Ad Code

Responsive Advertisement

Telephone Expressions (3)

Win Naing Oo's photo.
Telephone Expressions (3)
…………………………….
(1) What number did you dial?
ခင်ဗျား ဘယ်နံပါတ်ကို ခေါ်တာပါလဲ
(ဖုန်းနံပါတ်မှားပြီးဝင်တာတယ်ထင်လို့ ပြန်မေးတာပါ)
.
(2) I’m afraid you have the wrong number.
အားနာပါတယ်ဗျာ ၊ ခင်ဗျား နံပါတ်မှားနေပါပြီ (ဖုန်းမှားနေပါပြီ)
.
(3) You’d better check the number again.
ခင်ဗျားရဲ့ နံပါတ်ကို ပြန်စစ်ကြည့်လျှင် ပိုကောင်းမယ် (ပြန်စစ်ပါဦး)
..
(4) I am sorry, we don’t have a Tom here.
ဝမ်းနည်းပါတယ် ၊ တွန်..ဆိုတဲ့သူ ဒီမှာ မရှိပါဘူး
(Tom ဆိုတာ ဘယ်သူလို့ သေချာမသိ ၊ မမြင်ဖူးလို့ “a” လေးထည့်ပေးထားတာ ၊ ဒါကြောင့် ..တွန်တစ်ယောက်လို့ မရေးဘဲ ..တွန်ဆိုတဲ့သူ.. လို့ ရေးလိုက်ပါတယ် ၊ Tom က သိတဲ့သူဆို “a” ပါတော့မှာ မဟုတ်ပါဘူး)
.
(5) There’s no one here by that name.
ဒီမှာ အဲဒီနာမည်နဲ့ တစ်ယောက်မျှ မရှိပါဘူး
.
(6) I must have the wrong number.
ကျနော် ဖုန်းနံပါတ် မှားတာပဲ ဖြစ်ရမယ်
(ဖုန်းခေါ်သူက သူ့ကိုယ်သူ မှတ်ချက်ချတာ ။ must ဟာ deduction လို့ခေါ်တဲ့ ကောက်ချက်ချတာလည်း သုံးလို့ရပါတယ်)
.
(7) The line is busy now.
အခု လိုင်မအားပါဘူး ၊ အလုပ်ရှုပ်နေပါတယ်
.
(8) Will you call again?
ခင်ဗျား နောက်တစ်ကြိမ်ပြန်ခေါ်မလား
.
(9) Will you hold on the line?
ခင်ဗျား လိုင်းမချပဲ ကိုင်ထားမလား
.
(10) I’ll call later.
ကျနော် နောက်မှ ပြန်ခေါ်ပါမယ်
.
(11) I’ll call again in 5 minutes.
နောက် ၅ မိနစ်မှာ ကျနော် နောက်တစ်ကြိမ် ထပ်ခေါ်ပါမယ်
.
(12) May I take a message for him?
ကျနော် သူ့အတွက် သတင်းစကားလေးတစ်ခု (ခင်ဗျားပြောတာတစ်ခုခု) ယူ/မှတ် ထားလိုက်ပါရစေ
.
(13) Would you like to leave a message?
တစ်ခုခု မှာထားခဲ့လိုပါသလား (အမှာစကားတစ်ခု ချန်ထားခဲ့လိုပါသလား)
.
(14) Can you give him a message for me?
ခင်ဗျားသူ့ကို ကျနော့်အတွက် အမှာစကားတစ်ခု ပြော ပေးနိုင်ပါမလား ၊ ပေး-ပေးပါ ။
(ဒါကကျ ဖုန်းခေါ်တဲ့သူက ဖုန်းနားထောင်သူဆီမှာ သူပြောချင်သူအတွက် message ကို ထားခဲ့ချင်တာ)
............................
မေတ္တာဖြင့်

Post a Comment

0 Comments

Close Menu