Ad Code

Responsive Advertisement

အခြေခံစကားပြော (၁) by Essential English-မရှိမဖြစ်အင်္ဂလိပ်စာ Facebook မှ


အခြေခံစကားပြော (၁)
***************


အင်္ဂလိပ်စကားပြောတွေကို အခြေခံကျကျလေ့လာကြရအောင်။ ဒီpost တွေက အင်္ဂလိပ်စာတတ်ကျွမ်းပြီးသူများအတွက် ရည်ရွယ်တာမဟုတ်ဘဲ အင်္ဂလိပ်စာ အားနည်းသူတွေအတွက် လေ့ကျEssင့်စရာ ရသွားစေဖို့ပါ။ ပထမဆုံး ဖုန်းခေါ်ရတဲ့ ရည်ရွယ်ချက်ကိုပြောတဲ့ ဝါကျပုံစံလေးက စလေ့လာရအောင်။
________________________________
I'm calling to + (verb)
……………ဖို့ ကျွန်တော်/မ ဖုန်းဆက်နေတာပါ
________________________________

examples:

(1) "I'm calling to tell you about my first day at school."
ကျွန်မရဲ့ ပထမဆုံးကျောင်းတက်တဲ့ အတွေ့အကြုံလေးပြောပြဖို့ ဖုန်းဆက်လိုက်တာပါ။

(2) "I'm calling to accept your invitation."
ခင်ဗျားဖိတ်ခေါ်တာကို လက်ခံဖို့ ဖုန်းဆက်လိုက်တာပါ။

(3) "I'm calling to answer your question."
ရှင်တို့မေးတာကိုဖြေဖို့ ကျွန်မဖုန်းဆက်လိုက်တာပါ။

ခုလောက်ဆို ဆက်လေ့ကျင့်လို့ ရပါပြီ။ အောက်ကဝါကျလေးတွေ ပြောကျင့်ပါ။

(1) မင်းကိုကျေးဇူးတင်တဲ့အကြောင်းပြောဖို့ ကိုယ်ဖုန်းဆက်လိုက်တာပါ။
(2) ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံဖို့ ဖုန်းဆက်လိုက်တာပါ။
(3) တို့ ညစာစားမယ့် အစီအစဉ်ကို သတိပေးဖို့ ဖုန်းဆက်လိုက်တာပါ။ (remind = သတိပေးသည်)
(4) ပျောက်နေတဲ့ ပိုက်ဆံအိတ်အကြောင်း သတင်းပို့ဖို့ ဖုန်းဆက်တာပါ။ (report=သတင်းပို့သည်)

နမူနာဝါကျများ
……………………
(1) "I'm calling to thank you."
(2) "I'm calling to support your decision."
(3) "I'm calling to remind you of our dinner plans."
(4) "I'm calling to report a lost wallet."

………………………………………………………………………

အင်္ဂလိပ်စာစိတ်ပါဝင်စားပြီး လေ့လာသူများ ``Essential English-မရှိမဖြစ်အင်္ဂလိပ်စာ´´ Page ကို Likeနှိပ်ထားပြီး ပုံမှန်လေ့လာနိုင်ပါတယ်ခင်ဗျာ smile emoticon https://m.facebook.com/essentialenglishservice
အခတ်အခဲရှိခဲ့ရင် leave me message, love to hear နော်
အားလုံးပဲ အဆင်ပြေကြတာကိုပဲ ကြားချင်ပါတယ်
ကျိုက္ခမီသားလင်းနိုင်ဦး (နည်းပညာပြန်လည်မျှဝေခြင်း)

Post a Comment

0 Comments

Close Menu