Ad Code

Responsive Advertisement

ကျေဇူးပြုပြီး Share ဖြင့်ကူညီးပေးပါဗျာ... အင်္ဂလိပ်စာလေ့လာသူများအတွက်သာဖြစ်၏

ကျေဇူးပြုပြီး Share ဖြင့်ကူညီးပေးပါဗျာ... အင်္ဂလိပ်စာလေ့လာသူများအတွက်သာဖြစ်၏
========================
အခု ပေးထားသောအောက် လင့်ခ်လေးကတော့ ဒီ Page မှာတင်သမျှ ပို့စ်အား စာအုပ် PDF အဖြစ်လုပ်ပြီးတင်ထားခြင်းဖြစ်ပါတယ်။ ဖုန်းအတွက် ဖြစ်ဖြစ် Computer နဲ့ဖြစ်ဖြစ် ဒေါင်းလုပ် လုပ်ပေးစေချင်းပါတယ်။ ဘာဖြစ်ဆိုရင် အားလုံး တင်ထားခဲ့သော ပို့စ်တွေဖြစ်နေလို့ပါဗျာ။
http://www.mmappshare.com/…/this-book-is-english-and-myanm…/

အောက်မှာ ဒီ lesson တွေပါ။
1) I am really sorry. I made a big mistake.
ကျနော်တကယ်စိတ်မကောင်းပါဘူး ၊ ကျနော် အမှားကြီးတစ်ခု ပြုခဲ့မိပါတယ်
.
(2) It’s okay. Such things happen.
ရပါတယ် ၊ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်
(Happen (v) : ဖြစ်ပျက်သည် ၊ ကြုံကြိုက်သည်)
.
(3) It can happen to anyone.
ဒါက ဘယ်သူ့ကိုမဆို ဖြစ်နိုင်ပါတယ်
(anyone (pronoun) : မည်သူမဆို ၊ ဘယ်သူမဆို)
.
(4) It was an accident. I shouldn’t have been such a hurry.
မတော်တဆ ဖြစ်ခဲ့တာတစ်ခုပါ ၊ ကျနော် ဒီလောက် အလောတကြီး မဖြစ်ခဲ့သင့်ပါဘူး
(hurry(n) အလောတကြီး ရေးကြီးသုတ်ပြာဖြစ်ခြင်း)
.
(5) I am really sorry. I should have been more careful.
ကျနော်တကယ်စိတ်မကောင်းပါဘူး ၊ ကျနော် ပိုပြီး ဂရုတစိုတ် ဖြစ်ခဲ့သင့်ပါတယ်
.
(6) Please forgive me.
ကျေးဇူးပြု၍ ကျနော့်ကိုဗွေမယူပါနဲ့
(forgive(v) ခွင့်လွှတ်သည် ၊ ဗွေမယူပါ)
.
(7) Please accept my apology.
ကျေးဇူးပြု၍ ကျနော့်တောင်းပန်မှုကို လက်ခံပေးပါ
(apology(n) တောင်းပန်မှု)
.
(8) I would like to apologize for my mistake.
ကျနော့်အမှားအတွက် တောင်းပန်လိုပါတယ် ခင်ဗျာ
(apologize(v): တောင်းပန်သည်)
.
(9) I have no words to apologize to you.
ခင်ဗျားကို တောင်းပန်ဖို့ စကားလုံးတွေ ရှာမရလောက်အောင်ပါပဲဗျာ
.
(10) It won’t happen again.
နောက်တစ်ကြိမ် ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး
.
(11) I will never do it again.
နောက်ထပ် ကျနော် ဘယ်တော့မှ လုပ်တော့မှာ မဟုတ်ပါဘူး
.
(12) Forget it.
မေ့ပစ်လိုက်ပါ
.
(13) No big deal.
အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူးဗျာ
(big deal (phrase) အရေးကြီးတဲ့ကိစ္စ)
.
(14) I don’t want this to spoil our friendship.
ဒီဟာက (အမှားက) ကျနော်တို့ ခင်မင်ရင်းနှီးမှုကို မပျက်စီးစေချင်ပါဘူး
(spoil(v) ပျက်စီးစေသည် ၊ friendship (n) ခင်မင်ရင်းနှီးမှု)
.
(15) I am fine. Don’t worry about it.
ကျနော် အဆင်ပြေပါတယ်ဗျ ၊ အဲဒီအတွက် စိတ်မပူပါနဲ့
.
(16) Thank you for accepting my apology.
ကျနော့် တောင်းပန်ချက်ကို လက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်
(17) You look great today! That’s a nice shirt you’re wearing.
ဒီနေ့ ခင်ဗျား ကြည့်ရတာ ထည်ဝါလှပါလား ၊ ခင်ဗျားဝတ်ထားတဲ့ ရှပ်အင်္ကျီက သိပ်ကောင်းတယ်ဗျာ
.
(18) You think so? How about my hair?
ခင်ဗျား အဲလို ထင်လား ၊ ကျနော်ဆံပင်ကော ဘယ်လိုနေလဲ
.
(19) It looks great. I really like your hair.
သိပ်မိုက်တယ် ၊ ကျနော် ခင်ဗျားရဲ့ဆံပင်ပုံကို တကယ်ကြိုက်တယ်ဗျာ
.
(20) Thank you for saying so.
အဲလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
...................
အရည်အချင်းကို ချီးကျူးဖို့
.
(21) You are a good driver, I think.
ကျနော်ထင်တယ်လေ ၊ ခင်ဗျားက ကားမောင်းကောင်းတဲ့သူ တစ်ယောက်ပဲ
.
(22) No way! This is my first time driving!
မဖြစ်နိုင်ပါဘူးဗျာ ၊ ဒါက ကျနော်ရဲ့ ပထမဆုံး အကြိမ်ကားမောင်းခြင်းပါ
.
(23) Well, for a beginer, you are pretty good.
ဟုတ်ပါပြီ ၊ လူသစ်တစ်ယောက်အနေနဲ့တော့ ခင်ဗျားက တော်တော်လေး ကျွမ်းပါတယ်
(well (adv) : ကောင်းပါပြီ ၊ ဟုတ်ပါပြီ ၊ pretty (adv) : အတော်လေး)
.
(24) My instructor says I am a quick learner.
ကျနော်က တတ်လွယ်တဲ့သူလို့ ကျနော့်ကို သင်ပေးတဲ့ဆရာက ပြောပါတယ်
…………….
အထွေထွေ
.
(25) You’re an excellent cook.
ခင်ဗျားက အကောင်းဆုံး စားဖိုမှူးပဲနော်
(excellent(adj) : အကောင်းဆုံးဖြစ်သော)
.
(26) You are good at singing.
ခင်ဗျားက သီးချင်းဆိုတာ သိပ်တော်တယ်
(good ..at (adj) ကောင်းသော တော်သော)
.
(27) Is there anything you can’t do.
ခင်ဗျားမလုပ်နိုင်တာ တစ်ခုခု ရှိပါရဲ့လား
.
(28) Good job!
လုပ်ထားတာ ကောင်းလိုက်တာ
.
(29) I am so flattered.
ကျနော် သိပ်မြောက်သွားပြီ (မြှောက်ပြောတာခံရလို့)
(Flatter(v) မြှောက်ပင့်သည်)
.
(30) I envy you.
ကျနော်ခင်ဗျားကို အားကျတယ်ဗျာ
(Envy(v) အားကျသည် ၊ မနာလိုဖြစ်သည်)
.
(31) I’ll do my best.
ကျနော် အကောင်းဆုံး လုပ်ဆောင်ပါမယ်
.
(32) I’m proud of you.
ကျနော် ခင်ဗျားအတွက် ဂုဏ်ယူတယ်ဗျာ
(proud(adj) ဂုဏ်ယူသော)
.
(33) Don’t make me blush.
ကျနော့်ကို ရှက်အောင်တော့ မလုပ်ပါနဲ့ဗျာ
(34) I would like to share my thought on the matter with you.
ဒီကိစ္စအပေါ်မှာ ကျနော့်ရဲ့ ထင်မြင်ချက်ကို ခင်ဗျားနဲ့ မျှဝေချင်ပါတယ်
(thought (n) အတွေး ၊ ထင်မြင်ချက်)
.
(35) Okay. Shoot!
ကောင်းပါပြီ ၊ ပြောပါ (ပြောပါ ၊ မေးပါ ..စသည်) ။
(shoot (v) သေနတ်ပစ်သည်)
.
(36) Can I shoot a question?
ကျနော်မေးခွန်းတစ်ခုလောက်မေးလို့ရမလား
.
(37) Shoot me questions.
ကျနော့်ကို မေးခွန်းတွေ မေးပါ (သေနတ်ပစ်သလို မြန်မြန်နဲ့ အဆက်မပြတ်မေးနိုင်ပါတယ်)
.
(38) You can shoot any questions.
ခင်ဗျား ဘယ်မေးခွန်းမဆိုမေးချင်တာ မေးလို့ရပါတယ်
.
(39) This is just what I think.
ဒါက ကျနော်တွေးတာလေးရယ်ပါ
.
(40) I have got an idea.
ကျနော် အကြံတစ်ခုရပြီ
.
(41) Can I be honest with you.
ကျနော်ခင်ဗျားကို အမှန်အတိုင်း ပြော/ဖြေ ရမှာလား
( honest (adj) ရိုးသားသော)
.
(42) I want you to be honest with me.
ကျနော့်ကို အမှန်အတိုင်းပဲ ပြောစေချင်ပါတယ်
.
(43) What do you think I should do?
ကျနော် ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ
.
(44) What’s your opinion on this?
ဒီအပေါ်မှာ ခင်ဗျားရဲ့ သဘောထားထင်မြင်ချက်က ဘယ်လိုပါလဲ
(opinion (n) အကြံညာဏ် ၊ သဘောထား ၊ ထင်မြင်ချက်)
.
(45) Can I have your opinion?
ခင်ဗျားရဲ့ ထင်မြင်ချက်ကို သိလို့ရနိုင်မလား
.
(46) What would you do if you were in my shoes?
ခင်ဗျားသာ ကျနော့်နေရာမှာဆို ဘာလုပ်မလဲ
.
(47) I have got something to tell you.
ကျနော် ခင်ဗျားကို ပြောစရာရှိတယ်
.
(48) My opinion is that this is the wrong thing to do.
ကျနော့် ထင်မြင်ချက်ကတော့ ဒီဟာက လုပ်ဖို့အတွက်(မသင့်တဲ့) အမှားတစ်ခုပါ
.
(49) I don't understand the origin of your problem.
ခင်ဗျာ့ ပြဿနာရဲ့ အရင်းအမြစ်ကို ကျနော်နားမလည်ပါဘူး
.
(50) I think your problem is solved.
ခင်ဗျားရဲ့ ပြဿနာ ပြေလည်သွားပြီ (ဖြေရှင်းပြီးပြီ) လို့ ထင်ပါတယ်
(51) How do you spend your time on weekends?
သီတင်းပတ်ကုန်ပိတ်ရက်တွေမှာ ခင်ဗျားရဲ့အချိန်တွေကို ဘယ်လိုသုံးပါသလဲ
(spend (v) သုံးသည် ၊ ကုန်ဆုံးသည်)
.
(52) What do you usually do?
ခင်ဗျား ခါတိုင်း ဘာလုပ်ပါသလဲ ၊ ဘာလုပ်နေကျလဲ
(usually (adv) ခါတိုင်း ၊ ထုံးစံအတိုင်း ၊ ..နေကျ)
.
(53) What do you do in your spare time?
ခင်ဗျားရဲ့ ပိုနေတဲ့အချိန်တွေမှာ ဘာလုပ်ပါသလဲ
(spare (adj) အပို ၊ အရန်)
.
(54) What do you do for relaxation?
အပန်းဖြေမှုအတွက် ခင်ဗျား ဘာလုပ်ပါသလဲ
(relaxation (n) အပန်းဖြေမှု)
.
(55) What do you do when you are free?
ခင်ဗျားအားလပ်တဲ့အခါ ဘာလုပ်ပါသလဲ
.
(56) How do you spend your leisure time?
ခင်ဗျားရဲ့ နားနေချိန်တွေကို ဘယ်လိုသုံးပါသလဲ
( leisure (n) နားနေချိန် ၊ အားလပ်ချိန်)
.
(57) Do you have anything special to do after work?
အလုပ်ပြီးလျှင် အထူးသီးသန့် တစ်ခုခု လုပ်ဖို့ ရှိပါသလား
.
(58) What is your hobby?
ခင်ဗျားရဲ့ ၀ါသနာက ဘာပါလဲ
(hobby (n) ၀ါသနာ)
.
(59) What do you do for fun?
ခင်ဗျား ပျော်ရွှင်မှုအတွက် ဘာလုပ်ပါသလဲ
.
(60) What are you interested in?
ခင်ဗျား ဘာကို စိတ်ဝင်စားပါသလဲ
(interested (adj) စိတ်ဝင်စားသော)
.
(11) I sing for fun.
ကျနော် ပျော်ဖို့ သီချင်းဆိုပါတယ်
.
(61) I like traveling.
ကျနော် ခရီးသွားခြင်းကို ကြိုက်နှစ်သက်ပါတယ်
.
(62) I go to PC game room.
ကျနော် PC game ကစားခန်းကို သွားပါတယ်
.
(63) My hobby is collecting stemps.
ကျနော့်ဝါသနာကတော့ တံဆိပ်ခေါင်းတွေစုခြင်း ပါ
.
(64) My hobby is travelling.
ကျနော် ၀ါသနာက ခရီးသွားခြင်းပါ
.
(65) My hobby is listening to music.
ကျနော့်ဝါသနာက သီချင်းဂီတကို နားထောင်ခြင်းပါ
.
(66) I love walking by the river.
ကျနော်က မြစ်ကမ်းနဘေးမှာ လမ်းလျှောက်ရတာကို ကြိုက်ပါတယ်
.
(67) My interests are varied.
ကျနော့် စိတ်ဝင်စားမှုတွေက အစုံပါပဲ
(interest (n) စိတ၀င်စားမှု ၊ varied (adj) ကွဲပြားသော ၊ ခြားနားသော ၊ စုံသော)
.
(68) I have little interest in anything.
ကျနော်က ဘယ်တစ်ခုမဆို နည်းနည်းပဲ စိတ်ဝင်စားပါတယ်
.
(69) I go shopping every weekend.
ကျနော် သီတင်းပတ်ကုန်ရက်တိုင်း ဈေးဝယ်ထွက်ပါတယ်
( go shopping : ဈေးဝယ်ထွက်ခြင်း)
(70) Nice to meet you.
တွေ့ရတာဝမ်းသာပါတယ်
.
(71) What should I call you?
ကျနော် ခင်ဗျားကို (နာမည်) ဘယ်လိုခေါ်ရမလဲ
.
(72) Excuse me, are you Mr. Brad Jordan?
တဆိတ်လောက်ခင်ဗျာ ..ခင်ဗျားက မစ္စတာ Brad Jordan ပါလား
.
(73) How was your trip?
လမ်းခရီး အဆင်ပြေခဲ့ပါရဲ့လား
.
(74) How was your day?
ဒီနေ့ အဆင်ပြေခဲ့ပါရဲ့လား (ညနေပိုင်းမှာ မေးတာမျိုးပေါ့)
.
(75) What’s new with you?
ဘာများထူးသေးလဲဗျာ
.
(76) Everything is O.K.
အားလုံးကတော့ OK ပါပဲ
.
(77) Same as always.
ခါတိုင်းလိုပါပဲ ၊ အတူတူပါပဲ
.
(78) I’m still busy as ever.
ကျနော်ကတော့ အမြဲလို အလုပ်ရှုပ်နေတာပါပဲ
.
(79) How are you doing?
နေလို့ထိုင်လို့ ကောင်းပါရဲ့လား
.
(80) How is it going?
အဆင်ပြေပါရဲ့လား ၊ ဘယ်လိုနေလဲ
.
(81) How is your business going?
ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်း အဆင်ပြေပါရဲ့လား
(82) Here’s something for you.
ဟောဒီမှာ ခင်ဗျားအတွက် တစ်ခုခုပါ (လက်ဆောင်ပစ္စည်းတစ်ခုခုပေါ့ ၊ ဘာရယ်လို့ ပြောမထားဘူး)
.
(83) Is this really for me?
ဒီဟာက တကယ် ကျနော့်အတွက်လား
.
(84) It’s not much but it comes from the heart.
များတော့ မများပါဘူး ဒါပေမယ့် (ပေးချင်တဲ့စိတ်က) ကျနော့်ရင်ထဲအသဲထဲကနေ လာတာပါ
.
(85) It’s not much but I hope you like it.
များတော့မများပါဘူး ဒါပေမယ့် ခင်ဗျားကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်
.
(86) Thank you for being so thoughtful.
အရမ်း သတိတရ ရှိနေတတ်တဲ့အတွက် ကျေဇူးတင်ပါတယ်
(thoughtful (adj) စဉ်းစဉ်းစားစား လုပ်တတ်ကိုင်တတ်သော ၊ သတိရတတ်သော ၊ အတွေးနယ်ချဲ့သော)
.
(87) That’s very thoughtful of you.
ခင်ဗျားက သိပ်ပြီးစိတ်ကူးကောင်းတဲ့သူပဲနော်
.
(88) I really appreciate it.
ကျနော် တကယ်ပဲ အသိအမှတ်ပြုပါတယ်
(appreciate (v) အသိအမှတ်ပြုသည် ၊ သဘောကျသည်)
.
(89) I can’t thank you enough.
ကျနော် ကျေးဇူးတင်လို့မဆုံးပါဘူး
.
(90) This gift is something I made myself.
လက်ဆောင်ကို ကျနော်ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့တာပါ
.
(91) Thank you for all of your hard work.
ခင်ဗျားရဲ့ ကြိုးစားလုပ်ဆောင်မှု(ဖန်တီးမှု) အားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်
.
(92) This is just what I wanted.
ဒီဟာက ကျနော်လိုချင်နေခဲ့တာနဲ့ အံကိုက်ပါပဲ
(just (adv) .. before noun (or) noun phrase >> အံကိုက် ၊ ကွက်တိ)
.
(93) I am glad you like it.
ခင်ဗျားကြိုက်နှစ်သက်တဲ့အတွက် ၀မ်းသာပါတယ်
(94) I’m so sad. I feel so hopeless.
ငါသိပ်ကို ၀မ်းနည်းတယ် ၊ လုံးဝမျှော်လင့်ချက်မဲ့သလိုခံစားနေရတယ်
.
(95) What am I supposed to do?
ငါဘာလုပ်ပေးရမလဲ
( be+ supposed to >> ရမည် ၊ သင့်သည် ။ မူလစာလုံး suppose (ယူဆသည် ၊ မှတ်ယူသည် ၊ ဆိုပါစို့ ) နဲ့ အဓိပ္ပါယ် သီးခြား ဖြစ်နေလို့ သတိထားပြီး မှတ်လိုက်ပါ ..
.
(95) Don’t worry too much.
တအားကြီး စိတ်မပူပါနဲ့
.
(96) Don’t take it so seriously.
အရမ်းကြီး အရေးတယူလုပ်မနေပါနဲ့
(seriously (adv) လေးလေးနက်နက် ၊ အရေးတယူ ၊ အရေးတကြီး ၊ စိုးရိမ်ဖွယ်ရာ)
.
(97) You can lean on me.
ငါ့အပေါ်မှီခို အားထားနိုင်ပါတယ်
(lean on someone = တစ်စုံတစ်ယောက်အပေါ်အားထားမှီခိုသည်)
.
(98) I’ll be there for you.
ငါလည်း မင်းနဲ့အတူရှိနေမယ်
.
(99) What else can I do?
တခြား ငါဘာလုပ်ပေးနိုင်ဦးမလဲ
(else(adj) အခြားသော ၊ else က adv လည်းရှိပါတယ် ၊ ဒီမှာက adj လိုပြုမူပါတယ် ၊ who else ဘယ်သူမှန်းမသိတဲ့ အခြားတစ်ယောက် ၊ what else ဘာမှန်းမသိတဲ့ အခြားတစ်ခု ၊ someone else အခြားတစ်ယောက် ..စသည်ဖြင့်)
.
(100) Calm down. Try not to think about it.
စိတ်တည်ငြိမ်အောင် လျှော့ချပါ ၊ အဲဒါကိုမတွေးဖို့ အားထုတ်ပါ
(calm(v) စိတ်ငြိမ်စေသည် ၊ အေးဆေးစေသည်)
.
(101) Are you OK? You look angry.
အခြေအနေကောင်းရဲ့လား ၊ မင်းကို ကြည့်ရတာ ဒေါသထွက်နေသလိုပဲ
.
(102) I am really angry. That’s so offensive. How could he do such a thing?
ငါတကယ် စိတ်ဆိုးတယ် ၊ သိပ်ကို စော်ကားပုတ်ခတ်တယ် ၊ သူဒါမျိုး ဘယ်လိုများလုပ်နိုင်ခဲ့ပါလိမ့်
( offensive(adj) စော်ကားပုတ်ခတ်သော ၊ ထိုးနှက်တိုက်ခိုက်သော )
.
(103) He made me mad. I can’t stand it any more.
သူငါ့ကို စိတ်ဆိုးအောင်လုပ်ခဲ့တယ် ၊ ငါထပ်ပြီး သီးမခံနိုင်တော့ဘူး
.
(104) He drives me crazy. I’m really displeased with his behavior.
သူငါ့ကို စိတ်ဆိုးအောင် လုပ်တယ် ၊ သူ့အပြုအမူကို ငါလုံးဝ မကျေနပ်ဘူး
.
(105) My patience is wearing thin. How rude can you be?
ငါသည်းခံနိုင်စွမ်းတွေ လျော့ပါးလာနေပြီ ၊ မင်း တော်တော်ရိုင်းတာပဲ
(wear thin = to be weakened gradually အားပျော့လာတယ် ၊ လျော့ပါးလာတယ်)
.
(106) What are you talking about?
မင်းဘာတွေ ပြောနေတာလဲ
.
(107) You say some silly things sometimes.
တစ်ခါတရံ မင်းက ရူးကြောင်ကြောင်တွေ ပြောတတ်တယ်နော်
(sometimes တစ်ခါတရံ ၊ ရံဖန်ရံခါ)
.
(108) Shame on you.
မင်းမရှက်ဘူးလား (ရှက်စရာပဲ)
.
(109) Shame on you for hitting a woman.
မိန်းမတစ်ယောက်ကို ထိုးတာ မင်းမရှက်ဘူးလား
.
(110) Are you out of your mind?
မင်းရူးနေလား ၊ မင်းစဉ်းစားညာဏ်မရှိတော့ဘူးလား
.
(112) How could you be so thoughtless!
အတွေးအခေါ်မရှိလိုက်တဲ့ကောင် ကွာ
( thoughtless(adj) စဉ်းစားဆင်ခြင်မှုမရှိသော ၊ အတွေးမရှိသော )
.
(113) Don’t get on my nerves.
ငါ့ကို စိတ်ရှုပ်စိတ်တိုအောင် ထပ်ခါထပ်ခါ လုပ်မနေနဲ့
(get on somebody’s nerves = to annoy someone by doing something again and again စိတ်ရှုပ်အောင် ထပ်ခါထပ်ခါလုပ်သည်)
.
(114) Do you have something on your mind? You look unhappy. What’s wrong?
မင်းစိတ်ထဲမှာ တွေးနေတဲ့ တစ်စုံတစ်ရာ ရှိနေလား ၊ မင်းကိုကြည့်ရတာ မပျော်ရွှင်သလိုပဲ ၊ ဘာဖြစ်နေတာလဲ (ဘာမှားနေလဲ)
.
(115) I am feeling sad today. I broke up with my girlfriend.
ဒီနေ့ ကျနော် ၀မ်းနည်းနေတယ် ၊ ကျနော့်ကောင်မလေးနဲ့ ပြတ်သွားခဲ့ပြီလေ
.
(116) What can I do to make you feel better? What would you like to do?
မင်းခံစားချက် သက်သာအောင် ငါဘာလုပ်ပေးနိုင်မလဲ ၊ မင်းဘာလုပ်ချင်သလဲ
.
(117) I don’t feel like doing anything.
ငါ ဘာတစ်ခုမှ လုပ်ချင်တဲ့ စိတ်ဆန္ဒမရှိဘူး
.
(118) I’ve never felt this sad before. I feel like I want to cry.
အရင်က ငါဒီလိုဝမ်းနည်းမှုမျိုး မခံစားဖူးဘူး ၊ ငါငိုချင်တဲ့ဆန္ဒရှိတယ်
.
(119) I’m sorry to hear that. Don’t worry. Everything will be fine in the end.
ကြားရတာ စိတ်မကောင်းပါဘူး ၊ စိတ်မပူပါနဲ့ ၊ နောက်ဆုံးမှာတော့ အရာရာတိုင်းက အဆင်ပြေသွားမှာပါ
.
(120) I think it was stupid of me.
ငါမိုက်မဲခဲ့တာလို့ ထင်မိတယ်
.
(121) Try not to think about it. You will feel better sooner or later.
အဲဒီအကြောင်း မတွေးဖို့ ကြိုးစားပါ ၊ အနှေးနဲ့အမြန်ဆိုသလို မင်း ခံစားရတာ သက်သာလာမှာ အသေအချာပါ
(sooner or later အနှေးနဲ့အမြန်ဆိုသလို အသေအချာ)
.
(122) I hope so.
ငါလည်း အဲလိုပဲ မျှော်လင့်ပါတယ်
.
(123) It’ll take some time. But you’ll get over this.
အချိန် တချို့တော့ကြာလိမ့်မယ် ၊ ဒါပေမယ့် ဒီဟာကို (၀မ်းနည်းမှုကို) မင်းကျော်ဖြတ်နိုင်သွားပါလိမ့်မယ်
(124) Please come in. Welcome to my house.
ကျေးဇူးပြု၍၀င်လာပါ ၊ ကျနော့်ရဲ့ အိမ်ဂေဟာကို ကြိုဆိုပါတယ်
.
(125) Thank you for inviting me. You have a nice place here.
ကျနော့်ကို ဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်ပါတယ် ၊ ခင်ဗျားနေရာက သိပ်ကောင်းတဲ့ နေရာလေးတစ်ခုပါ
.
(126) Thank you. Make yourself at home. Would you like a drink?
ကျေးဇူးတင်ပါတယ် ၊ ကိုယ့်အိမ်လိုပဲ သဘောထားပြီးလွတ်လွတ်လပ်လပ်နေပါ ၊ တစ်ခုခုသောက်ပါလား
.
(127) May I have some water, please?
ကျေးဇူးပြု၍ ရေနည်းနည်း ပေးပါလား
.
(128) I’m so glad you could come.
ခင်ဗျားလာနိုင်ခဲ့တဲ့အတွက် ကျနော် သိပ်ဝမ်းသာပါတယ်
.
(129) Dinner’s ready. Let’s move to the dining room.
ညစာ အဆင်သင့်ဖြစ်ပါပြီ ၊ ထမင်းစားခန်းကို သွားကြပါစို့
.
(130) Everything looks delicious.
အားလုံးက အရသာရှိမယ့်ပုံပဲ
.
(131) Help yourself, please.
ကိုယ်တိုင်ပဲ ကြိုက်သလောက် ယူစားပါနော်
.
(132) Take your time eating.
ဖြည်းဖြည်းအေးအေး အချိန်ယူပြီး သုံးဆောင်ပါ
.
(133) Try some of this.
ဒါလေး စားကြည့်ပါလား
.
(134) It looks delicious.
အရသာ ရှိမယ့်ပုံပဲ
.
(135) How does it taste?
အရသာက ဘယ်လိုပါလဲ
.
(136) Please have seconds.
ထပ်စားပါဦး ၊ နောက်တစ်ခုယူပါဦး
(ကျနော်တို့ သိခဲ့တာက ထပ်စားပါဦးဆို Have some more. ပဲ ။
Have some more rice. Could I have some more rice? စသည်ဖြင့် ပြောပါတယ် ၊ အခုဟာကတော့ ဒုတိယတစ်ခု စားပါဦး ၊ ဒုတိယအကြိမ် ထည့်ပါဦး လို့ ပြောတာ ဖြစ်နေပါတယ် ..ကိုရီးယား ဘာသာပြန်မှာလည်း ထပ်ပြီး သုံးဆောင်ပါဦး 더 두세요 လို့ ဖြစ်နေတော့ သေချာပါတယ် )
.
(137) Let me know if you need anything.
ခင်ဗျား တစ်ခုခုလိုအပ်လျင် ကျနော့်ကို ပြောပါ (သိပါရစေ)
.
(138) Do you mind if I look around your house?
ခင်ဗျားရဲ့ အိမ်ကို လှည့်ပတ်ကြည့်လို့ ရမလား
.
(139) I’ll take you on a tour of the house.
ကျနော်က ခင်ဗျားအတွက် အိမ်ကို လိုက်ပြပေးပါမယ်
(140) Do you have time this Saturday?
ဒီစနေနေ့ ခင်ဗျားမှာ အချိန်ရှိပါသလား
.
(141) Are you free this Saturday evening?
ဒီစနေညနေမှာ ခင်ဗျား အားပါသလား
.
(142) I think so. Why do you ask?
ကျနော်လည်း (အားမယ်လို့) ထင်ပါတယ် ၊ ဘာကြောင့်မေးတာပါလဲ
.
(143) Would you like to come to my house this Saturday?
ဒီစနေနေ့မှာ ကျနော့်အိမ်ကို လာပါလား
.
(144) If you have time, I’d like to invite you to my house.
ခင်ဗျားမှာ အချိန်ရှိလျင် ကျနော့်အိမ်ကို (လာဖို့) ဖိတ်ကြားလိုပါတယ်
.
(145) When is it?
ဘယ်အချိန်မှာပါလဲ
.
(146) Would you care to be my guest?
ကျနော့်ဧည့်သည်လုပ်ပါလား (လာလည်ပါလား)
.
(147) Thank you. I’d love to see your place.
ကျေးဇူးတင်ပါတယ် ၊ ခင်ဗျားရဲ့ နေရာကို ကြည့်ချင်ပါတယ်
.
(148) Sure. Thank you for the invitation.
သေချာတာပေါ့ (လာပါ့မယ်) ၊ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်
.
(149) What time should I be there?
ကျနော်အဲဒီနေရာကို ဘယ်အချိန် ရောက်ရပါမလဲ
(150) Can I see you again?
ကျနော်ခင်ဗျားကို နောက်ထပ်တွေ့နိုင်ပါမလား (နောက်တွေ့လို့ရမလား)
.
(151) We should get together more often.
ကျနော်တို့ ပိုပြီးမကြာမကြာ တွေ့ဆုံကြသင့်ပါတယ်
.
(152) Let’s get together again soon.
မကြာခင်မှာ နောက်တစ်ကြိမ် တွေ့ဆုံကြပါစို့
.
(153) Good bye! See you tomorrow.
နှုတ်ဆက်ပါတယ် ၊ မနက်ဖန်မှာတွေ့ကြမယ်
.
(154) See you on Sunday.
တနင်္ဂနွေမှာ တွေ့မယ်
.
(155) I enjoyed talking with you.
ခင်ဗျားနဲ့ စကားပြောရတာ ပျော်ရွှင်ကျေနပ်ခဲ့ပါတယ်
.
(156) Take care of yourself.
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
.
(157) I’ll say good bye here.
ကျနော် ဒီမှာပဲ နှုတ်ဆက်လိုက်ပါတယ်
.
(158) Give me a call later.
နောက်ခါကျလျင် ကျနော့်ကို ဖုန်းဆက်ပါ
.
(159) I look forward to your call.
ကျနော် ခင်ဗျားဖုန်းဆက်တာကို စောင့်မျှော်နေပါတယ်
(160) See you later.
နောက်တွေ့ကြမယ်နော်
.
(161) I think I have to go now.
အခု ကျနော်သွားရတော့မယ် ထင်ပါတယ် (သွားဖို့ အချိန်ကျနေပြီ)
.
(162) I came to say good bye. Thank you for your help today.
နှုတ်ဆက်စကားဆိုဖို့ ကျနော်ရောက်လာတာပါ ၊ ဒီနေ့ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်
.
(163) Thanks to you, I’ve enjoyed my time in Myanmar.
ခင်ဗျားကို ကျေးဇူးတင်ပါတယ် ၊ ကျနော် မြန်မာမှာရှိနေခဲ့တဲ့ အချိန်တွေမှာ ကျေနပ်ပျော်ရွှင်ခဲ့ပါတယ် (ပြောနေချိန်ထိ)
(Thanks to you. မှာ you ကို ကျေးဇူးတင်ကြောင်း သေချာရည်ညွှန်းချင်လို့ to ထည့်ထားတာပါ.. )
.
(164) No problem. Call me anytime if you need help.
ကိစ္စမရှိပါဘူး ၊ ခင်ဗျားအကူအညီ လိုအပ်လျင် ဘယ်အချိန်မဆို ကျနော့်ကို ခေါ်ပါ
.
(165) Well, I hope we meet again soon.
ကောင်းပါပြီ ၊ ကျနော်တို့ မကြာခင် ထပ်မံတွေ့နိုင်ဆုံဖို့ မျှော်လင့်ပါတယ်
.
(166) Let’s keep in touch.
အဆက်အသွယ်မပြတ်အောင် နေကြပါစို့
.
(167) I’ll keep in touch.
ကျနော် အဆက်အသွယ် မပြတ်အောင်လုပ်ပါမယ်
.
(168) I am sure we will.
သေချာတာပေါ့ ကျနော်တို့ (အဆက်အသွယ်) လုပ်ကြမယ်
.
(169) Please come and see me once in a while.
ကျေးဇူးပြု၍ အချိန်အတော်ကြာပြီးလျင် တစ်ကြိမ် ကျနော့်ကို လာတွေ့ပေးပါ
(170) How’s your son doing?
ခင်ဗျားရဲ့သားကော ဘယ်လိုနေလဲ ၊ နေကောင်းရဲ့လား
.
(လောလောဆယ်အခြေအနေကို မေးချင်တဲ့အတွက် doing ကိုထည့်ထားတာမျိုးပါ ၊ ပထမဆုံး တွေ့ဆုံတဲ့အခါမှာ How are you? လို့ formal သဘောအရ မေးလေ့ရှိပေမယ့် နောက်ပိုင်း ရင်းနှီးပြီး ရံဖန်ရံခါ တွေ့နေတဲ့အခါ ၊ လေးစားမှု အများကြီး ပြဖို့ မလိုတော့တဲ့အခါ .. How are you doing? How is it going? How is your business going? စသည်ဖြင့် လိုက်ဖက်တဲ့ V-ing လေးတွေ ထည့်မေးတတ်ပါတယ် ၊ သူက causal (နေ့စဉ်သုံး ..အများသုံး)လည်း ဖြစ်တယ် ၊ ရင်းနှီးမှုသဘောကိုလည်း ဆောင်တယ်လို့ ဆိုပါတယ် ရုပ်ရှင်တွေထဲမှာ How you doing ? လို့ (are) သံနိမ့်ပြီး မေးတာကို မကြာမကြာ ကြားရတတ်ပါတယ်)
.
(171) I haven’t seen you for ages.
ခင်ဗျားကို မတွေ့မိတာ အချိန်အကြာကြီး ရှိပြီနော်
(Ages (n) a long period of time: အချိန်အကြာကြီး)
.
(172) I have missed you so much.
ကျနော် ခင်ဗျားကို အများကြီး အများကြီး လွမ်းနေခဲ့တာပါ
.
(173) I was wondering about you.
ကျနော်က ခင်ဗျားနဲ့ ပတ်သက်တာ သိချင်နေခဲ့ပါတယ်
.
(174) You have changed beyond all recognition.
ခင်ဗျားက မှတ်မိနိုင်စရာတွေ အားလုံးကနေ ပြောင်းလဲသွားခဲ့ပါပြီ (မမှတ်မိနိုင်စရာပါ)
Recognition (n) မှတ်မိနိုင်စရာအေခြအနေ
.
(175) How’s everyone getting along?
လူတိုင်း အဆင်ပြေနေကြပါရဲ့လား
(Get along (phr.V) to manage to continue doing something (or) make progress in a situation)
.
(176) How is he doing these days?
ဒီရက်ပိုင်းတွေမှာ သူဘယ်လိုနေလဲ နေကောင်းပါရဲ့လား
(these days (adv) at present : လောလောဆယ် ၊ ဒီရက်ပိုင်းတွေမှာ)
.
(177) Tell him I am thinking of him.
ကျနော်က သတိရနေကြောင်း သူ့ကို ပြောပေးပါ
.
(178) Ms. Sally sends her regards to you.
မဆယ်လီက ခင်ဗျားအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်း အမှာစကားပါးလိုက်ပါတယ်
(Regards (n) Good wishes expressing such sentiment. ဆုတောင်းမေတ္တာပို့သမှုများ)
.
(179) It’s been a few years since we last saw each other.
ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးတွေ့ခဲ့ကြပြီး ကတည်းက (မတွေ့တာ) နှစ်အနည်းငယ်ကြာခဲ့ပြီနော်
(180) Long time no see.
မတွေ့တာကြာပြီနော်
(၀ါကျဟာ grammar အရ မမှန်သော်လည်း အသုံးများတော့ စကားဖြစ်သွားပါတယ်)
.
(181) How have you been?
(မတွေ့ခင်စပ်ကြားမှာ) ဘယ်လိုတွေ ရှိနေခဲ့ပါသလဲဗျာ
("How have you been?" is usually asking what you have been like since you last saw the person, or spoke, or etc.)
.
(182) I have been well, thanks.
ကျနော်နေကောင်းပြီး ရှိနေခဲ့ပါတယ်ဗျာ ၊ ကျေးဇူးပါ
.
(183) I've been a bit sick.
ကျနော် နည်းနည်း နေမကောင်းသလို ဖြစ်သွားခဲ့တယ်ဗျ
(A bit = To a small degree; somewhat: အတန်ငယ် ၊ အနည်းငယ် ၊ သလိုလို)
(184) I haven’t seen you in a while.
ကျနော်ခင်ဗျားကို အချိန်အတော်ကြာ မတွေ့မိဘူးနော်
(In a while = after a period of time, usually a moderately short time. အချိန်အတန်ကြာ)
.
(185) You always look the same.
မင်းကတော့ ဘယ်ချိန်ကြည့်ကြည့် အတူတူလိုပါပဲ ( မင်းက အမြဲတန်း အတူတူလို့ ထင်ရတယ်)
(look = ထင်ရသည် ၊ ပုံပေါက်သည် .. ဒီလိုလည်းရသေးတယ်)
.
(186) How’s your family?
ခင်ဗျားမိသားစုတွေရော ဘယ်လိုလဲ နေကောင်းကြပါရဲ့လား
.
(187) They are all very well. (They all are မဟုတ်ဘူးနော်)
သူတို့အားလုံး နေကောင်းကြပါတယ်
( well (adv) ကောင်းစွာ ၊ (adj) နေကောင်းသော )
.
(188) Please say hello for me.
ကျေးဇူးပြု၍ ကျနော်က နှုတ်ဆက်တယ်လို့ ပြောပေးပါ
.
(189) Please say hello / to your family / for me.
ကျေးဇူးပြု၍ / ခင်ဗျားမိသားစုကို / ကျနော်က နှုတ်ဆက်တယ်လို့ ပြောပေးပါ
(190) May I see you for a few minutes?
ကျနော်ခင်ဗျားကို မိနစ်အနည်းငယ် (အချိန်အနည်းငယ်) တွေ့ခွင့်ပြုနိုင်ပါမလား (တွေ့ခွင့်ပြုပါ)
.
(191) Let’s go some place to talk.
စကားပြောဖို့ နေရာတစ်ခုခုကို သွားကြပါစို့
.
(192) Do you have a second?
ခင်ဗျားမှာ အချိန်အနည်းငယ်ရှိပါသလား
.
(193) I need to tell you something.
ကျနော်ခင်ဗျားကို တစ်ခုခုပြောပြရမယ် (ပြောဖို့လိုအပ်တယ်)
.
(194) Are you sure?
သေချာရဲ့လားဗျာ
.
(195) That explains it all.
အားလုံးကိုရှင်းသွားတာပဲ
.
(196) It is an incredible story.
အဲဒါက မယုံနိုင်ဖွယ်ရာ ဇတ်လမ်းတစ်ပုဒ်ပါ
(Incredible (adj) မယုံနိုင်ဖွယ်ရာဖြစ်သော)
.
(197) I’ve never heard of such a thing.
ကျနော် အဲလိုမျိုး (အကြောင်းအရာ) တစ်ခုကို မကြားဖူးပါဘူး
.
(198) The story has been around for a while.
အဲဒီဇတ်လမ်းက အချိန်အနည်းငယ်ပျံ့နှံ့နေခဲ့တာပေါ့
(199) Is this your first time to Myanmar?
ဒါက မြန်မာနိုင်ငံကိုရောက်တာ မထမအကြိမ်ပါလား
.
(200) What was your first impression of Myanmar?
ခင်ဗျားရဲ့ မြန်မာနိုင်ငံအပေါ် ရောက်ရောက်ချင်း ထင်မြင်ချက်လေးက ဘယ်လိုဖြစ်ခဲ့ပါလဲ (ဘယ်လိုသုံးသပ်မိပါသလဲ)
.
(201) That’s great! The people are very kind but the weather is hot.
သိပ်ကောင်းပါတယ် ၊ လူတွေက သိပ်ကိုကြင်နာကြပါတယ် သို့သော်လည်း ရာသီဥတုကတော့ ပူပါတယ်
.
(202) Have you ever tried Myanmar food?
ခင်ဗျား မြန်မာအစားအစား စမ်းပြီးစားကြည့်ဖူးပါသလား
.
(203) Not yet, but I’ve heard about Mont-him-gar.
ခုထိတော့ စားမကြည့်ရသေးဘူး ၊ ဒါပေမယ့် မုန့်ဟင်းခါးအကြောင်း ကြားမိပါတယ်
.
(204) Mont-him-gar is very delicious. You should try it later.
မုန့်ဟင်းခါးက အရသာ သိပ်ရှိတယ် ၊ နောက်တော့ ခင်ဗျား စမ်းကြည့်သင့်တယ် (စားကြည့်သင့်တယ်)
.
(205) Do you like Myanmar food?
ခင်ဗျား မြန်မာ အစားအစာကို ကြိုက်ပါသလား
.
(206) I like hot food.
ကျနော် စပ်တဲ့ အစားအစာကို ကြိုက်တယ်
.
(207) I don’t like oily food.
ကျနော် ဆီများတဲ့ အစားအစာကို မကြိုက်ပါဘူး
.
(208) I’ll eat anything.
ကျနော် ဘယ်တစ်ခုမဆို တစ်ခုခုဆို စားပါတယ်
.
(209) I’m kind of a picky eater.
ကျနော်က အစားရွေးတဲ့သူ ကြေး(ဂျေး)များတဲ့သူ မျိုးပါ
(picky (adj) = choosy, fussy ဇီဇာကြောင်သော ၊ ကြေးထူသော)
.
(210) Fried food don’t agree with me.
ဆီနဲ့ကြော်ထားတဲ့ အစားအသာက်တွေက ကျနော်နဲ့ အဆင်မပြေပါဘူး
.
(211) What kind of food do you like?
ဘယ်လိုအစားအစာမျိုးကို ကြိုက်နှစ်သက်ပါသလဲ
.
(212) I’ll eat anything but oily food.
ဆီများတဲ့ အစားအသောက်ကလွဲလို့ ဘယ်တစ်ခုမဆို စားပါတယ်

Post a Comment

0 Comments

Close Menu