Tuesday, June 30, 2015

ဇူလှိုင်လ၂၆ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ ဆရာထွန်း၏ ခုနှစ်ရက်သားသမီးများအတွက် အပတ်စဉ် ဗေဒင်ဟောစာတမ်း


26th June 2015 - 02nd July 2015

တနင်္လာနေ့
ဒီရက်အတွင်းမှာ သင်အတော်ကံနိမ့်နေပါသည်။
လူပေါင်းမှားတက်သည်။
အလုပ်နေရာ၊ အိမ်နေရာ အပြောင်းအရွှေ့ဖြစ်တက်သည်။
ငွေးကြေးနှင့်ပတ်သက်သော ကစ်စ လိမ်ခံထိတက်သည်။
စိတ်မတည်ငြိမ် တွေဝေနေပြီး ဘာကိုမျှလုပ်ချင်စိတ်မရှိဘဲ အချိန်ကုန်နေမည်။
အလုပ်ကိစ်စဆောင်ရွေက်ရာတွင် မိုးပြာရောင်ကို ၀တ်ဆင်ပြီး ကံကောင်းခြင်းကို ရယူပါ။
ကျန်းမာရေး။ ။ သွေးတိုးရောဂါဖြစ်တက်သည်။ ကျန်းမာရေးဂရုစိုက်ပါ။
အချစ်ရေး  ။ ။ အချစ်ကံခေသောရက်များ ဖြစ်သည်။
ယတြာ။ ။ တနေ့တာဘုရားဖူးခရီး ထွက်ပေးပါ။ ခရီးသွားတဦးကို သောက်ရေဒါနပြုလိုက်ပါ။

အင်္ဂါ
ဒီရက်တွေအတွင်းမှာ ဘာမျှစိတ်မ၀င်စားဘဲ ယောင်တောင်တောင်ဖြစ်နေမည်။
စီစဉ်သမျှ လွဲချော်နေတက်သည်။
ဘာမဆို ခေါင်းအေးအေးထားပြီး လုပ်သင့်သော အချိန်ဖြစ်သည်။
လုပ်ငန်းသစ် နေရာသစ် အဆက်အသွယ်သစ်များ ပေါ်လာမည်။
ပညာရေး အထူးအောင်မြင်မည်။
နိုင်ငံခြားခရီးကိန်းရှိသည်။
ဘာကိစ်စမဆို စိတ်တိုင်းမကျ ဖြစ်သည်မှလွဲပြီး ဆိုးဆိုးဝါးဝါး မရှိပါ။
အလုပ်ကိစ်စဆောင်ရွက်ရာတွင် စတော်ဘယ်ရီ အရောင်ကို ၀တ်ဆင်သုံးစွဲခြင်းဖြင့် ကံကောင်းခြင်းကို ရယူပါ။
ကျန်းမာရေး။ ။ ခြေထောက်၊ ၀မ်းဗိုက် ဂရုစိုက်သင့်သည်။
အချစ်ရေး။ ။ အချစ်ပင်လယ်မှာ မုန်တိုင်းထန်တဲ့အချိန်မျိုးဖြစ်သည်။

ဗုဒ္ဓဟူး
ဒီရက်တွေအတွင်းမှာ လုပ်သမျှလွဲနေမည်။
စိတ်မရှည်စရာ၊ စိတ်တိုင်းမကျစရာ များနေမည်။
အထင်လွဲ စွပ်စွဲခံရမည်။
အပြောမှား အလုပ်မှား ဆုံးဖြတ်ချက်အမှားများ ဖြစ်တက်သည်။
အိမ်မကပ်ချင်တာ၊ အလုပ်မှာ စိတ်မ၀င် စားတာတွေဖြစ်တက်သည်။
တက်နိုင်သမျှ ငြိမ်ငြိမ်လေးနေသင့်သည်။
လုပ်ငန်းအသစ်စတင်တာမျိုး မလုပ်သင့်။
နေရာထိုင်ခင်းအတွက် စိတ်ညစ်ရမည်။
မိသားစုအတွက် စိတ်ညစ်ရမည်။
စာချုပ်စာတမ်းကိစ်စတွေမှာ ပြသာနာများ ရှုပ်ထွေးတက်သည်။
ငွေကံနိမ့်နေမည်။
အလုပ်ကိစ်စဆောင်ရွက်ရာတွင် ဆင်စွယ်ရောင် ၀တ်ဆင်သင့်သည်။
ကျန်းမာရေး။ ။ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။
အချစ်ရေး။ ။ ချစ်သူနှစ်ဦးကြား ပြသာနာအကြီးတွေ့ ဖြေရှင်းရတက်သည်။ အဆင်လွဲခံတက်သည်။
ယတြာ။ ။ ၁၄ ပဌာန်းဒေသနာတော်ကို ရွတ်ဖတ်နာကြားပါ။ မေတ်တာပို့ပါ။

ကြာသာပတေး
ဒီရက်တွေအတွင်းမှာ ရာထူးအပြောင်းအရွေ့ရှိသည်။
ဒေါသမထိန်းလို့ ပြသာနာကြုံမည်။
အိုးဟောင်း၊ အိတ်ဟောင်းရှိလျှင် စွန့်ပစ်လိုက်ပါ။
စကားကပ်ပြောတက်သောသူနှင့် ဆုံတက်သည်။
ဝက်တပ်ယာဉ်များ သတိထားကိုင်တွယ်မောင်းနှင်ပါ။
အင်္ဂါနေ့သားနှင့် စပ်တူလုပ်ငန်းများ တွဲလုပ်ပါ။
ရင်ဆိုင်နေရသော ပြသာနာတစ်ခု မိမိဘက်မှ ဆုံးရှံးရတက်သည်။
အလုပ်ကိစ်စဆောင်ရွက်ရာတွင် နီညိုရောင်ဝတ်ဆင်ပါ။
ကျန်းမာရေး။ ။ မျက်စိနှင့်ပတ်သက်သောရောဂါ ဖြစ်တက်သည်။ ဂရုစိုက်ပါ။
အချစ်ရေး။ ။ ချစ်သူအတွက် ဗျာများနေရမည်။
ယတြာ။ ။ ။ ဘုရားတွင် ခေါင်းလောင်း (၆)ချက်ထိုးပြီး လိုရာဆုတောင်းပါ။

သောကြာ
ဒီရက်တွေအတွင်းမှာ ငွေကြေးအမြောက်အများဝင်လာကိန်းရှိမည်။
အိုးအိမ်အသစ်ရမည်။
မိတ်ဆွေများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရတက်သည်။
တခါမျှမရောက်ဖူးသောနေရာများသို့ ခရီးသွားရကိန်းရှိသည်။
ရွှေထည်ပစ်စည်းဝင်မည်။
ညအိပ်ဧည့်သည်လက်မခံပါနှင့်။
အင်္ဂါသားသမီးတို့၏ အကူအညီကို ရမည်။
မမျှော်လင့်ဘဲ အဝေးစကားကြားရမည်။
အလုပ်ကိစ်စဆောင်ရွက်ရာတွင် အညိုရောင်ဝတ်ဆင်ပါ။
ကျန်းမာရေး။ ။ မျက်စိနှင့် ပတ်သက်သောဝေဒနာ ခံစားရမည်။
အချစ်ရေး။ ။ ချစ်သူနှင့်ခဏတာ ခွဲနေရတက်သည်။
ယတြာ။ ။ ကလေးများကို ငှက်ပျော်သီးဝေပေးလိုက်ပါ။

စနေ
ဒီရက်တွေအတွင်းမှာ ကံဇာတာအညံ့ရှိနေမည်။
ဘာပဲလုပ်လုပ် အရှုံးပေါ်နေမယ်။
စိတ်သွားတိုင်းကိုယ်ပါ တင်ရာမလုပ်သင့်သော ကာလဖြစ်သည်။
လုပ်ငန်းကိစ်စတွင် ငွေကြေးအရင်းအနှီးထည့်ဝင်ရန် မသင့်ချေး။
အစုရှယ်ယာလုပ်ငန်း၊ အကျိုးအမြတ်မရှိ အရှုံးပေါ်နေမည်။
ရရန်ရှိသောကြွေးဟောင်းများ ပြန်ရမည်။
ကွဲကွာနေသော ဆွေမျိုးမောင်နှမများ၏ သတင်းစကားကြားရမည်။
မိဘနှစ်ပါး၏လိုအပ်ချက်ကို ဖြည့်စွမ်းပေးပါ။
မိမိအားကူညီမည့်သူ ပေါ်လာမည်။
အလုပ်ကိစ်စဆောင်ရွက်ရာတွင် အဖြူရောင်ကို ၀တ်ဆင်ပါ။
ကျန်းမာရေး။ ။ ခေါင်းမူး၊ ခေါင်းကိုက်ဝေဒနာ ခံစားရတက်သည်။
အချစ်ရေး။ ။ အချစ်ရေးမှာ စိတ်ချမ်းသာရမည်။ လက်ဆောင်ပစ်စည်းများ ရတက်သည်။
ယတြာ။ ။ ဂုဏ်တော်(၉)ပါး ပုတီစိပ်ပါ။ မေတ်တာသုတ် ရွတ်ဆိုပါ။

တနင်္ဂနွေ
ဒီရက်တွေအတွင်းမှာ အလုပ်အတွက် ပင်ပန်းကြိုးမနပ်ဖြစ်မည်။
စိတ်မော၊ လူမောဖြစ်မည်။
ကျန်းမာရေးထိခိုက်မည်။
ငွေကြေးနှင့်ပတ်သက်ပြီး အတော်စိတ်ရှုပ်ရမည့် အချိန်ဖြစ်သည်။
နိုင်ငံခြားထွက်မည့်ကိစ်စ၊ လူမျိုးခြားနှင့် အလုပ်တွဲလုပ်ရမည့်ကိစ်စတွင် အောင်မြင်မည်။
ဆွေမျိုးများက နှိပ်စက်တက်ပြီး မိတ်ဆွေကောင်း ဆရာကောင်းများက ကူညီမည်။
အလုပ်ကိစ်စဆောင်ရွက်ရာတွင် နံ့သာရောင်ကို ၀တ်ဆင်သုံးစွဲခြင်းဖြင့် ကံကောင်းခြင်းကို ရယူပါ။
ကျန်းမာရေး။ ။ ခြေထောက်၊ ခါး ဒဏ်ရာရတက်သည်။
အချစ်ရေး။ ။ ငယ်ရွယ်သူများအဖို့ ချစ်သူနှင့် ရပ်ဝေးခွဲရတက်သည်။
ယတြာ။ ။ မိမိထက်ကြီးကဲသူကို ထီးတစ်ချောင်း လက်ဆောင်းပေးလိုက်ပါ။

ခုနှစ်ရက်သားသမီးများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများတို့ဖြင့် ပြည့်စုံကြပါစေလို့...
ကျိုက္ခမီသားလင်းနိုင်ဦး ဆန်ဒပြု ဆုတောင်းပေးလျက်....
http://www.burmeseclassic.com/baydin1.php မှ ပြန်လည်ရိုက်ကူး ဖော်ပြပေးလိုက်ပါတယ်..

0 comments:

Post a Comment