Ad Code

Responsive Advertisement

မိမိကိုယ်တိုင် လေ့လာသင်ယူရာတွင် သတိပြုစရာများ


          မိမိကိုယ်တိုင် self study ပြုလုပ်ရာတွင် မိမိ၏ အရည်အသွေး တိုးတက်စေရန် အတွက် အောက်ဖော်ပြပါ အချက် (၁ဝ) ချက်ကို အစီစဉ်တကျ လိုက်နာ ဆောင်ရွက် လေ့ကျင့်ခြင်းဖြင့် အမြန်ဆုံး တိုးတက် လာနိုင်ပါသည်။
၁။ အင်္ဂလိပ်ဘာသာစကား လေ့လာလိုသော အခါ Listening, Speaking, Reading, Writing စသည့် 4 Skills အနက်မှ မည်သည်ကို အဓိက ထားကာ အထူးပြုလေ့လာလိုသည်ကို သေသေချာချာ စဉ်းစားရပါမည်။)
၂။ အင်္ဂလိပ်ဘာသာစကား ကို မည့်သည့်အတွက်ကြောင့် လေ့လာရန် အရေးကြီးသည်၊ မိမိအလုပ်အတွက် မည်မျှ အရေးပါသည်။ မိမိ ဘယ်လောက်အထိ အချိန်ပေးနိုင်သည် များကို စဉ်းစားရပါမည်။ အင်္ဂလိပ်ဘာသာ စကား ကိုလေ့လာရာတွင် စာသင်ခန်းတွင် လေ့လာသင်ယူရုံဖြင့် မလုံလောက်ဘဲ စာသင်ခန်းပြင်ပတွင်လည်း ကိုယ်တိုင် လေ့ကျင့်ရန် လိုအပ်သည်ကိုလည်း သတိပြုရပါမည်။
၃။ အင်္ဂလိပ်ဘာသာစကား ကို လေ့လာသင်ယူပြီး ကိုယ်တိုင်လေ့ကျင့်ရန်အတွက် တစ်နေ့တာ အတွက် အချိန် မည်မျှပေးနိုင်သည်ကို ဆုံးဖြတ်ပါ။ အနည်းဆုံးတော့ တစ်နေ့ကို ၁၅ - ၂ဝ မိနစ်လောက်တော့ အချိန်ပေး သင့်ပါတယ်။ အချိန် နည်းနည်း ပေးကာ အကြိမ်ရေ များများ လေ့ကျင့်ခြင်းသည်လည်း အဆင်ပြေနိုင်ပါသည်။
၎။ မည်သည့် အကြောင်းအရာ (ဥပမာ - Listening, Speaking, Reading, Writing များအပြင် Grammar, Usage, Idiom, Vocabulary စသည်ဖြင့်) လေ့ကျင့်မည်ကို နေ့စဉ်၊ လစဉ် အစီအစဉ် ချမှတ်ရန် စဉ်းစားပါ။
၅။ မည်သည့် နည်းလမ်းဖြင့် သင်ယူရသည်ကို ပိုမို အဆင်ပြေကြောင်း မိမိကိုယ်ကို သုံးသပ်ပါ။ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုနိုင်ပါသည်။ လုပ်ရန်သာ အရေးကြီးပါသည်။
၆။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် မည်မျှ အထိ ရရှိရန် သင်ယူ လေ့ကျင့်မည်ကို တိတိကျကျ အစီအစဉ် ချမှတ်ကာ ဆောင်ရွက်ပါ။
၇။ သတ်မှတ်ထားသည့် အဆင့်တစ်ခု ပြီးဆုံးတိုင်း၊ သို့မဟုတ် အစီအစဉ်တစ်ခု အောင်မြင်အောင် ဆောင်ရွက်နိုင်တိုင်း မိမိကိုယ်ကို အားပေးချီးမြှောက်မှု ပြုလုပ်ပါ။
၈။ လေ့လာ သင်ယူ လေ့ကျင့်စဉ်ကာလ အတွင်း မိမိကိုယ်ကို တိုးတက်လာသည်၊ ကောင်းကောင်း လေ့ကျင့်နိုင်သည် ဟု တွေးထင်ထားပါ၊ မိမိကိုယ်ကို စိတ်ဓါတ် ခွန်အား မြှင့်တင်ခြင်းသည် လေ့လာသင်ယူ နယ်ပယ် အားလုံးတွင် အထောက်အကူ ပြုပါသည်။
၉။ မိမိ၏ သင်ယူလေ့ကျင့်မှု အတွက် မှတ်တမ်းစာအုပ် ထားရှိပါ၊ ၎င်းမှတ်တမ်းစာအုပ်တွင် “(က) ဘာကို လေ့လာ လေ့ကျင့်မယ်၊ (ခ) ဘယ်အချိန်မှာ လေ့လာ လေ့ကျင့်မယ်၊ (ဂ) ဘယ်လောက် လေ့လာ လေ့ကျင့် ပြီးတယ် စသည့် အချက်များကို ရေးမှတ်ပါ။
၁ဝ။ မိမိ၏ လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ပါ။ မည်သူမဆို ပထမဆုံး တစ်ကြိမ်တည်းဖြင့် ရရှိရန် ဖြစ်နိုင်ခြေ နည်းပါးပါသည်။ သို့သော် ထပ်ထပ်ခါခါ လေ့ကျင့်လျှင် ထိုက်သင့်သော skill ရရှိနိုင်ပါသည်။
စနစ်တကျ အစီအစဉ်များ ချမှတ်ထားသည့်အတိုင်း လေ့ကျင့်ကာ လေ့လာနိုင်ကြပါစေ ………”
အောင်ကိုဦး (UMK)
Be the Best !

Post a Comment

0 Comments

Close Menu