Ad Code

Responsive Advertisement


YoYarLay's photo.

ဖုန်း မက်ဆေ့ ၀င်လာလို့ Mr. Smith ကြည့်လိုက်တော့ ဘေးအိမ်ကသူ ပို့လိုက်တာ ဖြစ်နေတယ်။
Nz (ရိုးရာလေး)
www.yoyarlay.com
(Unicode version)
ရိုးရိုးသားသား တောင်းပန်တယ်
ဖုန်း မက်ဆေ့ ၀င်လာလို့ Mr. Smith ကြည့့်လိုက်တော့ ဘေးအိမ်ကသူ ပို့လိုက်တာ ဖြစ်နေတယ်။
"ခင်ဗျား မိန်းမ (wife) ကို နေ့ရော၊ ညရော ကျွန်တော် သုံးနေတယ်။ ခင်ဗျား အိမ်မှာ မရှိတဲ့ အချိန်တွေဆို ခင်ဗျား လုပ်နေကျထက် ပိုလုပ်ဖြစ်တယ်။ အပြစ်ရှိတယ်လို့ ခံစားရတဲ့ အတွက် အခုလို ၀န်ခံရတာဖြစ်ပါတယ်။ ရိုးရိုးသားသား ၀န်ချ တောင်းပန်တာကို ခင်ဗျား ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်"
ဒီမက်ဆေ့ ဖတ်ပြီးချိန်မှာ Mr. Smith တစ်ယောက် နှလုံးရောဂါ ဖောက်ပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ ခဏကြာတော့ မက်ဆေ့ တစ်စောင် ထပ်ရောက်လာပြန်တယ်။ ဘေးအိမ်ကသူ ပို့လိုက်တာပဲ။
"တောင်းပန်ပါတယ် Mr.Smith ကျွန်တော် wifi ကို wife လို့ စာလုံးပေါင်း မှားသွားတယ်"
Credit : Laughing colours ၏ Story Of A Sincere Apology ကို ဇာတ်ကောင် နာမည် ဖြည့်စွက် ဖော်ပြခြင်းဖြစ်သည်။
Nz (ရိုးရာလေး)

Post a Comment

0 Comments

Close Menu