Ad Code

Responsive Advertisement

PC တစ်ခုမှ အခြားတစ်ခုသို့ WINDOW မြှင့်နိုင်ရန် မိုက်ခရိုဆော့ဖ် ကြိုးပမ်း


နည်းပညာကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ်ဟာ Network ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေကြား တစ်ခုကနေ အခြား ကွန်ပျူတာတစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ Window Update လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သြဂုတ် ၃၁ ရက်က itworld.com သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။     အဲဒီလုပ်ဆောင်မှုဟာ Window 10 ရဲ့ New Beta ဗားရှင်းအတွက် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စတင်ထွက်ရှိခဲ့တဲ့ Window 10 မှာတော့ အခုလို လုပ်ဆောင်နိုင်တဲ့ Delivery Optimization စနစ် မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။
.
အခုလို ကွန်ရက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေအကြား တစ်ခုကနေ အခြားတစ်ခုကို Update လုပ်ပေးနိုင်မယ့် Window 10 ရဲ့ New Beta ဗားရှင်းကတော့ ကျန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ရက် ကမှ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ဖိုင်တွေ မျှဝေတဲ့ BitTorrent File Distribution System နဲ့လည်း ဆင်တူတယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ Network Connection နည်းပါးနေချိန်မှာ Download Speed မြန်ဆန်အောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။
.
သုံးစွဲသူတွေအနေနဲ့လည်း ဒီလုပ်ဆောင်မှုကို အသုံးမပြုချင်သေးဘူးဆိုရင် Delivery Optimization ကို ပိတ်ထားနိုင်မှာ ဖြစ်ပြီး Settings > Update & Security > Windows Update > Advanced Options ကို သွားရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ Choose How Updates Are Delivered ကို ကလစ်နှိပ်ပေးပြီး ကွန်ပျူတာ တစ်ခုကနေ အခြားတစ်ခုကို Window မြှင့်တင်နိုင်မယ့် လုပ်ဆောင်မှုကို လုပ်၊ မလုပ် ရွေးချယ်ပေးရုံပဲ ဖြစ်ပါတယ်။
.
ဒါပေမဲ့ အခုအချိန်အထိတော့ ဒီဝန်ဆောင်မှုဟာ Windows Insider Program အဖွဲ့ဝင်တွေအတွက်သာ သုံးစွဲခွင့်ရနိုင်သေးပြီး အများပြည်သူ သုံးစွဲနိုင်ခွင့်အတွက် ကိုတော့ အချိန် အနည်းငယ် ထပ်မံစောင့်ဆိုင်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times
www.pyaephyo.com

Post a Comment

0 Comments

Close Menu