Ad Code

Responsive Advertisement

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫


မေး - ကျွန်တော့်ဖုန်းက Xiaomi Redmi Note 3 Pro ပါ။ ၀ယ်လာတာက ၈ လလောက်ပဲရှိပါသေးတယ်။ Touch ဆွဲမရလို့ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - အစ်ကိုရေ အဲ့ဒီဖုန်းက လွတ်ကျဖူးလားဗျ။ တကယ်လို့ လွတ်မကျဘူး၊ ရေလည်းမ၀င်ဘူးဆိုရင် Data Factory Reset ချပါ။ အဆင်မပြေဘူးဆိုရင်တော့ ဖွင့်ကြည့်ပါ။ Socket ကြိုးလွတ်ရင်လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ Touch လဲပေးရမှာပါဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Honor ဖုန်းပါဗျ။ ဖုန်းကသုံးနေရင်း ပါဝါပိတ်ပိတ်သွားလို့ပါ။ အခုဆို ပါဝါမပိတ်အောင်သီချင်းဖွင့်ပြီး အသံတိုးထားရတယ်။ ဘယ်လိုလုပ်ရမလဲ။ ပြောပေးပါဦး။
ဖြေ - ဟုတ်ကဲ့ပါ။ အရင်က အဲ့ဒီဖုန်းရေ၀င်ဖူးပါသလားဗျ။ ရေ၀င်တဲ့ဖုန်းဆို အဖြစ်များပါတယ်။ ဘယ်အပိုင်းက ဖြစ်လဲဆိုရင် Wi-Fi ကြောင့် အဖြစ်များပါတယ်။ အရင်ဆုံး Factory Reset ချကြည့်ပါ။ မရရင်တော့ Wi-Fi IC လဲမှ ရမှာပါဗျာ။ ဒါကြောင့် ဆိုင်ကိုပို့ပေးမှ အဆင်ပြေမှာပါ။

 မေး - Xiaomi Note မှာ Google သွင်းနည်းသိချင်လို့ပါ။ ကျေးဇူးပြုပြီး ကူညီပေးပါဦးအစ်ကို။
ဖြေ - Mi Devices တွေကို Google သွင်းနည်း ၂ မျိုးရှိပါတယ်။ ဖုန်းအတွင်းမှာရှိတဲ့ Updater Apk ကတစ်ဆင့် Global Firmware ကို Flashing လုပ်ပြီးသုံးလို့ရပါတယ်။ Recovery Mode ၀င်ပြီး Google Installer (.zip) File တွေကို Install လုပ်ပြီးတော့လည်း သုံးလို့ရပါတယ်။ Root Access ရှိရပါမယ်။
မေး - ကျွန်တော်က Samsung Note 7 ၀ယ်ချင်လို့ Error တွေရှိတယ်ဆိုတာ ဟုတ်ပါသလားအစ်ကို။
ဖြေ - အင်း အကြမ်းအားဖြင့်တော့ ဟုတ်ပါတယ်။ အသစ်ထွက်တဲ့ Smart Phone အသစ်တွေမှာ အနည်းနဲ့အများဆိုသလို စက်ပူတာမျိုး တစ်ချက်တစ်ချက် သုံးရတာအဆင်မပြေတာမျိုးက အမြဲဖြစ်တတ်ပါတယ်ခင်ဗျာ။

 မေး - ကျွန်တော်အသုံးပြုတာက Galaxy V Phone အမျိုးအစားပါ။ Message ကို အ၀င်ပဲရပြီး အထွက်မရ ဘူးဖြစ်နေတယ်။ ကျွန်တော်ကလည်း Message Setting ထဲကို နည်းနည်းဝင်ပြီး ကလိမိလိုက်ပါတယ်။ Message ပို့လို့ရအောင် ကူညီပေးပါဗျာ။
ဖြေ - ဘယ်ဖုန်းအမျိုးအစားမဆို Message အ၀င်ရပြီး အထွက်မရဘူးဆိုတာ Message Setting ပြန်ချိန်မှရမှာပါ။ Android တချို့ဖုန်းတွေမှာ Message Setting ပါသလို တချို့ဖုန်းတွေမှာ မပါပါဘူး။ Message Setting ပြန်ချိန်ချင်တယ်ဆိုရင်တော့ အရင်ဆုံး Message ထဲကိုဝင်ရမှာပါ။ ပြီးတော့ Text Message ထဲမှ Setting ထဲကို ထပ်ဝင်ရပါမယ်။ အဲ့ဒီအထဲမှာမှ Message Center ကို ၀င်လိုက်ပါ။ ၎င်းင်းမှာ Code Number ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီကွက်လပ်ထဲကို +9595930003 နဲ့ +95 95930014 ကို တစ်မျိုးချင်းစီစမ်းရိုက်ကြည့် လိုက်ပါ။ တော်တော်များများ အဆင်ပြေတာ တွေ့ရပါတယ်။

 မေး - ကျွန်တော့်ဖုန်းလေးကတော့ Huawei G6 ပါ။ ကျွန်တော့်ဖုန်းလေးကို ကျွန်တော်သုံးနေရင်းနဲ့ Reboot ကျပြီးပြန်တက်လာတဲ့အခါ Logo မှာပဲရပ်နေပါတယ်။ ဖုန်းပါဝါလည်းပိတ်လို့မရ။ ဘက်ထရီလည်း ဖြုတ်လို့မရ ဖြစ်နေတယ်။ ပါဝါပိတ်အောင် ဘယ်လိုလုပ်ရ မလဲခင်ဗျာ။
ဖြေ - Huawei G6 လို ဘက်ထရီဖြုတ်လို့မရတဲ့ဖုန်းတွေသုံးနေရင်း အကြောင်းကြောင်းကြောင့် Reboot ကျပြီးပြန်တက်လာတဲ့အခါ Logo မှာရပ်နေလျှင် Power Key + Volume Up (or) Power Key + Volume Down Key ကိုဖိနှိပ်ထားပါ။ ပိတ်သွားပါလိမ့်မယ်။

 မေး - Huawei G610-U00 မှာ Safe Mode ဆိုပြီးပေါ်နေပါတယ်။ Firmware ဖြင့်ရေးတော့လည်း အဆင်မပြေပါဘူး။ ဘယ်လိုလုပ်မှရမှာလဲဆိုတာ သိချင်ပါတယ်။
ဖြေ - Safe Mode ပေါ်တဲ့ Error ကတော့ Volume Key ကြောင့် ဖြစ်တတ်ပါတယ်။ Firmware ပြန်ရေးရင်တောင် ပြန်တက်လာတဲ့အချိန်ကျရင် ပြန်ပေါ်တက်ပါတယ်။ အရင်ဆုံး Volume Key ကောင်းမကောင်းစမ်းကြည့်ပါ။ စမ်းကြည့်လို့အဆင်ပြေတယ်ဆိုရင်တော့ Power နဲ့ Volume ကိုတွဲနှိပ်ရင် New Safe Mode Old Risk ဆိုတဲ့အတန်းလေးပေါ်လာတာတွေ့ရမှာပါ။ ပြီးနောက် ဘက်ထရီကို ပါဝါမပိတ်ဘဲဖြုတ်လိုက်ပါ။ ၎င်းနောက် ဘက်ထရီပြန်တပ်ပြီး ပါဝါပြန်ဖွင့်ပါ။ W3G ဆိုတာလေးပေါ်လာခဲ့ရင် Vol- ကို နှိပ်ထားလိုက်ပါ။ နောက်ဆုံးတော့ Lock Screen ပေါ်လာခဲ့ရင် Safe Mode လေး ပျောက်သွားမှာပါ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Post a Comment

0 Comments

Close Menu