Ad Code

Responsive Advertisement

အခြေခံစကားပြော (၃) by Essential English-မရှိမဖြစ်အင်္ဂလိပ်စာ Facebook မှ



အခြေခံစကားပြော (၃)
***************

________________________________

စိတ်မကောင်းပါဘူး/ ဝမ်းနည်းပါတယ်လို့ပြောဖို့ I'm sorry to + (verb) သုံးပါ။
ကိုယ်ချင်းစာတဲ့သဘော / နောင်တရတဲ့ သဘောကို ညွှန်းပါတယ်။
________________________________

examples:

(1) "I'm sorry to be so late."
ကျွန်တော် နောက်ကျသွားတာ ဝမ်းနည်းပါတယ်။
(2) "I'm sorry to hear about your sick mother."
မင်းအမေ နေမကောင်းတဲ့အကြောင်း ကြားရတာဟစိတ်မကောင်းပါဘူးကွာ။
(3) "I'm sorry to waste your time."
ရှင့်အချိန်ကို ဖြုန်းမိလို့ ဝမ်းနည်းပါတယ်။
(4) "I'm sorry to make you feel so sad."
မင်းကို ကြေကွဲဝမ်းနည်းအောင် လုပ်မိလို့ ကိုယ်စိတ်မကောင်းပါဘူး။

ဆက်လေ့ကျင့်ပါဦး။
(1) မင်းကို လန့်သွားအောင် လုပ်မိတာ စိတ်မကောင်းပါဘူး။ (frighten သုံးပါ)
(2) ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတာ ဝမ်းနည်းပါတယ်။ (disagree with သုံးပါ)
(3) ဖုန်းဆက်တာ အရမ်းနောက်ကျသွားလို့ ကိုယ် စိတ်မကောင်းပါဘူး။
(4) ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ရတာ ဝမ်းနည်းပါတယ်။ (relationship သုံးပါ)

နမူနာဝါကျများ
………………………

(1) I'm sorry to frighten you."
(2) "I'm sorry to disagree with your decision."
(3) "I'm sorry to call so late."
(4)"I'm sorry to end this relationship."

I am sorry to+ (verb) သုံးပြီး နောက်ထပ် ဘယ်အကြောင်းအရာတွေပြောပြနိုင်ကြဦးမလဲ smile emoticon

…………………………………………………………..

အင်္ဂလိပ်စာစိတ်ပါဝင်စားပြီး လေ့လာသူများ ``Essential English-မရှိမဖြစ်အင်္ဂလိပ်စာ´´ Page https://m.facebook.com/essentialenglishservice ကို Likeနှိပ်ထားပြီး ပုံမှန်လေ့လာနိုင်ပါတယ်ခင်ဗျာ


အခတ်အခဲရှိခဲ့ရင် leave me message, love to hear နော်
အားလုံးပဲ အဆင်ပြေကြတာကိုပဲ ကြားချင်ပါတယ်
ကျိုက္ခမီသားလင်းနိုင်ဦး (နည်းပညာပြန်လည်မျှဝေခြင်း)

Post a Comment

0 Comments

Close Menu