Ad Code

Responsive Advertisement

ကိစ္စတစ်ခုလုပ်ရာမှာ ချောချောမောမောနဲ့ ပြဿနာမရှိဘူး ဆိုတာကို by Sayar Nyein Chan Aung


ကိစ္စတစ်ခုလုပ်ရာမှာ ချောချောမောမောနဲ့ ပြဿနာမရှိဘူး ဆိုတာကို English လိုဘယ်လိုပြောလို့ရလဲစဉ်းစား ကြည့်ရ အောင်။
ကျွန်တော်တို့ English စာမှာပြဿနာ အနှောက်အယှက် ဆိုတာကို ပုံမှန်ပြော လေ့ရှိတဲ့ စာလုံးတွေဖြစ်တဲ့ obstruction, problem, difficulty, complication, trouble, drawback, glitch, setback, hindrance, hiccup, obstacle စသဖြင့် စာလုံးလေးတွေကိုသုံးကာ English လေ့လာသူတွေ ပြောချင်တဲ့ Tense အခြေအနေနဲ့ပြောလို့ရ အောင် Tense ပေါင်းစုံနဲ့ ကျွန်တော်နမူနာရေးပြလိုက်ပါတယ်။
There is no obstruction in your way. Why don't you just do it? (Present Tense)
ဘာပြဿနာအနှောက်အယှက်မှ ခင်ဗျားကို ပိတ်နေတာမှ မဟုတ်တာ။ ခင်ဗျား ဒါကိုလုပ်သာလုပ်လိုက်စမ်းပါဗျာ။
I am not having any problem with it so far. (Present Continuous)
ကျွန်တော် ဒီဟာနဲ့တော့ အခုထိ ဘာပြဿနာမှ မရှိနေပါဘူး။
We didn’t have any difficulty doing it. (Past Tense)
ကျွန်တော်တို့ အဲဒါလုပ်တာ ဘာပြဿနာမှ မရှိခဲ့ဘူး။
She wasn't suffering from any complication in life, so to speak until she became addicted to my love. (Past Continuous)
သူ(မ)ကျွန်တော့် အချစ်ကို စွဲလမ်းသွားခဲ့တာမတိုင်ခင်ထိ ပြောရရင် သူ(မ)ကဘာပြဿနာ ရှုပ်ရှုပ်ယှက်ယှက်မှ ဘဝမှာ ရှိနေခဲ့တာ မဟုတ်ဘူး။
You won’t/ aren’t going to have any trouble with it. (Simple Future)
အဲဒါနဲ့ ခင်ဗျားတို့ ဘာပြဿနာမှ တက်မှာမဟုတ်ဘူး
You will be having a lot of drawbacks along the way if you go ahead with it. (Future Continuous)
ခင်ဗျား အဲဒါနဲ့ စပြီးလုပ်မယ်ဆိုလျင်၊ တောက်လျှောက် ခင်ဗျား ပြဿနာတွေ တွေ့ နေရမှာပဲ။
We haven’t encountered any glitch here. (Present Perfect)
ကျွန်တော်တို့ဒီမှာ ဘာပြဿ နာမှ မတက်သေးဘူး။
Lately our company hasn't been experiencing any setback with the launch of its new products. (Present Perfect Continuous)
ကျွန်တော်တို့ ကုမ္ပဏီဟာ ခုနောက်ပိုင်းမှာ ပစ္စည်းသစ်တွေကို စတင်မိတ်ဆက်ရောင်းချတာနဲ့ ပတ်သက်လျှင် ပြဿ နာအခက်အခဲလေးတွေနဲ့မတွေ့ရတော့ဘူး။
Before you know it, this little problem will have become a gigantic hindrance to your success. (Future Perfect)
မင်းသတိမထားမိခင်မှာပဲ ဒီပြဿ နာ သေးသေးလေးဟာ မင်းဘ၀အောင်မြင်မှုအတွက် အဟန့်အတားကြီး တစ်ခုအဖြစ် ပြောင်းသွားပြီးသားဖြစ်နေလိမ့်မှာ။
There had never been a hiccup in our planning until we had our first one last year. (Past Perfect)
မနှစ်ကမထမဆုံး စပြီး ပြဿနာဖြစ်တဲ့အချိန်ထိ ကျွန်တော်တို့ အစီအစဉ်တွေဆွဲတဲ့ဟာတွေမှာ တစ်ခါမှဘာ ပြဿနာ မှမ ရှိခဲ့ဘူး။
One of our English teachers’ lack of enthusiasm at work had been acting as an obstacle to our students in learning English lessons that we had to bring her in for a discussion on her performance . (Past Perfect Continuous)
ကျွန်တော်တို့၏ အင်္ဂလိပ်စာ ဆရာမတစ်ယောက်ရဲ့ အလုပ်မှာ စိတ်ပါလက်ပါ မရှိခြင်းက ကျောင်းသားတွေအ တွက် အင်္ဂလိပ်စာသင်ရာမှာ ပြဿနာအဟန့် အတားဖြစ်နေခဲ့သော ကြောင့် သူ့(မ)ကို လုပ်ရည်ကိုင်ရည်နဲ့ပတ်သက်ပြီးသုံးသပ် ဆွေးနွေးဖို့အတွက် ဆင့်ခေါ်ခဲ့ရပါတယ်။

နောက်ဆုံးအနေနဲ့ “ပြဿနာ မရှိဘူး”ဆိုတာကို ပုံစံ အစမ်းလေးနဲ့ Idiom လေးသုံးကာပြောပုံလေးကိုပြောပြ မယ်နော်။
“Like clockwork” ဆိုတာကို နာရီသည် ပုံမှန်သူဘာသာ သူပြဿနာအနှောက်အ ယှက်ကင်းစွာ လည်ပတ် သည်ကို အကြောင်းပြု၍ ပုံမှန်အတိုင်းချောချောမော မောနဲ့ ပြဿ နာ မရှိဘူးဆိုတာ ကို…. (Something) goes/runs (or) went/ran like clockwork. လို့သုံးသည်။
I hope everything goes like clockwork between you and your girlfriend.
မင်းနဲ့မင်းရည်းစားကြားမှာ ဘာပြဿ နာမှ မရှိပဲ အဆင်ပြေ ပါစေလို့ ငါမျှော်လင့်ပါ တယ်။
The operation for removing the appendix went like clockwork for my father.
ကျွန်တော့် အဖေရဲ့ အူအတက်ဖြတ် ခွဲစိတ်ကုသမှုက ချောချောမောမောနဲ့ပြီးသွားခဲ့ပါတယ်။
ကဲ ဒါဆို Like Clockwork ဆိုတဲ့ အသုံးကိုစမ်းသုံးပြီး ပုံမှန်မျှော်လင့်ထားတဲ့ ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပဲ ပြဿ နာ မရှိပါဘူး ဆိုတာကို စမ်းပြောကြည့်ဖို့မမေ့နဲ့နော်။
English စာကိုထိထိရောက်ရောက် မှန်မှန်ကန်ကန် ရေးနိုင် ပြောနိုင်ကြပါစေ။
Ko Nyein Chan Aung

Post a Comment

0 Comments

Close Menu