Ad Code

Responsive Advertisement

နေ့စဉ်သုံး အင်္ဂလိပ်စကားစုများ အပိုင်း (၃) Acuity English Language Center,

နေ့စဉ်သုံး အင်္ဂလိပ်စကားစုများ အပိုင်း (၃)
နေ့စဉ် အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားစု (Phrases) များကို ဆက်လက် ရေးသား လိုက်ပါသည်။ စကားစုပုံစံများကို အခြေခံမှ စတင်ကာ နေရာဒေသအလိုက် ပြောဆို သုံးနှုန်းနိုင်သော ပုံစံများကို အစီအစဉ်အလိုက် ရေးသားပါမည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။
Where are you? - မင်းဘယ်မှာလဲ
What's this? - ဒါက ဘာလဲ
What's that? - ဟိုဟာက ဘာလဲ
What's this called? - ဒါက ဘာခေါ်လဲ
Is anything wrong? - တစ်ခုခု လွဲနေလား/ မှားနေလား
What's the matter? - ဘာဖြစ်တာလဲ
Is everything OK? - အားလုံး အဆင်ပြေလား
Have you got a minute? - ခဏလောက် အချိန်ရမလား
Really? - တကယ်လား (အသံမြှင့်ပြောရန်လိုပါတယ်)
Are you sure? - မင်းသေချာလား
Why? - ဘာကြောင့်လဲ (အကြောင်းပြချက်ကို သိလိုသောအခါ မေးပါတယ်)
Why not? - ဘာကြောင့်မလုပ်တာလဲ/ လုပ်လိုက်လေ/ လုပ်ပါလားလို့
What's happening? - ဘာဖြစ်နေတာလဲ
What? - ဘာလဲ (အကြောင်းအရာတစ်ခုခုကို သိလိုသောအခါ မေးပါတယ်)
Where? - ဘယ်နေရာမှာလဲ (နေရာကို သိလိုသောအခါ မေးပါတယ်)
When? - ဘယ်အချိန်လဲ (အချိန်ကို သိလိုသောအခါ မေးပါတယ်)
Who? - ဘယ်သူလဲ (အမည်ကို သိလိုသောအခါ မေးပါတယ်)
How? - ဘယ်လိုလဲ (လုပ်ဆောင်ချက်ကို သိလိုသောအခါ မေးပါတယ်)
Why not? ကို အခြေအနေအပေါ်တွင် မူတည်ကာ ၃-မျိုးအသုံးပြုနိုင်ပါတယ်။ တစ်စုံတစ်ယောက် ကို တစ်ခုခုလုပ်ရန် ပြောသောအခါဖြစ်စေ၊ စေခိုင်းသောအခါ ဖြစ်စေ၊ မလုပ်ရန်ငြင်းဆိုသည့်အခါ ဘာကြောင့် မလုပ်နိုင်ကြောင်းသိလိုပါက why not? ကို အသုံးပြုနိုင်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ တစ်ခုခုလုပ်ဖို့ သဘောတူကြောင်း ပြောလိုသည့်အခါတွင်လည်း why not ကို အသုံးပြုနိုင်ပါတယ်။ နောက်ပုံစံတစ်မျိုးက တစ်ယောက်ကို ရင်းရင်းနှီးနှီး အကြံပေးလိုသောအခါ why not ကို ဝါကျရဲကအရှေ့မှာထားကာ အသုံးပြုနိုင်ပါတယ်။ ဥပမာ - Why not you read this book? (မင်းဒီစာအုပ် ကို ဖတ်ပါလားလို့)
Congratulations! - ဂုဏ်ယူပါတယ်
Well done! - ကောင်းတယ်၊ သာဓု
Good luck! - ကံကောင်းပါစေ
Never mind! - ကိစ္စမရှိပဘူး
What a pity! - နာလိုက်တာ (အခွင့်အရေးတစ်ခုခုကို လက်လွတ်ဆုံးရှုံး သည့်အခါ သုံးပါတယ်)
What a shame! - ရှက်စရာကြီး
Glad to hear it - ကြားရတာ ဝမ်းသာပါတယ်
Sorry to hear that - ကြားရတာ စိတ်မကောင်းပါဘူး
တစ်စုံတစ်ယောက်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုလိုသောအခါ Congratulations! ကို အသုံးပြု နိုင်ပါတယ်၊ အမြဲတမ်း ‘s’ ပါသည်ကို သတိပြုရပါမယ်။ shame ကဲ့သို့ပင် ရှက်တာကို shy ဆိုတဲ့ စကားလုံး တစ်လုံးရှိပါသေးတယ်၊ shame က အမှားလုပ်မိ၍ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ရှက်သည်ကို သုံးပါတယ်၊ ဥပမာ ကိုယ့်မောင်လေးကို စာမေးပွဲမှာ ဂုဏ်ထူးထွက်မယ်လို့ ကိုယ်က ကြွားထားတာ အောင်စာရင်းထွက်တော့ ကျသွားတယ်၊ အဲဒီလို အခြေအနေမျိုးမှာ What a shame! ကို သုံးနိုင်ပါတယ်။ သဘာဝအရ ရှက်တတ်တာကို shy နဲ့ သုံးပါတယ်။ ဥပမာ - I feel shy to go out without slipper.
I'm tired - မောတယ်
I'm exhausted - အရမ်းမောတယ်၊ ခြေကုန်လက်ပန်းကျတယ်
I'm hungry - ဗိုက်ဆာတယ်
I'm thirsty - ရေဆာတယ်
I'm bored - ပျင်းတယ်
I'm worried - စိတ်ပူတယ်
I'm looking forward to it - အဲဒါကို မျှော်လင့်တယ်
I'm in a good mood - စိတ်ကောင်းဝင်တယ်
I'm in a bad mood - ညိုငြင်တယ်
Bore ကို ပျင်းရိတယ်လို့ မြန်မာလို အဆင်ပြေအောင် ဘာသာပြန်ပေမယ့် တကယ်က ငြီးငွေ့တဲ့ သဘောလည်းပါဝင် ပါတယ်။ ပျင်းတယ်လို့ ပြောတဲ့အတွက် lazy နဲ့ အသုံးမှားတတ်ပါတယ်။ lazy ဆိုတာ က ဘာမှ မလုပ်ချင်ဘဲ သုံးမရအောင် ပျင်းတဲ့သဘောပါ၊ bore ကတော့ လုပ်စရာမယ်မယ်ရရ သိပ်မရှိတဲ့ အခါ ပျင်းတာမျိုး တစ်ယောက်ယောက် စကားအများကြီးပြောတာကို နားထောင်နေရတဲ့အချိန်မှာ ပျင်းလာတာ၊ ငြီးငွေ့လာတာမျိုးမှာ အသုံးပြုနိုင်ပါတယ်။
“လွယ်လွယ်ကူကူ အင်္ဂလိပ်စကား ပြောနိုင်ကြပါစေ … ”
အောင်ကိုဦး (UMK)
Be the Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu