ်တဲ့အချိန်လောက် တရားတော်ကို ကောင်းကောင်းအားမထုတ်နိုင်တော့ ခန္ဓာကိုယ်ဒုက္ခအိုက အသက်ကြီးမှ စတယ်ဆိုတာ မမေ့ပါစေနဲ့။
ကိုယ်ဘယ်လောက်ချမ်းသားချမ်းသာ မိဘနှစ်ပါးနဲ့ ကျေးဇူရှိသူတွေကို ဦးစွာ သတိရပေးပါ။
ကိုယ်ဘယ်လောက်ဆင်းရဲဆင်းရဲ မိဘနှစ်ပါးနှင့် ကျေးဇူရှိသူတွေကို မမေ့ကြပါနဲ့။
သူများကို ကျေးဇူမတင်ခင် ငါ့မှာ ကျေးဇူအကြီးမားဆုံး မိဘရှိတယ်ဆိုတာ လူသားတိုင် မေ့မထားမိပါစေနဲ့။ 
မိဘအသက်ကြီးလာလို့ သားသမီးတွေပြန်မကြည့်ရင် သားသမီးတွေ အဆင်မပြေခဲရင် ဒီတော့ အဆင်ပြေတုန်း အိုစာမင်စာ စုထားကြဖို့ သားသမီးတွေကို အကြွင်းမဲ့ မယုံမိကြပါစေနဲ့။ 
ဒေါသကို ရှေ့ထားမည့်အစား မေတ္တာတရားနဲ့ တုန့်ပြန်လိုက်ပါက နှစ်ဦးနှစ်ဖတ်အတွက် အကြိုးများပေ၏
သတ္တ၀ါ တိရိစ္ဆန် တွေကို သနား စာနာ ကိုယ်ချင်းစာပါ။ မေတ္တာထားလို့ မေတ္တာပို့ပါ။
ကိုယ်ချင်းစာတရားကို တကယ့်သိအောင် တကယ့်မြင်အောင် ကြည့်ပါ။
ကိုယ့်ကိုယ်ကို ကျန်းမာရေးဂရုစိုက်ပါ။
ကိုယ်ကျန်မားမှ အရာအားလုံးကို ပြီးမြောက်အောင်မြငနိုင်မယ်။
ကိုယ့်ကိုယ်ကိုကလွှဲလို့ မည့်သူ့ကိုမှ ပိုမချစ်ပါနဲ့ ။
ကိုယ့်ကိုယ်ကိုဘယ်လောက်ချစ်တက်နေပါစေ နောက်ဆုံးတော့လည်း ခွဲခွာရတာပါပဲ။
လူတိုင်းလူတိုင်း လူ့ပြည် လူ့ဘ၀ကို ခေတ္တခဏ အလည်လာကြတာပါပဲ
ပြီးတော့လည်းခွဲခွာရတာမို့လို့ သားသမီးမှ မိဘသို့ မိဘမှ အိုမင် ပြီတော့ သေလမ်းနိဗ္မာန်သို့ သွားကြရသည်မှာ ဖြစ်ကိုဖြစ်ရမဲ့သဘောသဘာဝပါပဲ။
သိသိရင်နဲ့ အထူးသဖြင့် သားသမီးအတွက် မိဘတိုင်းပူဆွေးသောသရောက်ကြသည်မှာ ဧကန်မလွဲ
မြတ်သောဗုဒ္ဓတရား စိတ်ထဲမှာ ကိန်းအောင်းနေကြပါစေ။

Post a Comment

0 Comments

Close Menu