Ad Code

Responsive Advertisement

သင်၏မွေးနေ့ရက်ကပြောသည့် သင့်အကြောင်း


စိတ်ဝင်စားဖို့ ကောင်းပါသည်။ 
  ပထမဦးစွာ သင်၏ မွေးလနှင့်မွေးရက်အား မည်သည့်အကောင်က ကိုယ်စားပြုသည်ကို ရှာဖွေရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင်၏ မွေးနေ့သည် မတ်လ ၂၅ ရက်နေ့ ဆိုပါစို့။ အောက်တွင် ဖော်ပြထားသည့် အချက်များထဲတွင် ရှာဖွေသောအခါ မတ်လ ၂၅ ရက်သည် ကြောင် ဟူ၍ တွေ့ရပါလိမ့်မည်။ ရှင်းလင်းချက်များမှ ကြောင်နှင့်ပတ်သက်၍ ရှင်းပြထားသည့် အချက်များကို ဖတ်ရှုပြီး သင်၏ အမူအကျင့်များ၊ အကျင့်စရိုက်များနှင့် တိုက်ဆိုင်မှုရှိမရှိ စစ်ဆေးနိုင်ပါသည်။

 ပျော်ရွှင်ဖွယ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။


ဇန်နဝါရီလ
၀၁ – ၀၉ ခွေး
၁၀ – ၂၄ ကြွက်
၂၅ – ၃၁ ခြင်္သေ့

ဖေဖော်ဝါရီလ
၀၁ – ၀၅ ကြောင်
၀၆ – ၁၄ ချိုးငှက်
၁၅ – ၂၁ လိပ်
၂၂ – ၂၈ ကျားသစ်နက်

မတ်
၀၁ – ၁၂ မျောက်
၁၃ – ၁၅ ခြင်္သေ့
၁၆ – ၂၃ ကြွက်
၂၄ – ၃၁ ကြောင်

ဧပြီ
၀၁ – ၀၃ ခွေး
၀၄ – ၁၄ ကျားသစ်နက်
၁၅ – ၂၆ ကြွက်
၂၇ – ၃၀ လိပ်

မေ
၀၁ – ၁၃ မျောက်
၁၄ – ၂၁ ချိုးငှက်
၂၂ – ၃၁ ခြင်္သေ့

ဇွန်
၀၁ – ၀၃ ကြွက်
၀၄ – ၁၄ လိပ်
၁၅ – ၂၀ ခွေး
၂၁ – ၂၄ မျောက်
၂၅ – ၃၀ ကြောင်

ဇူလိုင်
၀၁ – ၀၉ ကြွက်
၁၀ – ၁၅ ခွေး
၁၆ – ၂၆ ချိုးငှက်
၂၇ – ၃၁ ကြောင်

သြဂုတ်
၀၁ – ၁၅ မျောက်
၁၆ – ၂၅ ကြွက်
၂၆ – ၃၁ လိပ်

စက်တင်ဘာ
၀၁ – ၁၄ ချိုးငှက်
၁၅ – ၂၇ ကြောင်
၂၈ – ၃၀ ခွေး

အောက်တိုဘာ
၀၁ – ၁၅ မျောက်
၁၆ – ၂၇ လိပ်
၂၈ – ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ – ၁၆ ခြင်္သေ့
၁၇ – ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ – ၁၆ ခွေး
၁၇ – ၂၅ မျောက်
၂၆ – ၃၁ ချိုးငှက်

ရှင်းလင်းချက်များ

ခွေး

အကယ်၍ သင်၏မွေးရက်သည် ခွေးဖြစ်ပါက အလွန်သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံး၀ သံသယဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသားဖြောင့်မတ်ကာ အလုပ်ကို လေးစားသူဖြစ်ပြီး ပင်ကိုစိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်းရှိပြီး ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အဝတ်အစားများကိုရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူဖြစ်သဖြင့် ခေတ်ပေါ်အဝတ်အစား မဝယ်နိုင်သည့် အခါများတွင် စိတ်ဓာတ်ကျလေ့ရှိသည်။ ဘဝကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်းအသင်းများနှင့်သာ ပေါင်းသင်းလေ့ရှိသူလည်း ဖြစ်သည်။

ကြွက်

အကယ်၍ သင်၏ မွေးရက်သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်းသဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတစ်ယောက်ကစကားမှားပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူဖြစ်သည်။

ခြင်္သေ့

အကယ်၍ သင်၏မွေးရက်သည် ခြင်္သေ့ဖြစ်ခဲ့လျှင် သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလားနှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ရှိပြီး တင်းမာမှု အခြေအနေမျိုးကိုပါ လက်မခံတတ်သူဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင်ဗီဇရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်းအသင်းများအား အလုပ်တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံးသိမ်းသွင်းနိုင်သူလည်း ဖြစ်သည်။ သူတစ်ပါး၏ ချစ်ခင်မြတ်နိုးမှုကို လိုလားပြီး တစ်စုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူဂရုစိုက်တာထက် အဆပေါင်းများစွာ တုံ့ပြန်မှုပေးသည်။ စိတ်သဘောကောင်းလွန်းခြင်းကြောင့် အပေါင်းအသင်းများက မြှောက်ပင့်စေခိုင်းတတ်သည်ကို အထူး သတိပြုပါ။

ကြောင်

အကယ်၍ သင်၏ မွေးရက်သည် ကြောင်ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူဖြစ်သည်။ တစ်ခါတစ်ရံတွင် လိုအပ်သည်ထက်ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဉာဏ်ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက် နေရသည်များကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေစပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူလည်း ဖြစ်သည်။ ခေတ်မီ အဝတ်အစားများကိုနှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူတစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများနှင့် စကားပြောဆိုရန် ဝန်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေးပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

လိပ်

အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်းရှိသူဖြစ်သည်။ သင်၏ ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစ်စုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ဝန်လေးသူဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက်ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက်အကြောင်းကို နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။အရာရာမှာ ရက်ရောသူတစ်ဦး ဖြစ်သည်။

ချိုးငှက်

အကယ်၍ သင်၏ မွေးရက်သည် ချိုးငှက်ဖြစ်ခဲ့လျှင် သင်သည် ပျော်ရွှင်စွာ နေထိုင်တတ်လေ့ရှိပြီး ဘဝတွင် ကံကောင်းသူတစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်ခတ်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းတွင် ကိုယ့်ပျော်ရွှင်မှုများကို မျှဝေတတ်သူဖြစ်သည်။ အပေါင်းအသင်းများကြားတွင် ကိုယ်က ခေါင်းဆောင်ဖြစ်သည်။ မိတ်ဆွေများ အရေးကြုံတိုင်း နှစ်သိမ့်အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူများနှင့် ဝေးအောင်နေတတ်သည်။ လုပ်ငန်းခွင်တွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူးသတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူတစ်ဦး ဖြစ်သည်။

ကျားသစ်နက်

အကယ်၍ သင်၏ မွေးရက်သည် ကျားသစ်နက်ဖြစ်ပါက သင်သည် လျှို့ဝှက်တတ်သူတစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင်ဖိအားများ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိသည်။ တစ်ခါတစ်ရံတွင် အပေါင်းအသင်းများနှင့် အတင်းပြောရသည်ကို ဝါသနာပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့်ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေအချို့နှင့် ဆက်ဆံရေး ပျက်ပြားတတ်သည်။အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူဖြစ်သည်။

မျောက်

အကယ်၍ သင်၏ မွေးရက်သည် မျောက်ဖြစ်ပါက သင်သည် စိတ်မရှည်တတ်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင်ဖြစ်ပြီး အများ၏ အာရုံစိုက်မှုကို ခံယူလိုသူလည်း ဖြစ်သည်။ မိမိလုံခြုံမှုကို အထူးဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိအစွန်း ရှိလာပြီဆိုလျှင် လူတိုင်းကို လိုက်ပြီးဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ်ကိုမဆို မလုပ်ခင်ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမအာရုံ၏
 နှိုးဆော်မှုေုကြာင့်အန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်
သူများလည်း ဖြစ်သည်။
http://ayemyathersi.blogspot.comမှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu