Ad Code
Responsive Advertisement
YoYarLay's photo.
သင်ခန်းစာ -
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
(Unicode version)
အနမ်းတွေ ပြည့်နေတဲ့ ဗူးလေး
အသက် သုံးနှစ် အရွယ် ကလေးမ ငယ်လေးဟာ သူကိုယ်တိုင် အလှဆင်ထားတဲ့ ဗူးလေးကို အဖေ့ဆီ သွားပေးပါတယ်။ "ဖေကြီး.. ဖေကြီး အတွက် သမီးကို သမီး လက်ဆောင် ပေးချင်လို့ပါ" လို့ ဆိုပါတယ်။
အဖေဖြစ်သူဟာ ဗူးကို ဖွင့်လိုက်တော့ အထဲမှာ ဘာမှ မပါတာကို တွေ့တော့ စိတ်ပျက်သွားတယ်။ ပြီးတော့ သမီးငယ်လေးကို ပြောတယ်။
"လက်ဆောင်ပေးရင် ဘယ်တော့မှ ဘာမှ မပါတဲ့ ဗလာ မပေးရဘူး။ အထဲမှာ တစ်ခုခု ပါရတယ်" ဆိုပြီးတော့ စိတ်ပျက် လက်ပျက်နဲ့ ပြောပါတယ်။ ဒါနဲ့ ကလေးမလေးဟာလည်း ငိုမဲ့ ငိုမဲ့ မျက်နှာလေးနဲ့ အဖေဖြစ်သူကို ပြန်ပြောပါတယ်။
"အဲ့ဒါ ဗလာ မဟုတ်ဘူး။ သမီး အဲ့ဗူးထဲမှာ ဖေကြီးအတွက် အာဘွားတွေ အများကြီး ထည့်ပေးတာကို"
အဖေဖြစ်သူဟာ ယင်းကိုလည်း ကြားရလိုက်ရော ဝမ်းနည်း နောင်တရစွာနဲ့ပဲ ကလေးငယ်ကို ပြန်လည် ပွေ့ဖက်လို့ ချော့ပါတယ်။
သင်ခန်းစာ -
လူအချို့ဟာ ထိတွေ့ ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေပေါ်မှာ တပ်မက်၊ စွဲလမ်းနေကြတယ်။ တကယ်တန်း တန်ဖိုး ဖြတ်မရကြောင် ကြီးမားတဲ့ လက်ဆောင်တွေမှာ အချစ်၊ မေတ္တာ၊ အကြင်နာ၊ ဂရုဏာ၊ မုဒိတာ တရားတို့ ပါဝင်နေပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)
Post a Comment
0 Comments
Close Menu