Ad Code

Responsive Advertisement

♪ တယ်လီနောဆင်းကတ်မှတ်ပုံတင်ခြင်းအား မြန်မာနိုင်ငံတစ်ဝှမ်း လက်လီဆိုင်၂၀,၀၀၀ တွင်ပါ ဆောင်ရွက် နိုင်ပြီ ♫

telenor

 မြန်မာနိုင်ငံတစ်ဝှမ်းရှိ တယ်လီနော မြန်မာလီမိတက် (တယ်လီနော)၏ လက်လီအရောင်းဆိုင် ၂၀,၀၀၀ ခန့်တွင် ယနေ့မှစ၍ ဆင်းကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီ ဖြစ်သဖြင့် သုံးစွဲသူများအနေနှင့် ဆင်းကတ်များ မှတ်ပုံတင်ထားရှိမှု အခြေအနေကို စစ်ဆေးနိုင်မည့်အပြင် ဆင်းကတ် မှတ်ပုံတင်ခြင်း ကိုလည်း နီးစပ်ရာဆိုင်တွင် လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

ယခုနည်းလမ်းကိုအသုံးပြုခြင်းအားဖြင့် သုံးစွဲသူများအနေနှင့် ဆင်းကတ် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း အမှတ်အသား ထားရှိသည့် ဆင်းကတ်လက်လီအရောင်းဆိုင်ပေါင်း ၂၀,၀၀၀ ခန့်တွင် ဆင်းကတ်မှတ်ပုံတင်ထားရှိမှု အခြေအနေ စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုပါဆောင်ရွက်နိုင်မည်ဖြစ်သည်။ တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင် အရောင်းဆိုင်ပေါင်း ၉၀ ခန့်သည်လည်း ဆင်းကတ်မှတ်ပုံတင်ခြင်းကို ဆက်လက်ဝန်ဆောင်မှု ပြုလျက်ရှိပါသည်။ ဆင်းကတ်ပိုင်ဆိုင်သူအမည် ပြောင်းလဲခြင်းကိုလည်း ယင်းဆိုင်များတွင် ဆောင်ရွက်နိုင်ပါသည်။

ထို့ပြင် အောက်တိုဘာလဆန်းမှစတင်ကာ တယ်လီနော သုံးစွဲသူများ အွန်လိုင်းမှတစ်ဆင့်မှတ်ပုံတင်နိုင်မည့် နည်းလမ်း များကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တယ်လီနောအနေနှင့် သုံးစွဲများအား ၎င်းတို့၏ဆင်းကတ် မှတ်ပုံ တင် ထားရှိမှု အခြေအနေကို စစ်ဆေးသိရှိ ဆက်လက်ဆောင်ရွက်နိုင်ရန် ယခုနည်းလမ်းအပြင် အခြားနည်းလမ်းများ ကို မိတ်ဆက်ထားပြီးလည်းဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် ၎င်းတို့၏ ဆင်းကတ်များမှတ်ပုံတင်ထားရှိမှု အခြေအနေ များအား 9793*3# သို့ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် ဖွင့်လှစ်ထားသော တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင် အရောင်းဆိုင် ၉၀ ဆိုင်ခန့်နှင့်သတ်မှတ်ထားသော လက်လီအရောင်းဆိုင်များသို့ သွားရောက်၍ုသော်လည်းကောင်း၊ တယ်လီနော ကောလ်စင်တာသို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ ဖုန်းနံပါတ်‘၅၀၀’ သို့ ‘REG’ စာလုံးကိုရိုက်နှိပ်၍ ပေးပို့၍သော်လည်းကောင်း စစ်ဆေးနိုင်မည်ဖြစ်သည်။

ဆင်းကတ်များ မှတ်ပုံတင်ရန်မှာ ဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ၀န်ကြီးဌာနက မိုဘိုင်းဆင်းကတ်များ အားလုံးကို မတ်လ ၃၁ ရက် ၂၀၁၇ မတိုင်ခင် မှတ်ပုံတင် ထားကြရန် ညွှန်ကြားထား ပါသည်။ သုံးစွဲသူများအနေဖြင့် မိမိအသုံးပြုလျက်ရှိသော နံပါတ်အား မှတ်ပုံတင်ရန်အတွက် နိုင်ငံသား မှတ်ပုံတင်မိတ္တူ (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်မိတ္တူ) သို့မဟုတ် အခြားသော သက်သေခံကတ် တစ်ခုခု ၏ မိတ္တူ လိုအပ်ပြီး လျှောက်လွှာတွင် လိုအပ်သော အချက်များ ဖြည့်စွက်ပေးရမည် ဖြစ်သည်။ လိုအပ်သော စာရွက် စာတမ်းများ၊ အချက်အလက်များအသုံးပြု၍ နံပါတ်အား မှတ်ပုံတင်ရန် မိနစ်အနည်းငယ် သာ ကြာမြင့်မည်ဖြစ်ပြီး ဆင်းကတ် မှတ်ပုံတင်ခြင်းကို အခမဲ့ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။ 

တယ်လီနောသည် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လူမှုကွန်ရက်၊ သတင်းမီဒီယာများနှင့် စာတိုပို့ခြင်း စသည်တို့မှတစ်ဆင့် သုံးစွဲသူများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက် အသိပေးသွားမည်လည်း ဖြစ်ပါသည်။

Credit to ==>  Myanmar Digital Life Journal

Post a Comment

0 Comments

Close Menu