Friday, October 14, 2016

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ -




ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ - 
ဖော်ပြပါ စာများအား သေချာနားလည်အောင် ဖတ်ကြပါ...
ထိုင်းအစိုးရအနေမှ အောက်တိုဘာလ ၁၄ ရက်နေ့ကို အစိုးရရုံးပိတ်ရက် အဖြစ်သတ်မှတ်ကြောင်း၊ တိုင်းသူပြည်သားများအနေဖြင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဝတ်စုံကို တစ်နှစ်တိတိ ၀တ်ဆင်ကြရန်၊ အစိုးရရုံးများတွင်လည်း အလံကိုတစ်ဝက်ချရန်ဖြစ်ပြီး ပျော်ရွင်ဖွယ်ပွဲတော်များကို ရက်ပေါင်း သုံးဆယ် အတွင်း မပြုလုပ်ကြရန်နှင့် နိုင်ငံတော်ရာဇဈာပနပွဲတော်ကို ရက်ပေါင်း သုံးဆယ်ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပါသည်။
ထိုင်းနိုင်ငံဘုရင်နတ်ရွာစံသည့်သတင်းကို သက်ဆိုင်ရာမှ ကြေညာချက် စာသားအဖြစ်သာ ထုတ်ပြန်ပြီး၊ ဓာတ်ပုံအနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပါ၊
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ထိုင်းနိုင်ငံတော်ဝင်ဥပဒေတို့အရ သားတော် အိမ်ရှေ့စံမင်းသားအား နန်းသစ်ဆက်ခံမည့် ဘုရင်မင်းမြတ် အဖြစ် လျှောက်ထား တင်မြောက်သွားမည် ဖြစ်ကြောင်းကိုလည်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် မှ တရားဝင်ထုတ်ပြန်ကြေညာပြီးဖြစ်ပါသည်။
ရာဇကုမ္မာရဘွဲ့တော်ရရှိထားသော အိမ်ရှေ့စံဘုရင့်သားတော်မှလည်း ၀န်ကြီးချုပ်၏လျှောက်ထားမှုကို လက်ခံပါကြောင်း၊ ယခုအချိန်တွင် ဖခမည်းတော်အတွက် တိုင်းသူပြည်သားများနှင့်အတူ ၀မ်းနည်း ပူဆွေးနေသောကာလ ဖြစ်ပါသဖြင့် ထိုကာလကျော်လွန်ပြီးမှသာ တည်ဆဲဥပဒေများအတိုင်း ဆောင်ရွက်စေလိုကြောင်း မိန့်တော်မူသည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် မှ ထပ်မံကြေညာခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတွင်းအရေးကြီးနေရာများတွင်လည်း တပ်မတော်နှင့် လုံခြုံရေး အာဏာပိုင်အဖွဲ့အစည်းများကို လုံခြုံရေးတာဝန်ချထားကြောင်း ကိုလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
ထိုင်းနိုင်ငံတည်ဆဲဥပဒေအရ တော်ဝင်မိသားစုအသိုင်းအ၀ိုင်းသည် တိုင်းသူပြည်သားတို့၏ ပူဇော်ကိုးကွယ်ရာ အမြင့်ဆုံးအသိုင်း အ၀ိုင်း ဖြစ်ပါသည်။ တော်ဝင်အသိုင်းအ၀ိုင်းနှင့် ပတ်သက်၍ ဘုရင်မင်းမြတ်မဆိုထားနှင့် မည်သည့်အသုံးအဆောင်ကိုမှ နန်းရင်းဝန်အဖွဲ့မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဓာတ်ပုံရိုက်မှတ်တမ်းခွင့် ဖြန့်ချီခွင့် ထုတ်ဖေါ်ရေးသားခွင့်မရှိပါ။
ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိလွယ်ရှလွယ်သော သတင်းများ ဓာတ်ပုံများ စာသားများကို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဖြန့်ချီဝေမျှခြင်း အားပေးခြင်း မပြုကြပါရန် သတိပေးလိုပါသည်။
ရာဇတော်ဝင်သတင်းများကို လွဲမှားဖြန့်ချီ အားပေးမိ ပါက၊ တော်ဝင် မိသားစုအပေါ်အသားရေဖျက်မှု ပုဒ်မ ၁၁၂ ဖြင့် တရားစွဲဆိုခြင်း ခံရနိုင်ပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ၁၅ နှစ် ကျခံနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
Credit : U Aung Soe

0 comments:

Post a Comment