Ad Code

Responsive Advertisement

ဆရာကြီး ဒေါက်တာမင်းသိင်္ခ၏တပည့်ရင်း ဆရာထွန်း ဆန်းဗေဒင် အင်္ဂ ၀ိဇ်ဇာ လက်ခဏာ ပညာရှင်

ဆရာထွန်း၏ ခုနှစ်ရက်သားသမီးများအတွက် အပတ်စဉ် ဗေဒင်ဟောစာတမ်း

5th June 2015 - 11 th June 2015

တနင်္လာနေ့
ဒီရက်အတွင်း အပြောင်းအလွဲရှိနေမည်။ အလုပ်ပြောင်းခြင်း၊ ဆုံးဖြတ်ချက် အသစ်တည်ဆောက်ခြင်းများ ဖြစ်ပေါ်မည်။
မိတ်ဆွေသစ်၊ လုပ်ငန်းသစ်တွေရရှိမည်။ ရင်ဆိုင်ရန် ရင်လေးနေသော ကိစ်စမှန်သမျှ သုံးသပ်ဖြေရှင်းရန် အကောင်းဆုံး အချိန်ဖြစ်သည်။
မိသားစုအလုပ်ကိစ်စ၊ ငွေကြေးကိစ်စများတွင် မိမိကိုယ်တိုင် ပါဝင်ပြောဆိုပြီး အကျိုးဖြစ်ထွန်းမည်။
လက်အောက်ငယ်သားအပေါ် စိတ်တိုင်မကျဘဲ ပြသာနာတက်တက်သည်။
ပြည်တွင်း ပြည်ပခရီးအဆင်ပြေမည်။
အလုပ်ကိစ်စဆောင်ရွေက်ရာတွင် အ၀ါရောက်ကို ၀တ်ဆင်သင့်သည်။
ကျန်းမာရေး။ ။ အာရုံကြော အားနည်းတက်သည်။
အချစ်ရေး  ။ ။ ခရီးသွားရင် ချစ်သူရတက်သည်။
ယတြာ။ ။ မိတ်ဆွေများကို လက်ဖက်သုပ်ကျွေးလိုက်ပါ။

အင်္ဂါ
ဒီရက်တွေအတွင်းမှာ လုပ်ကိုင်သမျှ စိတ်တွင်ဘ၀င်မကျဖြစ်နေမည်။
အခတ်အခဲ၊ အတိုက်အခံများကြားမှ မိမိ၏ ရည်မှန်းချက် အောင်မြင်မည်။
စိတ်ကူးယဉ်မှုထက် လက်တွေ့ ဘ၀ကပိုနေမည်။
ခရီးထွက်ရန် အကြံအစည်အောင်မြင်မည်။
ခရီးအဆင်ပြေမည်။ သတင်းကောင်း၊ ဧည့်သည်ကောင်းများ ရောက်လာမည်။
မိသားစုထဲမှ ရာထူးတိုးခြင်း၊ ၀င်ငွေတိုးခြင်းများ ဖြစ်ပေါ်မည်။
အလုပ်ကိစ်စဆောင်ရွက်ရာတွင် စတော်ဘယ်ရီရောင် ၀တ်ဆင်သင့်သည်။

ဗုဒ္ဓဟူး
ဒီရက်တွေအတွင်းမှာ အကောင်းနှင့်အဆိုး ဒွန်တွဲနေမည်။ အဆိုးဘက်များနေမည်။
ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်မျိုးလည်း ပေါ်ပေါက်လာတက်သည်။
ဒီအချိန်ဟာ လှုပ်လေမြှုပ်လေဆိုတဲ့ အချိန်မျိုးပါပဲ။
တက်နိုင်သမျှ နားနားနေနေ နေသင့်တဲ့ကာလပါပဲ။
အဖိုးတန် စက်ပစ်စည်း၊ ဆိုင်ခန်း၊ အိမ်မြေတွင် အရောင်းအ၀ယ် မလုပ်သင့်သေးဘူး။
ကြိတ်ပြီးငွေစုထားတာ လက်ထဲငွေရှိလာတာနှင့် ဆေးရုံ၊ ဆေးခန်းရောက်ပြီး ကုန်သွားတက်သည်။
ပညာရေးကိစ်စ၊ သင်တန်းကိစ်စတွေမှာလည်း ထင်သလောက် အဆင်မပြေဘူး။ ခဏယာယီ ခရီးထွက်လိုက်ပါ။
အလုပ်ကိစ်စ် သွားလာရာတွင် အဖြူရောင် ၀တ်ဆင်သင့်သည်။
ကျန်းမာရေး။ ။ သွေးတိုးရောဂါ ဖြစ်တက်သည်။
အချစ်ရေး ။ ။ ငယ်ရွယ်သူများအတွက်တော့ အချစ်ရေးမှာ ဘေးအနှောင့်အယှက် များနေတက်သည်။
ယတြာ။ ။ ဂုဏ်တော်(၉)ပါး ပုတီးစိပ်ပါ။ လိုရာဆုတောင်းပါ။

ကြာသာပတေး
ဒီရက်တွေအတွင်းမှာ စိတ်ဒုက်ခရောက်နေတဲ့အချိန်ဖြစ်သည်။
ဘာသာရေး များများ လုပ်ပေးပါ။
မိမိကူညီပေးခဲ့ဖူးသော လူများမှ ကျေးဇူးမဲ့သော အမူအကျင့် အပြေအဆို ခံရမည်။
မည်သည့်လုပ်ငန်းကို လုပ်ကိုင်နေသည်ဖြစ်စေ၊ တင်သလောက် အကျိုးအမြတ်မရရှိပေ။
ဝင်ငွေနှင့် ထွက်ငွေမျှပြီး ဦးနှောက်ခြောက်စရာ ကြုံတွေ့မည်။
အလုပ်ကိစ်စ ဆောင်ရွတ်ရာတွင် ဆင်စွယ်ရောင် ၀တ်ဆင်သင့်သည်။
ကျန်းမာရေး။ ။ ဖျားနားတက်သည်။
အချစ်ရေး။ ။ ချစ်သူအထင်လွဲပြီး လမ်းခွဲရမလိုဖြစ်သည်။
ယတြာ။ ။ ဘုရားတွင် အလင်းတိုင်မီး သက်စေ့ထွန်းညှိပူဇော်ပါ။ ဘာသာရေး အဆောင်အုံတွင် တံမြက်စည်းလှည်းပါ၊
သန့်ရှင်းရေးပြုလုပ်ပါ။

သောကြာ
ဒီရက်တွေအတွင်းမှာ လုပ်ဖော်ကိုင်ဖက်နှင့် စကားများတက်သည်။ အထူးသတိထားရမည်။
ယခင်ရက်များက မည်မျှပင် ၀င်ငွေကောင်းသည်။ အောင်မြင်မှုရသည် ဖြစ်စေကာမူ ဖြေရှင်းရခက်သော အခက်အခဲများနှင့် ကြုံတွေ့ရတက်သည်။
သူတစ်ပါး မနာလိုစွပ်စွဲခံရတက်သည်။ သူတစ်ပါးထံမှ ရရန်ရှိသော ငွေများ မရဘဲ မိမိပေးစရာရှိသော ငွေများကို အကြွေးတောင်းကြမည်။
ပညာရေးကိစ်စ အခက်အခဲ တွေ့နေမည်။
အလုပ်ကိစ်စ ဆောင်ရွက်ရာတွင် ကံကောင်းစေသောအရောင်မှာ ခရမ်းရောင်ဖြစ်သည်။
ကျန်းမာရေး။ ။ ရုတ်တရက် နှလုံးဖောက်ပြန်တက်သည်။
အချစ်ရေး။ ။ အချစ်အတွက် မိုက်ရူးရဲဆန်စွာ တဇွတ်ထိုး မလုပ်ပါနဲ့။
ယတြာ။ ။ မွေးနေ့ ညနေစောင်းတွင် ခွေးအစာကျွေးပြီး အခုက်အညံ့များ ပျောက်စေရန် ဆုတောင်းပါ။

စနေ
ဒီရက်တွေအတွင်းမှာ အလွန်ကံကောင်းနေမည်။ ဆုံးရှုံးခဲ့တာတွေ နစ်နာခဲ့တာတွေ အကြွှေးတွေ ပြန်ရတက်ပါသည်။
မိတ်ဆွေ သူငယ်ချင်းဟောင်းတွေနဲ့လည်း ပြန်ဆုံရတက်သည်။
ကာလအတန်ကြာ မေ့ထားသောကိစ်စ အဟောင်းတွေ ရည်းစားဟောင်း ချစ်သူဟောင်းတွေနဲ့ ပြန်ဆုံရမည်။
အမှုဖြစ်တက်သည်။ သူများ ပြသာနာ ကိုယ့်ပြသာနာ ဖြစ်တက်သည်။
အလုပ်ကိစ်စ ဆောင်ရွက်ရာတွင် ကံကောင်းစေသောအရောင်မှာ အပြာရောင်ဖြစ်သည်။
ကျန်းမာရေး။ ။ သွားနှင့်ပတ်သက်သော ရောဂါ ဖြစ်တက်သည်။
အချစ်ရေး။ ။ ချစ်သူအတွက် စိတ်ချမ်းသာနေမည်။
ယတြာ။ ။ အိမ်နီးချင်းများကို မုန့်ဖက်ထုပ်ဝေဌပါ။

တနင်္ဂနွေ
ဒီရက်တွေအတွင်းမှာ ဂီတအနုပညာရှင်သမားများ အထူးစန်းပွင့်ပြီး အောင်မြင်မှုရရှိသော အချိန်ဖြစ်သည်။
အိုးအိမ်နေရာ ထိုင်ခင်း ပြောင်းရွှေ့ရကိန်းရှိသည်။ ရေလမ်းခရီးထွက်ခြင်းရှောင်ပါ။ မမျှော်လင့်ဘဲ အကြွှေးဟောင်း ပြန်ရကိန်းရှိသည်။
တပည့် သားသမီးများအတွက် စိတ်အနှောက်အယှက်ဖြစ်မည်။
အင်္ဂါသားသမီးနှင့် အလုပ်တွဲလုပ်ပါက အောင်မြင်ကိန်းရှိမည်။
ကား၊ ဆိုင်ကယ်၊ တယ်လီဖုန်း ၀င်ကိန်းရှိသည်။
အလုပ်ကိစ်စဆောင်ရွက်ရာတွင် ပန်းရောင် ၀တ်ဆင်ပြီး ကံကောင်းခြင်းကို ရယူပါ။
ကျန်းမာရေး။ ။ ၀မ်းနှင့်ပတ်သက်သောရောဂါ ဖြစ်တက်သည်။
အချစ်ရေး။ ။ အိမ်ထောင်ဖက် ရွေးချယ်သင့်သောကာလ ဖြစ်သည်။ ချစ်သူရှိပြီးသူများ မိမိချစ်သူထံမှ လက်ထပ်ခွင့်တောင်းလာလိမ့်မည်။
ယတြာ။ ။ မိမိထက်ကြီးကဲသူကို ရေမွှေးလက်ဆောင်ပေးလိုက်ပါ။
http://www.burmeseclassic.com/baydin1.php မှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu