Ad Code

Responsive Advertisement

ေအာင္ျမင္ေနသူမ်ားရဲ႕ အရည္အခ်င္း သုိ႔မဟုတ္ ဓေလ့စရိုက္

YoYarLay's photo.
ေအာင္ျမင္ေနသူမ်ားရဲ႕ အရည္အခ်င္း သုိ႔မဟုတ္ ဓေလ့စရိုက္
ေအာင္ျမင္ေနသူမ်ားလည္း ထမင္းစားတယ္။ သင္လဲ ထမင္းစားတယ္။ က်ဳပ္လည္း ထမင္းစားတယ္။ ဒါဆုိ ဘာမ်ား ကြာသလဲေပ့ါ။ လူခ်င္းတူေပမယ့္ ဥာဏ္ခ်င္းမွ မတူတာလို႔လည္း ေျပာၾကပါတယ္။ လက္ခံပါတယ္။ ဒါေပမယ့္ ေတာ္ျပီး ေအာင္ျမင္ေနအမ်ားစုရဲ႕ သာမန္လူနဲ႔ မတူတဲ့ ဓေလ့စရိုက္မ်ားကို သိထားေတာ့ ကိုယ္လည္း တစ္စံုတစ္ေယာက္ ျဖစ္လာႏိုင္တာေပါ့။ မိမိတို႔ အလုပ္မွာလည္း ကိုယ့္ထပ္ သာေနသူေတြ၊ ေတာ္ေနသူေတြ ေတြ႔ရပါလိမ့္မယ္။ သူတို႔ရဲ႕ ဓေလ့စရိုက္မ်ားက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
၁) အျပည့္အဝ တာဝန္ယူ၊ ျပီးေအာင္လုပ္တတ္သူ
အလုပ္တစ္ခု တာဝန္တစ္ခု ရလိုက္ျပီဆုိရင္ သူဟာ ယင္းအလုပ္တာဝန္ကို သူနဲ႔ သက္ဆိုင္တဲ့အပို္ငးကို အျပည့္အဝ ယူျပီးေတာ့ လုပ္ပါတယ္။ လုပ္ျပီဆုိရင္လည္း ဒါကို ျပီးေအာင္ လုပ္တယ္။ မလုပ္ခင္မွာကတည္းက "က်ေနာ္ဒါကို ေသခ်ာ ျပီးေအာင္ လုပ္ပါ့မယ္" ဆုိျပီးေတာ့ သတၱိရွိရွိ ေၾကညာ ေျပာတတ္သူ ျဖစ္ပါတယ္။
၂) အစံုသုပ္ မလုပ္
ဘမ္းစကားအရ အစံုသုပ္ဆုိေပမယ့္ အသုပ္သုပ္တာကို မဆုိလုိပါဘူး။ Multitasking မလုပ္တာကို ေျပာတာပါ။ အလုပ္တစ္ခုမွာ အာရံုစိုက္ေနတုန္း သူ အျခား အာရံု အဝင္မခံဘူး။ Facebook, Gmail နဲ႔ ဟာသဗီဒီယိုေလးေတြ၊ အက်ူဇယားေတြလည္း သူေမ့ထားတတ္တယ္။ ဘာလို႔လဲဆုိ သူ႔ေခါင္းထဲမွာ ဒီ အလုပ္တစ္ခု ပေရာဂ်က္ တစ္ခုျပီးေအာင္ လုပ္ကို လုပ္ရမယ္လို႔ ေခါင္းထဲ ဝင္ေနတယ္။ ဒါေၾကာင့္မို႔ အျခား လုပ္ခ်င္တာေလးေတြရွိရင္ေတာင္ Task ကို တစခုဆို တစ္ခုတည္း သူအာရံု ထားပါတယ္။
၃) အကူအညီကုိ အားမနာတမ္းျငင္းသူ
"သယ္ရင္းေရ.. ငါ့ကို ဒါေလး တစ္ခ်က္ေလာက္ကူညီပါအံုး" လို႔ လာအကူအညီေတာင္းရင္ သူမအားဘူး။ ေလာေလာဆယ္ ဒါေလး ပ်က္ေအာင္ လုပ္ေနလို႔ ဆုိျပီးေတာ့ ျငင္းလြတ္တတ္တယ္။ ေဘာ္ဒါေဘာ္ခ်က္ေတြကလည္း လာပါ၊ သြားရေအာင္ လာရေအာင္ အစရွိသျဖင့္လည္း ေခၚလိုက္မယ္။ အျခားေသာ အကူညီမ်ားလာရင္လည္း သူ႔အလုပ္ကို ပ်က္မယ္ထင္ရင္ အားနာစြာပဲ ျငင္းတတ္ပါတယ္။
၄) လူေတာ္ခ်င္း ေပါင္းတတ္သူ
အကယ္၍ သင္ဟာ အခန္းထဲမွာ အေတာ္ဆံုး ျဖစ္ေနရင္ သင္ဟာ အခန္းမွားထဲကို ေရာက္ေနပါတယ္တဲ့။ လူေတာ္၊ အလုပ္ၾကိဳးစား၊ ေရကုန္ေရခန္း လုပ္တတ္သူက သူတို႔လို လူေတြနဲ႔ပဲ ပိုေပါင္းျဖစ္ပါတယ္။ ပ်င္းရိထံုထိုင္းသူ၊ အလုပ္ ေရသာခိုသူေတြနဲ႔ အေပၚယံ ဆက္ဆံေရးအရ သူ စကားေတာ့ ေျပာလိမ့္မယ္။ ဒါေပမယ့္ အျပင္အတူထြက္တာတုိ႔၊ အတူ ေသာက္စားတာတို႔ သူေရွာင္လိမ့္မယ္။ အေၾကာင္းက သူဟာ လူေတာ္ခ်င္းေပါင္းမွ အေတြးအျမင္ေတြ တူတယ္။ ေျပာဆုိတာ တူတယ္။ အုိင္ဒီယာေတြ ဖလွယ္လုိ႔ရတယ္ေပါ့။ ပ်င္းေနသူတစ္ေယာက္ကို အားၾကဳိးမာန္တက္ရွိေနသူတစ္ေယာက္က အားၾကဳိးမာန္တတ္ သြားေျပာေနလို႔ စကား ေကာင္းမလာသလို၊ စကားတစ္ခုကုိ အေလးနက္ေျပာတဲ့အခါ တစ္ဖက္စကားက သူ႔အတြက္လည္း ေပါ့ေနတတ္ပါတယ္။
၅) စိတ္ခံစားခ်က္ကို ဖယ္ထားႏုိင္သူ
စိတ္ခံစားခ်က္ဆုိတာ ျပင္ပ ပေယာဂေၾကာင့္ ကိုယ္ဟာ စိတ္တုိ၊ စိ္တ္ဆုိးတာလည္းပါမယ္။ အလုပ္မွာ လုပ္ေနရင္း လုပ္ေဖာင္ကိုင္ဖက္ သုိ႔မဟုတ္ အထက္က လူေျပာလို႔ စိတ္ဆုိးတာလည္း ရွိမယ္။ ဒါေတြကို စိတ္ဆုိးျခင္း၊ ဝမ္းသာျခင္း၊ ဝမ္းနည္းျခင္း အစရွိသျဖင့္ စိတ္ခံစားခ်က္ emotion ကို ထုတ္တတ္သူမ်ား၊ ေဖာ္ျပတတ္သူမ်ား၊ ျပန္လည္ တံု႔ျပန္တတ္သူမ်ားဟာ အလုပ္မွာ အဆင္မေျပပါဘူး။ အဆင္ေျပရင္ေတာင္ ပိုအဆင့္ျမင့္တဲ့ level တစ္ခုေရာက္ဖို႔ ခက္ခဲပါတယ္။ ဘာလိ႔ုလဲဆုိ သူဟာ မရင့္က်က္ဘူး သုိ႔မဟုတ္ အလုပ္ထပ္ သူ႔ခံစားခ်က္ကို ဦးစားေပးသူ ျဖစ္တာေၾကာင့္ conflict of interest ျဖစ္တယ္လုိ႔ ျမင္လုိ႔ပါ။ Super achiever မ်ားကေတာ့ ယင္း emotion ကုိ ေခါင္းထဲက ထုတ္ထားျပီး အလုပ္ကို လုပ္တတ္ၾက ပါတယ္။
ေအာင္ခမ္း (ရိုးရာေလး)
Ref: mashable
(Unicode version)
အောင်မြင်နေသူများရဲ့ အရည်အချင်း သို့မဟုတ် ဓလေ့စရိုက်
အောင်မြင်နေသူများလည်း ထမင်းစားတယ်။ သင်လဲ ထမင်းစားတယ်။ ကျုပ်လည်း ထမင်းစားတယ်။ ဒါဆို ဘာများ ကွာသလဲပေါ့။ လူချင်းတူပေမယ့် ဥာဏ်ချင်းမှ မတူတာလို့လည်း ပြောကြပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် တော်ပြီး အောင်မြင်နေအများစုရဲ့ သာမန်လူနဲ့ မတူတဲ့ ဓလေ့စရိုက်များကို သိထားတော့ ကိုယ်လည်း တစ်စုံတစ်ယောက် ဖြစ်လာနိုင်တာပေါ့။ မိမိတို့ အလုပ်မှာလည်း ကိုယ့်ထပ် သာနေသူတွေ၊ တော်နေသူတွေ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ ဓလေ့စရိုက်များက အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁) အပြည့်အဝ တာဝန်ယူ၊ ပြီးအောင်လုပ်တတ်သူ
အလုပ်တစ်ခု တာဝန်တစ်ခု ရလိုက်ပြီဆိုရင် သူဟာ ယင်းအလုပ်တာဝန်ကို သူနဲ့ သက်ဆိုင်တဲ့အပ်ိုငးကို အပြည့်အဝ ယူပြီးတော့ လုပ်ပါတယ်။ လုပ်ပြီဆိုရင်လည်း ဒါကို ပြီးအောင် လုပ်တယ်။ မလုပ်ခင်မှာကတည်းက "ကျနော်ဒါကို သေချာ ပြီးအောင် လုပ်ပါ့မယ်" ဆိုပြီးတော့ သတ္တိရှိရှိ ကြေညာ ပြောတတ်သူ ဖြစ်ပါတယ်။
၂) အစုံသုပ် မလုပ်
ဘမ်းစကားအရ အစုံသုပ်ဆိုပေမယ့် အသုပ်သုပ်တာကို မဆိုလိုပါဘူး။ Multitasking မလုပ်တာကို ပြောတာပါ။ အလုပ်တစ်ခုမှာ အာရုံစိုက်နေတုန်း သူ အခြား အာရုံ အဝင်မခံဘူး။ Facebook, Gmail နဲ့ ဟာသဗီဒီယိုလေးတွေ၊ အကျူဇယားတွေလည်း သူမေ့ထားတတ်တယ်။ ဘာလို့လဲဆို သူ့ခေါင်းထဲမှာ ဒီ အလုပ်တစ်ခု ပရောဂျက် တစ်ခုပြီးအောင် လုပ်ကို လုပ်ရမယ်လို့ ခေါင်းထဲ ဝင်နေတယ်။ ဒါကြောင့်မို့ အခြား လုပ်ချင်တာလေးတွေရှိရင်တောင် Task ကို တစခုဆို တစ်ခုတည်း သူအာရုံ ထားပါတယ်။
၃) အကူအညီကို အားမနာတမ်းငြင်းသူ
"သယ်ရင်းရေ.. ငါ့ကို ဒါလေး တစ်ချက်လောက်ကူညီပါအုံး" လို့ လာအကူအညီတောင်းရင် သူမအားဘူး။ လောလောဆယ် ဒါလေး ပျက်အောင် လုပ်နေလို့ ဆိုပြီးတော့ ငြင်းလွတ်တတ်တယ်။ ဘော်ဒါဘော်ချက်တွေကလည်း လာပါ၊ သွားရအောင် လာရအောင် အစရှိသဖြင့်လည်း ခေါ်လိုက်မယ်။ အခြားသော အကူညီများလာရင်လည်း သူ့အလုပ်ကို ပျက်မယ်ထင်ရင် အားနာစွာပဲ ငြင်းတတ်ပါတယ်။
၄) လူတော်ချင်း ပေါင်းတတ်သူ
အကယ်၍ သင်ဟာ အခန်းထဲမှာ အတော်ဆုံး ဖြစ်နေရင် သင်ဟာ အခန်းမှားထဲကို ရောက်နေပါတယ်တဲ့။ လူတော်၊ အလုပ်ကြိုးစား၊ ရေကုန်ရေခန်း လုပ်တတ်သူက သူတို့လို လူတွေနဲ့ပဲ ပိုပေါင်းဖြစ်ပါတယ်။ ပျင်းရိထုံထိုင်းသူ၊ အလုပ် ရေသာခိုသူတွေနဲ့ အပေါ်ယံ ဆက်ဆံရေးအရ သူ စကားတော့ ပြောလိမ့်မယ်။ ဒါပေမယ့် အပြင်အတူထွက်တာတို့၊ အတူ သောက်စားတာတို့ သူရှောင်လိမ့်မယ်။ အကြောင်းက သူဟာ လူတော်ချင်းပေါင်းမှ အတွေးအမြင်တွေ တူတယ်။ ပြောဆိုတာ တူတယ်။ အိုင်ဒီယာတွေ ဖလှယ်လို့ရတယ်ပေါ့။ ပျင်းနေသူတစ်ယောက်ကို အားကြိုးမာန်တက်ရှိနေသူတစ်ယောက်က အားကြိုးမာန်တတ် သွားပြောနေလို့ စကား ကောင်းမလာသလို၊ စကားတစ်ခုကို အလေးနက်ပြောတဲ့အခါ တစ်ဖက်စကားက သူ့အတွက်လည်း ပေါ့နေတတ်ပါတယ်။
၅) စိတ်ခံစားချက်ကို ဖယ်ထားနိုင်သူ
စိတ်ခံစားချက်ဆိုတာ ပြင်ပ ပယောဂကြောင့် ကိုယ်ဟာ စိတ်တို၊ စိ်တ်ဆိုးတာလည်းပါမယ်။ အလုပ်မှာ လုပ်နေရင်း လုပ်ဖောင်ကိုင်ဖက် သို့မဟုတ် အထက်က လူပြောလို့ စိတ်ဆိုးတာလည်း ရှိမယ်။ ဒါတွေကို စိတ်ဆိုးခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အစရှိသဖြင့် စိတ်ခံစားချက် emotion ကို ထုတ်တတ်သူများ၊ ဖော်ပြတတ်သူများ၊ ပြန်လည် တုံ့ပြန်တတ်သူများဟာ အလုပ်မှာ အဆင်မပြေပါဘူး။ အဆင်ပြေရင်တောင် ပိုအဆင့်မြင့်တဲ့ level တစ်ခုရောက်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆို သူဟာ မရင့်ကျက်ဘူး သို့မဟုတ် အလုပ်ထပ် သူ့ခံစားချက်ကို ဦးစားပေးသူ ဖြစ်တာကြောင့် conflict of interest ဖြစ်တယ်လို့ မြင်လို့ပါ။ Super achiever များကတော့ ယင်း emotion ကို ခေါင်းထဲက ထုတ်ထားပြီး အလုပ်ကို လုပ်တတ်ကြ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
Ref: mashable

Post a Comment

0 Comments

Close Menu