Ad Code

Responsive Advertisement

လူတစ်ယောက်တစ်ခုခုပြောလိုက်တာမကြားလိုက်လျင် သင်ဘယ်လိုပြန်ပြောလေ့ရှိလဲ? by Sayar Nyein Chan Aung

လူတစ်ယောက်တစ်ခုခုပြောလိုက်တာမကြားလိုက်လျင် သင်ဘယ်လိုပြန်ပြောလေ့ရှိလဲ?
English လိုပြောရာရေးရာတွင် ပုံစံတစ်မျိုးတည်း ကိုသာ လေ့လာပြီး အဲသည့်ပြောပုံဆိုပုံ ကိုစွဲမြဲစွာသုံးတာ ထက်စာလျင် ကိစ္စတစ်ခုကို အဓိပ္ပာယ်အနှစ်သာရမပျောက်ပဲ နည်းမျိုးစုံနဲ့ပြောလို့ရေးလို့ရအောင်လေ့ လာပြီး မထပ်အောင် သုံးလျင် repetition ဆိုတာ ကိုရှောင်ရှားနိုင်မည့် အပြင်၊ ပြောချင်တာကို စကားမထပ်အောင် ပြောနိုင်ဆိုနိုင်သည့် language skills လည်းတိုးတက်လာနိုင်ပါသည်။
တစ်ယောက်ယောက်ကကိုယ့်ကိုစကားပြောလိုက်တာကို မကြားလိုက် လျင် ပြန်ပြောတဲ့အခါ ကိုယ်သုံးနေကြ expressions တွေနဲ့ မတူတာတွေ ရှိလားဆိုတာကို ဒီ post လေးထဲမှာကြည့်လိုက်ရအောင်။
အများကြီးရှိသောကြောင့် အသုံးများသော expression များကိုသာရွေးချယ် ထားပါသည်။
Huh!
What?
What’s that? (What was that?)
Say that again. (or) Say that again, please.
Come again.
Sorry.
I am sorry.
Pardon.
Pardon me.
Excuse me.
Would you mind repeating that?
Could you repeat that?
I am sorry I missed what you said.
I didn’t quite catch that.
I didn’t quite catch what you just said.
I didn’t hear what you said.
I didn’t really understand that.
ကျွန်တော် English စာသင်ရာတွင် သတိထားမိ သလောက် တော်တော်များ များ ဟာ sorry တို့ pardon တို့ Could you repeat that? တို့ကိုသာ သုံးလေ့ရှိပြီး တစ်ခြားသော expressions တွေကို အသုံးအင်မတန်မှ နည်း ကျသည်။
ထို့ကြောင့် friendly and informal conversations များတွင် Native Speakers တွေ နေ့တိုင်းလိုလို ပြောနေကြဖြစ်တဲ့ What’s that? (What was that?) တို့ Say that again. (or Say that again please.) တို့ကို စမ်းသုံးစေလိုပါသည်။
Excuse me. ကို လမ်းဖယ်ပေးရန် “တစ်စိတ်လောက်” ဆိုပြီးပြောရာမှာတွင် သာမက နည်းနည်း formal ဆန်ဆန် လူကြီးတို့ဘာတို့နဲ့ပြောတဲ့အခါဆိုလျင် Excuse me? ကို မေးခွန်းမေးတဲ့ အသံမျိုးနဲ့ စမ်းသုံးကြည့် စေချင်ပါသည်။ ထိုအသုံးအနှုန်းသည် politeness တွင်အလယ်အလတ် သဘော ဖြစ်သောကြောင့် ရိုင်းသလို လည်း မဖြစ်နိုင်ပေ။
Huh! နဲ့ What? တို့ကတော့ politeness တွင် နည်းနည်း အားနည်း သောကြောင့် မျက်နှာမနာရမဲ့သူတွေနဲ့သာ သုံးသင့် ပါသည်။
မည်သည့် expression ကိုသုံးသုံး အသံနေအသံထား Intonation မှန်ဖို့ လိုပါသည်။
မှတ်ချက်။ ။ တခါတရံ တစ်ချို့သော အသုံးအနှုန်းများ သည် ပြောတာမကြား လို့မေးတဲ့ အခါတွင်သာ မဟုတ်ပဲ ပြောလိုက်တာ ကို မကျေ နပ်တဲ့အခါလည်း သုံးသည်။ ထိုသို့ပြောရာတွင် ပုံစံ အမျိုးမျိုးဖြင့်ပြောလို့ ရသည့် အထဲမှ အသုံးများသော I beg your pardon. နှင့် Excuse me ကို နမူနာအနေ နဲ့ ပြောပြလိုပါသည်။
တစ်ယောက်ယောက်က mistake တစ်ခုခုလုပ် တဲ့အခါ (သို့) မသင့်တော်သောအပြုအမူ အပြောအဆို လုပ်မိတဲ့အခါမှာ “ဒါ ဘာသဘောလဲ၊ ဘယ်လိုလုပ်လိုက်တာလဲ၊ ပြောလိုက် တာလဲ”ဆိုတာကို သဘောမတူကြောင်း မကြိုက်ကြောင်း (How dare you?) ပုံစံသဘောမျိုးနှင့်လည်း I beg your pardon တို့ Excuse me တို့ကို အာမေဋိတ်ပုံစံ လုပ်ကာ ပြောနိုင် သည်။
ပြောပုံအသံနေအသံထားကွာပုံကိုလည်း သတိပြု ရပေမည်။ ဤနေရာတွင် မကြားလိုက်လို့ ပြောခြင်းမဟုတ် တာကိုလည်း သတိပြုရပေမည်။
ဥပမာ….လေယာဉ်ပေါ်တွင် ဆေးလိပ်မသောက်ရမနေနိုင်ဖြစ်ကာ ဆေးလိပ်ကို အိမ်သာ ထဲဝင်ပြီး တစ်ဖွာနှစ်ဖွာလောက်ဖွာ ပါရစေလို့မေးတဲ့အခါမျိုးမှာ ဒီလိုကိစ္စမျိုးကလုံးဝ “No. No” လုပ်လို့ မရဘူး ဆိုတာကို သိသာစေရန် ထို I beg your pardon. နှင့် Excuse me တို့ကိုသုံးကာပြောလို့ရသည်။
Passenger:
It is a long flight; we still have 2 hours before we land. Can I have a quick smoke in the lavatory? I will just have a couple of puffs and be out in a minute.
Flight attendant:
I beg your pardon!/ Excuse me!
Sir, this is a non-smoking flight at any given time. You can’t smoke anywhere on board. You will be committing a criminal offense if you do.
English စာကို ပိုင်ပိုင်နိုင်နိုင် မိမိပြောလိုရေးလိုသည်ကို အမျိုးမျိုးအဖုံဖုံသော အသုံးအနှုန်းတွေသုံးကာ မှန်မှန် ကန်ကန်ရေးနိုင်ပြောနိုင်ကြပါစေ။

Credit to Ko Nyein Chan Aung

Post a Comment

0 Comments

Close Menu