Ad Code

Responsive Advertisement

ေခြးသားစားျခင္းအား ပိတ္ပင္ရန္ ကမၻာက ေတာင္းဆုိမွု ျမင့္တက္

YoYarLay's photo.
ေခြးသားစားျခင္းအား ပိတ္ပင္ရန္ ကမၻာက ေတာင္းဆုိမွု ျမင့္တက္
(ေသြးထြက္သံယုိ ဓာတ္ပံုမ်ားပါသည္/ Content Warning)
တရုတ္ျပည္ ေတာင္အလယ္ပိုင္းေဒသက Yulin (ယုလင္) ျမိဳ႕မွာ ႏွစ္စဥ္ ယခုကာလမွာ ေခြးသားစားပြဲေတာ္ (Dog meat festival) ျပဳလုပ္ပါတယ္။ ႏွစ္စဥ္ ယင္း ပြဲေတာ္အေပၚ ဆန္႔က်င္တားဆီးမွုမ်ားေပမယ့္ ယခုႏွစ္ကေတာ့ အမ်ားဆံုး ျဖစ္ပါတယ္။
ယင္းသတင္းနဲ႔ ပက္သက္လို႔ ယခုတေလာ လူ Share မ်ားေနၾကေတာ့ သိတဲ့သူမ်ားလည္း သိျပီးသား ျဖစ္မွာပါ။ Dog meat festival ကို တရုတ္ျပည္ အစိုးရမွ တရားဝင္ ပိတ္ပင္ျခင္းက ယခင္ ႏွစ္ႏွစ္ေလာက္က စတင္ခဲ့ေပမယ့္ တရားဥပေဒ စုိးမိုးမွု နည္းေနပါေသးတယ္။ ဒါေၾကာင့္မို႔ ေခြးသားစား ပြဲေတာ္ဟာ ရပ္တန္႔မသြားေသးပဲ ဆက္ျဖစ္ေနပါတယ္။ Bonus အေနနဲ႔ ေၾကာင္မ်ား နဲ႔ အျခား အိမ္ေမြး တိရစၧာန္ အခ်ိဳ႕ေတာင္ ပါဝင္လိုက္ပါေသးတယ္။ ယင္းေဒသခံမ်ားရဲ႕ အယူအရ ေခြးသားစားျခင္းျဖင့္ စီးပြားတက္ေၾကာင္း၊ က်န္းမာေၾကာင္း အစရွိသျဖင့္ ယံုၾကည္ခ်က္ အမ်ိဳးမ်ိဳးမ်ားျဖင့္ စားသံုးေနျခင္း ျဖစ္ပါတယ္။
ယင္းကို အစုိးရ ဥပေဒ စိုးမုိးမွု နည္းေနတာေၾကာင့္ အျခားေသာ ေဒသနဲ႔ ယုလင္မွ ဆန္႔က်င့္သူမ်ားက သပိတ္ေမွာက္ျခင္း၊ ဆႏၵျပျခင္းတို႔ ျပဳလုပ္ပါတယ္။ ႏိုင္ငံတကာရဲ႕ ကူညီမွုမ်ားပါ ရွိလာျပီး ေခြးသားစားျခင္းကို ႏိုင္ငံေရးအရ အေရးယူ ပိတ္ဆုိ႔မွုမ်ား ရယူရန္ ကမၻာအႏွံ႔မွ ေခြးခ်စ္သူမ်ားနဲ႔ တိရစၧာန္ ထိန္းသိမ္းေရးအဖြဲ႔မ်ားက စတင္လာပါတယ္။ ဒါေၾကာင့္မို႔ Online Petition ျပဳလုပ္ထားျပီး ေထာက္ခံမဲ ေပးျခင္း ျပဳလုပ္ခ်င္ရင္ https://www.change.org/p/president-geun-hye-park-take-dog-c… မွာ ျပဳလုပ္ႏိုင္ပါတယ္။
မစားသင့္တဲ့ အစားအေသာက္ထဲမွာ ေခြးသားလည္း ပါဝင္ပါတယ္။ လူေတြဟာ တစ္ခ်ိန္တုန္းက အသားေပါင္းေျမာက္မ်ားစြာ စားသံုးတဲ့ အရိုင္းမ်ား ျဖစ္ခဲ့ျပီး စားသံုးရန္ အသားအမ်ိဳးအစား နည္းလာေလေလ ပုိျပီးေတာ့ ယဥ္ေက်းလာေလေလ ျဖစ္တယ္ဆုိတာကို အားလံုးလည္း ျမင္ေတြ႔ႏိုင္မွာ ျဖစ္ပါတယ္။ ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ပဲ စားစား ေခြးစားဆုိတာ မစားထိုက္ပါဘူး။ ျမန္မာျပည္ကေနလည္း တရုတ္ျပည္ကို ေခြးမ်ား ေရာင္းခ် ကုန္သြင္းတာမ်ိဳးေတြ ရွိပါတယ္။
ႏွစ္စဥ္ ေခြးေပါင္း တစ္ေသာင္းေက်ာ္မက ပြဲေတာ္တြင္ ေသဆံုးရေၾကာင္း သိရပါတယ္။
.
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com
(Unicode version)
ခွေးသားစားခြင်းအား ပိတ်ပင်ရန် ကမ္ဘာက တောင်းဆိုမှု မြင့်တက်
(သွေးထွက်သံယို ဓာတ်ပုံများပါသည်/ Content Warning)
တရုတ်ပြည် တောင်အလယ်ပိုင်းဒေသက Yulin (ယုလင်) မြို့မှာ နှစ်စဉ် ယခုကာလမှာ ခွေးသားစားပွဲတော် (Dog meat festival) ပြုလုပ်ပါတယ်။ နှစ်စဉ် ယင်း ပွဲတော်အပေါ် ဆန့်ကျင်တားဆီးမှုများပေမယ့် ယခုနှစ်ကတော့ အများဆုံး ဖြစ်ပါတယ်။
ယင်းသတင်းနဲ့ ပက်သက်လို့ ယခုတလော လူ Share များနေကြတော့ သိတဲ့သူများလည်း သိပြီးသား ဖြစ်မှာပါ။ Dog meat festival ကို တရုတ်ပြည် အစိုးရမှ တရားဝင် ပိတ်ပင်ခြင်းက ယခင် နှစ်နှစ်လောက်က စတင်ခဲ့ပေမယ့် တရားဥပဒေ စိုးမိုးမှု နည်းနေပါသေးတယ်။ ဒါကြောင့်မို့ ခွေးသားစား ပွဲတော်ဟာ ရပ်တန့်မသွားသေးပဲ ဆက်ဖြစ်နေပါတယ်။ Bonus အနေနဲ့ ကြောင်များ နဲ့ အခြား အိမ်မွေး တိရစ္ဆာန် အချို့တောင် ပါဝင်လိုက်ပါသေးတယ်။ ယင်းဒေသခံများရဲ့ အယူအရ ခွေးသားစားခြင်းဖြင့် စီးပွားတက်ကြောင်း၊ ကျန်းမာကြောင်း အစရှိသဖြင့် ယုံကြည်ချက် အမျိုးမျိုးများဖြင့် စားသုံးနေခြင်း ဖြစ်ပါတယ်။
ယင်းကို အစိုးရ ဥပဒေ စိုးမိုးမှု နည်းနေတာကြောင့် အခြားသော ဒေသနဲ့ ယုလင်မှ ဆန့်ကျင့်သူများက သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းတို့ ပြုလုပ်ပါတယ်။ နိုင်ငံတကာရဲ့ ကူညီမှုများပါ ရှိလာပြီး ခွေးသားစားခြင်းကို နိုင်ငံရေးအရ အရေးယူ ပိတ်ဆို့မှုများ ရယူရန် ကမ္ဘာအနှံ့မှ ခွေးချစ်သူများနဲ့ တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များက စတင်လာပါတယ်။ ဒါကြောင့်မို့ Online Petition ပြုလုပ်ထားပြီး ထောက်ခံမဲ ပေးခြင်း ပြုလုပ်ချင်ရင် https://www.change.org/p/president-geun-hye-park-take-dog-c…မှာ ပြုလုပ်နိုင်ပါတယ်။
မစားသင့်တဲ့ အစားအသောက်ထဲမှာ ခွေးသားလည်း ပါဝင်ပါတယ်။ လူတွေဟာ တစ်ချိန်တုန်းက အသားပေါင်းမြောက်များစွာ စားသုံးတဲ့ အရိုင်းများ ဖြစ်ခဲ့ပြီး စားသုံးရန် အသားအမျိုးအစား နည်းလာလေလေ ပိုပြီးတော့ ယဉ်ကျေးလာလေလေ ဖြစ်တယ်ဆိုတာကို အားလုံးလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲ စားစား ခွေးစားဆိုတာ မစားထိုက်ပါဘူး။ မြန်မာပြည်ကနေလည်း တရုတ်ပြည်ကို ခွေးများ ရောင်းချ ကုန်သွင်းတာမျိုးတွေ ရှိပါတယ်။
နှစ်စဉ် ခွေးပေါင်း တစ်သောင်းကျော်မက ပွဲတော်တွင် သေဆုံးရကြောင်း သိရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)


Post a Comment

0 Comments

Close Menu