Ad Code

Responsive Advertisement

ေရကူးကန္မွာ မ်က္စိနီတာ ကလိုရင္းေၾကာင့္ မဟုတ္၊ ရွဴရွဴး ေၾကာင့္သာ ျဖင့္

YoYarLay's photo.

ေရကူးကန္မွာ မ်က္စိနီတာ ကလိုရင္းေၾကာင့္ မဟုတ္၊ ရွဴရွဴး ေၾကာင့္သာ ျဖင့္
ေရကူးကန္မွာ ေရကူးသူမ်ား အေနနဲ႔ မ်က္စိမ်ား နီတယ္၊ စပ္တယ္ ဆုိျပီးေတာ့ ျဖစ္ၾကပါတယ္။ အမွန္ေတာ့ ယင္းဟာ ကလိုရင္းေၾကာင့္ မဟုတ္ပဲ urine လို႔ေခၚတဲ့ လူတို႔ရဲ႕ အေပ့ါသြားမွုေၾကာင့္ အဓိက ျဖစ္တာ ျဖစ္ေၾကာင္း အေမရိကန္မွ ေရာဂါ ရွာေဖြေရး သုေတသန အဖြဲ႔က ရွာေဖြ ထုတ္ျပန္ခဲ့ ပါတယ္။
ေရကူးကန္က ေရကို ယူျပီးေတာ့ ေသခ်ာ ဓာတ္ခြဲ ေလ့လာခဲ့ျခင္း ျဖစ္ျပီး ဘာကို ေလ့လာ ေတြ႔ရွိရသလဲ ဆုိေတာ့ ေရထဲက ကလိုရင္းထဲမ်ာ လူေတြ႔ရဲ႕ အေပါ့ နဲ႔ အျခားေသာ အညစ္အေၾကးမ်ား ရွိပါတယ္။ အျခားေသာ အညစ္အေၾကး ဆုိတာကလည္း လူေတြကေနပဲ လာတာပါ။ လူ႔ ခႏၶာကိုယ္က အျခားေသာ အညစ္အေၾကးမ်ား၊ တံေတြးမ်ားေၾကာင့္လည္း ျဖစ္ပါတယ္။ အဓိကကေတာ့ ယူရင္း လုိ႔ေခၚတဲ့ အေပါ့ေၾကာင့္ပါ။
Urine ဟာ ကလိုရင္းနဲ႔ ေပါင္းစပ္သြားတဲ့အခါ ဓာတု ျဖစ္စဥ္ ျဖစ္ေပၚျပီး လူေတြကို မ်က္စိနီျခင္း၊ မ်က္စိစပ္ျခင္း ျဖစ္ေပၚေစပါတယ္။ ဒါ့အျပင္ အျခားေသာ အေရအျပား ေရာဂါမ်ားကိုလည္း ျဖစ္ေစပါတယ္။ ဒါေၾကာင့္မုိ႔ ရွဴးမ်ားမ်ား ေပါက္ၾကဲ့ ကန္ျဖစ္ေလေလ မ်က္စိစပ္မွုႏွုန္း ပိုမ်ားေလေလ ျဖစ္ပါတယ္။ ကန္ကို ကလိုရင္း ေဆး နဲ႔ အျခား ေဆးမ်ား ခက္ရျခင္းက ကန္ထဲမွာ ယင္းကဲ့သုိ႔ ဗိုင္းရက္စ္နဲ႔ ပိုးမြႊားမ်ားကို သတ္ဖို႔ ျဖစ္ပါတယ္။ သူ႔ဟာနဲ႔သူဆုိရင္ ဘာမွ မျဖစ္ေပမယ့္ လူေတြရဲ႕ အညစ္အေၾကးနဲ႔ ေပါင္းတဲ့အခါ ဆုိးက်ိဳး ျဖစ္လာျခင္း ျဖစ္ပါတယ္။
ဒါေၾကာင့္မို႔ ကန္ေတြမွာ ေရကူးတဲ့အခါ မကူးခင္ ေရခ်ဳိးရန္ စည္းကမ္းထားျခင္း ျဖစ္ပါတယ္။ ျပီးေတာ့ ဝမ္းပ်က္၊ ဝမ္းေလွ်ာ ျဖစ္ေနသူမ်ား မကူးဖို႔လည္း တားျမစ္ပါတယ္။ ကန္ထဲမွာ အေပ့ါ၊ အေလးမ်ား သြားျခင္း မလုပ္ဖုွိ႔ တားျမစ္ပါတယ္။ ဒါ့အျပင္ ကန္ထဲက ေရကို မေသာက္ဖုိ႔လည္း တားျမစ္ပါတယ္။
ဒါေၾကာင့္မိ႔ု မိမိတို႔ အေနနဲ႔ ေရကူးတဲ့အခါ မကူးခင္ ေရခ်ဳိးျပီး အေပါ့၊ အေလးသြားခ်င္ပါက အိမ္သာသုိ႔ သြားတဲ့ အက်င့္ကို ျပုလုပ္ရန္ လိုအပ္ပါတယ္။ ကေနဒါမွာ ၅၀ ရာခိုင္ႏွုန္း ေက်ာ္ေသာ ေရကူးကန္ သြားသူတို႔ဟာ ကန္ထဲမွာ အေပါ့ သြားမိၾကေၾကာင္း ဝန္ခံထားပါတယ္။ ဒါေၾကာင့္မို႔ စာဖတ္သူမ်ားထဲမွာ ေရသြားကူးျဖစ္သူမ်ား အေနနဲ႔ ယင္းကဲ့သုိ႔ မွားယြင္းတဲ့ အျပဳမူမ်ားကို မျပဳလုပ္ၾကဖို႔ သတင္းေပး ေရးသားလိုက္ရပါတယ္။
.
Ref: CBS
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com
(Unicode version)
ရေကူးကန်မှာ မျက်စိနီတာ ကလိုရင်းကြောင့် မဟုတ်၊ ရှူရှူး ကြောင့်သာ ဖြင့်
ရေကူးကန်မှာ ရေကူးသူများ အနေနဲ့ မျက်စိများ နီတယ်၊ စပ်တယ် ဆိုပြီးတော့ ဖြစ်ကြပါတယ်။ အမှန်တော့ ယင်းဟာ ကလိုရင်းကြောင့် မဟုတ်ပဲ urine လို့ခေါ်တဲ့ လူတို့ရဲ့ အပေ့ါသွားမှုကြောင့် အဓိက ဖြစ်တာ ဖြစ်ကြောင်း အမေရိကန်မှ ရောဂါ ရှာဖွေရေး သုတေသန အဖွဲ့က ရှာဖွေ ထုတ်ပြန်ခဲ့ ပါတယ်။
ရေကူးကန်က ရေကို ယူပြီးတော့ သေချာ ဓာတ်ခွဲ လေ့လာခဲ့ခြင်း ဖြစ်ပြီး ဘာကို လေ့လာ တွေ့ရှိရသလဲ ဆိုတော့ ရေထဲက ကလိုရင်းထဲမျာ လူတွေ့ရဲ့ အပေါ့ နဲ့ အခြားသော အညစ်အကြေးများ ရှိပါတယ်။ အခြားသော အညစ်အကြေး ဆိုတာကလည်း လူတွေကနေပဲ လာတာပါ။ လူ့ ခန္ဓာကိုယ်က အခြားသော အညစ်အကြေးများ၊ တံတွေးများကြောင့်လည်း ဖြစ်ပါတယ်။ အဓိကကတော့ ယူရင်း လို့ခေါ်တဲ့ အပေါ့ကြောင့်ပါ။
Urine ဟာ ကလိုရင်းနဲ့ ပေါင်းစပ်သွားတဲ့အခါ ဓာတု ဖြစ်စဉ် ဖြစ်ပေါ်ပြီး လူတွေကို မျက်စိနီခြင်း၊ မျက်စိစပ်ခြင်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အခြားသော အရေအပြား ရောဂါများကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ရှူးများများ ပေါက်ကြဲ့ ကန်ဖြစ်လေလေ မျက်စိစပ်မှုနှုန်း ပိုများလေလေ ဖြစ်ပါတယ်။ ကန်ကို ကလိုရင်း ဆေး နဲ့ အခြား ဆေးများ ခက်ရခြင်းက ကန်ထဲမှာ ယင်းကဲ့သို့ ဗိုင်းရက်စ်နဲ့ ပိုးမွွှားများကို သတ်ဖို့ ဖြစ်ပါတယ်။ သူ့ဟာနဲ့သူဆိုရင် ဘာမှ မဖြစ်ပေမယ့် လူတွေရဲ့ အညစ်အကြေးနဲ့ ပေါင်းတဲ့အခါ ဆိုးကျိုး ဖြစ်လာခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကန်တွေမှာ ရေကူးတဲ့အခါ မကူးခင် ရေချိုးရန် စည်းကမ်းထားခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေသူများ မကူးဖို့လည်း တားမြစ်ပါတယ်။ ကန်ထဲမှာ အပေ့ါ၊ အလေးများ သွားခြင်း မလုပ်ဖုှိ့ တားမြစ်ပါတယ်။ ဒါ့အပြင် ကန်ထဲက ရေကို မသောက်ဖို့လည်း တားမြစ်ပါတယ်။
ဒါကြောင့်မို့ မိမိတို့ အနေနဲ့ ရေကူးတဲ့အခါ မကူးခင် ရေချိုးပြီး အပေါ့၊ အလေးသွားချင်ပါက အိမ်သာသို့ သွားတဲ့ အကျင့်ကို ပြုလုပ်ရန် လိုအပ်ပါတယ်။ ကနေဒါမှာ ၅၀ ရာခိုင်နှုန်း ကျော်သော ရေကူးကန် သွားသူတို့ဟာ ကန်ထဲမှာ အပေါ့ သွားမိကြကြောင်း ဝန်ခံထားပါတယ်။ ဒါကြောင့်မို့ စာဖတ်သူများထဲမှာ ရေသွားကူးဖြစ်သူများ အနေနဲ့ ယင်းကဲ့သို့ မှားယွင်းတဲ့ အပြုမူများကို မပြုလုပ်ကြဖို့ သတင်းပေး ရေးသားလိုက်ရပါတယ်။
.
Ref: CBS
အောင်ခမ်း (ရိုးရာလေး)

Post a Comment

0 Comments

Close Menu