Ad Code

Responsive Advertisement

♪ MPT က ဈေးသက်သာတဲ့ စမတ်ဖုန်း နှစ်မျိုးကို အထူး DATA PROMOTION နဲ့ တွဲဖက်ရောင်းချ ♫


မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကုမ္ပဏီ ကြီးတစ်ခုဖြစ်တဲ့ MPT က ဈေးသက်သာတဲ့ တန်ဖိုးနည်း စမတ်ဖုန်းနှစ်မျိုးကို အထူး Data Promtion နဲ့ တွဲဖက်ရောင်းချနေပြီဖြစ်တယ် လို့သိရပါတယ် ။

ပထမတစ်မျိုးကတော့ M40 ဖြစ်ပြီး Duel SIM (micro+normal), 1500 mAh battery, 4.0 inch WVGA touchscreen, Quad Core 1.2 GHz CPU , 512 RAM နဲ့ 4 GB Storage ပါရှိပါတယ် ။ Android Version 5.1 ကို အသုံးပြုထားပြီး 2 MP နောက်ကင်မရာနဲ့ 0.3 MP selfie camera ပါဝင်ပါတယ် ။



အင်တာနက် နဲ့ App တွေကို ကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပြီး ဈေးနှုန်း အနေနဲ့ကတော့ (၃၂၀၀၀) ကျပ်သာ ကျသင့်မှာဖြစ်ပါတယ် ။ M40 ကိုဝယ်ယူမယ့် Customer တွေအတွက် လက်ဆောင်အဖြစ်  MPT SIM Card တစ်ကဒ် နဲ့ လစဉ် 777 MB Internet Data Bonus ကို (၆)လ တိတိရရှိမှာဖြစ်ပြီး  Bonus ကိုရရှိဖို့ ဖုန်းဘေ (၁၀၀၀) ကျပ်သာ ဖြည့်သွင်းဖို့လို မှာဖြစ်တယ်လို့သိရပါတယ် ။

နောက်တစ်မျိုးကတော့ M40 ဖြစ်ပါတယ်။ သူကတော့ Premium Build Smartphone တစ်လုံးဖြစ်တဲ့ အလျောက် ဒီဇိုင်းပုံစံက ပိုမိုခန့်ညားလှပပါတယ် ။ Duel SIM (micro+nano), 2000 mAh battery , 5.0 inch HD on-cell 2.5D curved glass touchscreen display, Quad Core 1.2 GHz CPU, 1 GB RAM နဲ့ 8 GB Storage ပါဝင်ပါတယ် ။ ။ Android Version 5.1 ကို အသုံးပြုထားပြီး 8MP နောက်ကင်မရာနဲ့ 5 MP selfie camera ပါဝင်ပါတယ် ။

Internet သုံးတဲ့အခါ Social Media အသုံးပြုတာတို့ Online Game ကစားတာတို့အတွက် ပိုမို မြန်ဆန်ကောင်းမွန်ပြီး ဈေးနှုန်းအနေနဲ့ကလည်း (၉၉၀၀၀) သာကျသင့်မှာဖြစ်ပါတယ် ။ ဆိုပါတယ် ။ M50 ကိုဝယ်ယူမယ့် Customer တွေအတွက် လက်ဆောင်အဖြစ် နံပါတ်အလှ MPT SIM Card တစ်ကဒ် နဲ့ လစဉ် 2.5 GB Internet Data Bonus ကို (၆)လ တိတိရရှိမှာ      ဖြစ်ပြီးBonus ကိုရရှိဖို့ ဖုန်းဘေ (၃၀၀၀) ကျပ်သာ ဖြည့်သွင်းဖို့လိုမှာဖြစ်တယ် လို့သိရပါတယ် ။

နှစ်မျိုးစလုံးအတွက် အာမခံ တစ်နှစ်ပေးထားပြီး ချို့ ယွင်းမှုဖြစ်ခဲ့ပါက တစ်နိုင်ငံလုံးမှာရှိတဲ့ MPT Service Center တွေ နဲ့ အရောင်း ဆိုင်တွေမှာ သွားရောက်ပြသနိုင်ပါတယ် ။ Silicon Cover ၊ မှန်ကပ်နဲ့ နားကြပ်တို့ ကိုလည်း လက်ဆောင်ရရှိမှာဖြစ်ပါတယ် ။ လက်ဆောင်ရတဲ့ Bonus အင်တာနက်ဟာ MPT ရဲ့  ဆွေသဟာ သုံးစွဲသူများအတွက်သာ အကျုံးဝင်တာဖြစ်ပြီး 3G data အတွက် SIM slot 1 မှာ MPT SIM ကဒ်ကို အသုံးပြု ရမှာဖြစ်ပါတယ် ။ M40 နဲ့ M50 တွေ ဝယ်ယူလိုသူတွေအနေနဲ့ MPT အရောင်းဆိုင်တွေနဲ့ Bestone အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ် ။

Credit to ==> Digital Times
www.pyaephyo.com

Post a Comment

0 Comments

Close Menu