Ad Code

Responsive Advertisement

ကျိုက္ခမီမြို့ ရေလယ်ဘုရားပွဲတော် state show တွင် ပါဝင်မည့် နိုင်ငံကျော်တေးသံရှင်များနှင့် မြန်မာ့ရိုးရာ ခြင်းလုံး အလှခတ် ခြင်း။ကလပ်ပေါင်းစုံ ဘော်လုံးပြိုင်ပွဲများ။ လပြည့်နေ့ ည တွင် မီပုံး အလုံး (1000)လွှတ်တင်ပွဲ နှင့် ဆီမီး (9000)ထွန်းညှိုပူဇော်ပွဲများ

မွန်ပြည်နယ် ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို (15.10.2016)မှ(21.10.2016) ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီးယခုနှစ်မှာ မဖြစ်တာကြာပြီဖြစ်သော State Show အစီအစဉ် ကြီးတစ်ခု ထူးထူးခြားခြား ပါဝင်လာပါတယ်။ ၎င်း State Show ကို ကျိုက္ခမီမြို့ ရေလယ်ဘုရားပွဲတော်အား ပိုမိုစည်ကားတိုးတက်စေလိုသော ရည်ရွယ်ချက်ဖြင့် အကျိုးအမြတ်ကိုအဓိကမထားပဲ မြို့ခံလူကြီး/လူငယ် များ (10)ဦးမှအဓိက တာဝန်ယူပြုလုပ်ခဲ့သည်ဟုသိရှိရပါသည်။ 
State Show ဖြစ်မြောက်ရန် မတည် ငွေ (10)သိန်းစီထည့်ဝင်ကြသူများState Show အစီအစဉ်
(15.10.2016)&(16.10.2016) 
၁။ဦးမြင့်စိုး
၂။ဦးခင်ဝင်း
၃။ဦးသန်းတင့်
၎။ဦးထွန်းဦး
၅။ဦးမြင့်ဆွေ(ဦးတရုတ်)
၆။ဦးကောင်လေးပု
၇။ဦးနိုင်ဦး
၈။ကိုဖြိုး(ရေခဲစက်)
၉။ဦးသက်ဝင်းပိုင်(ခ)မောင်ဖြူ
၁၀။ဦးလှိုင်ဝင်ဌေး 
တို့မှ လူအား ငွေအားဖြင့် ပါဝင်ကူညီခဲ့ကြပြီး အခြား သော ကိစ္စအရပ်ရပ်များအား မြို့ခံ တာဝန်သိ မြို့လူထု လူကြီး/လူငယ်များ မှ တာဝန်ယူဆောင်ရွက်ဝိုင်းဝန်းကူညီကြမည်ဟု သိရှိရပါသည်။ 
ပါဝင်မည့် နိုင်ငံကျော်တေးသံရှင်များ
ဖြူဖြူကျော်သိန်း အောင်လ
ဝိုင်းစုခိုင်သိန်း ရိန်မိုး
Lဆိုင်းဇီ ဝန
ပိုပို ဖြိုးပြည့်စုံ
လိမ္မော်သီး အောင်တေဇာကျော်(idol)
ပိုင်ကြီး(မလမ) 
ဇတ်ပွဲအနေဖြင့် မြို့ရွှေမန်းသား ဖိုးချစ် ဇတ်ပွဲကြီးအား
(17.10.2016) နေ့မှစ၍ ၄ ည တိုင်တိုင် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီးးဗလာဇတ်ပွဲ (2)ပွဲ လဲပါဝင်ပါမည်။
ထို့အပြင် မြန်မာ့ရိုးရာ ခြင်းလုံး အလှခတ် ခြင်း။ကလပ်ပေါင်းစုံ 
ဘော်လုံးပြိုင်ပွဲများပြုလုပ်ခြင်း။ လပြည့်နေ့ ည တွင် မီပုံး အလုံး 
(1000)လွှတ်တင်ပွဲ နှင့် ဆီမီး (9000)ထွန်းညှိုပူဇော်ပွဲများစသည့် တို့ပါ ဝင်ပြုလုပ်မည်ဟု သိရှိရပါသည်။ သို့ကြောင့် ရပ်ဝေးရပ်နီးမှ ဧည့်သည်တော်များး ဘုရားဖူးလာ ဧည့်သည်များအား လာရောက်ကြဖို့ လှိုက်လှဲပျူဌါစွာ ဖိတ်ခေါ် အပ်ပါတယ်။
Credit to Ko Thet Win Paing







Post a Comment

0 Comments

Close Menu